Mamamoo အဖွဲ့ဝင်တိုင်းက ကိုယ်ယုံကြည်ရာကို ဂရုမစိုက်ဘဲ လုပ်တတ်တဲ့ အရည်အချင်းရှိ အနုပညာရှင်တွေအနေနဲ့ နာမည်ကြီးပါတယ်။ ဒီထဲမှာ သူတို့ရဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ဝတ်ဆင်ပုံလည်း ပါဝင်ပါတယ်။ တချို့ Outfit တွေဆိုရင် ဝေဖန်သူတွေပါ ဘာမှမပြောနိုင်တော့တဲ့အထိ Sexy ကျလှပါတယ်။ အခုဖော်ပြထားတဲ့ Mamamoo အဖွဲ့ ဝင်တွေရဲ့ Outfit တွေက Sexy အဖြစ်ဆုံးအနေနဲ့ သတ်မှတ်ထားရတဲ့ Outfit တွေဖြစ်ပါတယ်။

2018 MAMA ဆုပေးပွဲက Hwasa ရဲ့ အနီရောင် ကိုယ်ကျပ် အင်္ကျီ

Solar ရဲ့ ဘောင်းဘီကြိုး မြင်နေရတဲ့ Outfit

ကြိုးမြင်နေရတဲ့ Solar ရဲ့ စတိုင်က ကြည့်လိုက်တာနဲ့ ဆွဲဆောင်အား မြင့်မားကြောင်း ခံစားမိစေပါတယ်။

Wheein ရဲ့ ဘောင်းဘီအတို

ဘောင်းဘီတိုတိုလေးတွေ ဝတ်လေ့ရှိတဲ့ Wheein က ပေါင်တံသွယ်သွယ်လေးတွေ မြင်ရတဲ့အချိန် အမိုက်ဆုံးပါပဲ။

Moonbyul ရဲ့ ဦးထုပ်နောက်ပြန်ဆောင်းတဲ့ စတိုင်

အများစု သိတာက Sexy ကျတဲ့ မိန်းကလေးအဖွဲ့ဆိုရင် အဖွဲ့ဝင်တိုင်း အသားဖော်ပြပြီး ဝတ်လေ့ရှိတယ်ဆိုတာပါ။ ဒါပေမဲ့ Moonbyul ကတော့ ဒါနဲ့ ကွဲပြားစွာ ကိုယ့်စတိုင်နဲ့ကိုယ် အထာကျလေ့ရှိပါတယ်။ ဒီဦးထုပ်နောက်ပြန် ဖက်ရှင်ဆိုရင် မိန်းမ မဆန်ဘူးလို့ ဝေဖန်သူတွေက ပြောခဲ့ပါသေးတယ်။

2018 SBS ပွဲက Hwasa

Hwasa က Lingerie-inspired Outfit ကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမဲ့ မိုက်လွန်းတာကိုတော့ ဘယ်သူမှ ငြင်းမရပါဘူး။

4season F/W Concert မှာတွေ့ရတဲ့ Solar

Solar က ဒီပွဲမှာ ဖျော်ဖြေရင်းနဲ့ သူမဝတ်ထားတဲ့ တီရှပ်ကို ဖြဲပစ်လိုက်တာပါ။

Suit ဝတ်စုံအပြည့်နဲ့ Moonbyul

မျှော်လင့်ထားသလို ဘယ်တော့မှ မလုပ်ပြတတ်တဲ့ Moonbyul ကို ခပ်မိုက်မိုက် Suit နဲ့ တွေ့ရမှာပါ။

Loco နဲ့ အတူတူ ဖျော်ဖြေတဲ့ပွဲမှာ တွေ့ရတဲ့ Hwasa

Loco နဲ့ ဖျော်ဖြေရတဲ့ ဒီပွဲမှာ ကိုယ်လုံးလှ Corset လို့ ယူဆရတဲ့ ဝတ်စုံနဲ့ Hwasa က အတိုလေး ဝတ်ခဲ့တာပါ။

4season F/W Concert က Solar

Solar က ဒီ Sexy ဝတ်စုံနဲ့ အတောက်ပဆုံး ဖြစ်နေတာကို မြင်ရမှာပါ။

Source: Koreaboo

By MyStyle Myanmar