လက်သည်းပုံဖော်ရတာဝါသနာပါတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ မိန်းကလေးတိုင်းလိုလို သဘောကျကြမယ့် လက်သည်းဒီဇိုင်း ၉ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လက်သည်းပုံဖော်တဲ့အခါ ဒီလက်သည်းဒီဇိုင်းတွေကိုကြည့်ပြီး ပုံဖော်လို့ရတော့ ဒီဇိုင်းတွေ တကူးတက စဉ်းစားနေစရာ မလိုတော့ဘူးပေါ့။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အစိမ်းရောင်ကြိုက်တဲ့ မိန်းကလေးတွေ သဘောကျမယ်လို့ ထင်ပါတယ်။ ရှင်းရှင်းလေးနဲ့ အရမ်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းဆိုရင် ဒီဇိုင်းဆန်းပြီး လူငယ်လည်းဆန်တာကြောင့် လူငယ်တွေပိုပြီး သဘောကျမှာပါ။

အရုပ်ပုံလေးတွေ ဒီဇိုင်းဆွဲပုံဖော်ရတာမျိုး ကြိုက်တဲ့ မိန်းကလေးတွေအတွက်ပါ။ ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေး ဖြစ်ပါတယ်။

ပန်းရောင်လေးဖြစ်တဲ့အပြင် ပန်းပွင့်ပုံလေးတွေ၊ လိပ်ပြာပုံလေးတွေ ပုံဖော်ထားတာကြောင့် မိန်းကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ ရှုပ်ယှက်ခတ်နေတဲ့ ဒီဇိုင်းမျိုးတွေ မကြိုက်ရင် ဒီလိုလေး ပုံဖော်ကြည့်နော်။

ဒီဇိုင်းတွေပုံဖော်ဆွဲတာမျိုး သိပ်မလုပ်ချင်ရင် ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။ ကြည့်လိုက်တာနဲ့ ထင်းပြီးတော့ အရမ်းလှပါတယ်။

အရမ်းချစ်ဖို့ကောင်းပြီး ဒီဇိုင်းလည်းဆန်းနေတာမျိုးလေး ပုံဖော်ချင်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းကိုသာ ရွေးချယ်လိုက်ပါ။ အရောင်ကအစ အသားဆောင်ပြီး ငြိမ်တဲ့အရောင်လေးတွေပါ။

လူငယ်ဆန်ပြီး ဒီဇိုင်းဆန်းဆန်းလေးနဲ့လှတဲ့ နောက်ထပ်လက်သည်းဒီဇိုင်းလေးပါ။ အကြည်ဆိုးချင်ရင် ဒီလိုလေးပုံဖော်လို့ရတယ်နော်။

ဒီလက်သည်းဒီဇိုင်းဆိုရင် ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ ကိုယ်တိုင်တောင် အလွယ်တကူပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်းလေးပါ။

လက်သည်းဒီဇိုင်းကို အစုံပုံဖော်ချင်တာဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။ လူငယ်ဆန်ပြီး ဒီဇိုင်းလေးလည်း ဆန်းပါတယ်။