လူတွေအားလုံးဟာ ကျန်းမာပျော်ရွှင်ပြီး ပိုမိုအကျိုးရှိရှိနေထိုင်နိုင်ဖို့ နည်းလမ်းများကို ရှာဖွေနေကြလေ့ရှိပါတယ်။ တစ်ချို့အလေ့အကျင့်လေးတွေက ထူးထူးခြားခြားမဟုတ်ပေမယ့် သင့်ကို အများကြီးပြောင်းလဲစေနိုင်ပါတယ်။ ဒါကတော့ သင့်ဘဝကို ပြောင်းလဲစေမယ့် မနက်ခင်းအလေ့အကျင့် ၉ ခုပါ။ တစ်နေ့တာကို တတ်နိုင်သလောက် အကျိုးဖြစ်ထွန်းစေဖို့ မနက်ခင်းနိုးတဲ့အချိန်တွေမှာ ဒီအလေ့အထလေးတွေလုပ်ကြည့်ပါ။

နှိုးစက်နာရီကို အိပ်ယာကနေဝေးဝေးထားပါ

အများစုက နှိုးစက်မြည်လာတဲ့အခါ အသံပိတ်ပြီး ၅ မိနစ်လောက်ဖြစ်ဖြစ် ပြန်အိပ်တတ်ကြပါတယ်။ တခါတလေ ၅ မိနစ်ကနေ အကြာကြီးပြန်အိပ်မိရင် အရာရာ အစီစဥ်မကျဘဲဖြစ်ကုန်တော့မှာပါ။ ဒါကြောင့် နှိုးစက်ကို အိပ်ရာနဲ့ခပ်ဝေးဝေးမှာထားလိုက်ပါ။ ဒါမှ နာရီထပိတ်ဖို့ ထတဲ့အခါ တခါတည်းထပြီးသားဖြစ်သွားမှာပါ။

စာဖတ်ပါ

မနက်နိုးလာတဲ့အချိန် စာဖတ်တာက တစ်နေ့တာကို ဗဟုသုတနဲ့စတင်စေပြီး ကျန်ရှိတဲ့နေ့ကို စတင်ဖို့ လှုံ့ဆော်ပေးပါတယ်။

အိပ်ရာသိမ်းပါ

အိပ်ရာသိမ်းတာက အလုပ်ကိစ္စတစ်ခုလိုထင်ရပေမယ့် သင်လုပ်လိုက်တာနဲ့ မနက်ခင်းမှာ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင်ထားဖို့ ရိုးရှင်းပေမယ့် ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပြီး တစ်ခုခုကို ပြီးမြောက် သွားသလို ခံစားရစေမှာပါ။

တစ်နေ့တာ Schedule ဆွဲပါ

မနက်ခင်းမှာ သင်ပြီးမြောက်ချင်တဲ့အရာတွေအားလုံးကို စာရင်းပြုစုပြီး အလုပ်မှာပဲဖြစ်ဖြစ် ကိုယ်ပိုင်ဘ၀မှာပဲဖြစ်ဖြစ် ဦးစားပေးလုပ်ပါ။

ပြတင်းပေါက်များကိုဖွင့်ပါ

သဘာဝအလင်းရောင်နဲ့ လတ်ဆတ်တဲ့လေက လန်းဆန်းမှုကို ခံစားရစေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး တစ်နေ့တာရဲ့စိန်ခေါ်မှုများအတွက် သင့်ကို အဆင်သင့်ဖြစ်စေမှာပါ။

လေ့ကျင့်ခန်းလုပ်ပြီး ရေသောက်ပါ

မနက်ခင်းမှာ သင့်တစ်နေ့တာကို စတင်ဖို့အတွက် ရေနည်းနည်းလောက် သောက်ပေးပါ။ မနက်ခင်းမှာ လေ့ကျင့်ခန်းမလုပ်နိုင်ရင်တောင် အနည်းဆုံးတော့ အကြောဆန့်တာဘဲဖြစ်ဖြစ် ခန္ဓာကိုယ်ကို လှုပ်ရှားဖို့က တကယ်အရေးကြီးပါတယ်။

တစ်ချိန်တည်းမှာ ထပါ

မနက်ခင်းတိုင်း သင်အဆင်ပြေမယ့် အချိန်တစ်ခုသတ်မှတ်ပြီး ထပေးပါ။ ဘဝနေထိုင်မှုပုံစံနဲ့ ကိုက်ညီတဲ့ အချိန်ကို ရွေးချယ်တဲ့အခါ အလုပ်မသွားခင် ကြိုတင်ပြင်ဆင်ဖို့ အချိန်အလုံအလောက်ရှိဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အပြေးအလွှားသွားလာတာက တစ်နေ့တာရဲ့စိတ်ဖိစီးမှုကို ဖြစ်စေတာကြောင့်ပါ။

မနက်စာစားပါ

မနက်စာ ကောင်းကောင်းစားတာက ခန္ဓာကိုယ်ကို စွမ်းအင်မြင့်မားစေတဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေနဲ့ ဖြည့်ပေးတဲ့အတွက် အောင်မြင်တဲ့ မနက်ခင်းကို ပိုင်ဆိုင်ဖို့ အဓိကခြေလှမ်းတစ်ခုပါ။

ဖုန်းမသုံးပါနဲ့

နိုးလာလာချင်း ဖုန်းသုံးတဲ့အကျင့်ကို ပြင်ပါ။ မနက်စာစားရင်း တစ်နေ့တာ Schedule ဆွဲရင်း မနက်ခင်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ။