ညိုချောဆိုတဲ့ စကားပဲ ရှိပါတယ်။ အသားညိုတဲ့ပျိုမေတွေရဲ့ အလှက အကြည့်ခံပြီး ဘယ်တော့မှ ကြည့်မဝတဲ့ အလှမျိုးပါ။ အသားညိုတယ်ဆိုပြီး ကိုယ့်ကိုကိုယ် အားငယ်စရာမလိုပါဘူး။ အသားအရေအရောင်ညီနေတယ်ဆိုရင် သူ့ပုံစံနဲ့ သူ ကြည့်လို့ကောင်းတာချည်းပါပဲ။ သင်က အသားညိုတဲ့မိန်းကလေးဆိုရင် တစ်ခါတလေ အရောင်ရွေးဝယ်ရတာတွေ စိတ်ကသိကအောက်ဖြစ်တတ်ပါတယ်။ ကိုယ်နဲ့ လိုက်ဖက်တာတွေကို သေချာလိုက်ရှာရပါတယ်။
ဒီတစ်ခေါက်မှာတော့ အသားညိုတဲ့ ပျိုမေတွေနဲ့ လိုက်ဖက်တဲ့ နှုတ်ခမ်းနီအရောင်တွေကို ဖော်ပြပါရစေ။
၁။ Copper Brown (အညိုအတောက်)

Copper Brown အရောင်အမျိုးအစားက အသားအရောင်တိုင်းနဲ့ လိုက်ဖက်ပြီး အညိုရောင်အသားအရေပိုင်ရှင်တွေနဲ့ သင့်တော်ပါတယ်။
၂။ အနီရောင်

အနီရောင်နှုတ်ခမ်းနီက ပျိုမေတိုင်းမှာရှိသင့်တဲ့ အရောင်တစ်ခုပါ။
၃။ Rose Pink (ပန်းနှင်းဆီရောင်)

နှင်းဆီရောင်တွေထဲကမှ နှင်းဆီပန်းရောင် နှုတ်ခမ်းနီက အသားညိုသူတွေနဲ့ လိုက်ဖက်ပါတယ်။
၄။ Taupe (ဘိလပ်မြေရောင်)

အသားညိုတဲ့ ပျိုမေတွေအနေနဲ့ မြေကြီးရောင်ဘက်သွားတဲ့ Taupe color ကိုလည်း စမ်းဆိုးကြည့်သင့်ပါတယ်။
၅။ Magenta

အနီရင့်ရောင်လို့လည်း ပြောလို့ရပါတယ်။ Magenta ရောင်က အရောင်ရင့်ဘက်ကိုသွားပါတယ်။
၆။ Fuchsia (ပန်းဆီရောင်)
၈။ Peach
မက်မွန်ရောင်ကတော့ အခုနောက်ပိုင်း ပျိုမေတွေကြား အကြိုက်များလာတဲ့ အရောင်တစ်ခုပါ။ အသားညိုတဲ့ပျိုမေတွေလည်း ဒီအရောင်ကို စမ်းသုံးကြည့်နိုင်ပါတယ်။
၉။ Nude

အရောင်ဖျော့ Nude Color ကလည်း အသားညိုတဲ့မိန်းမလှလေးတွေနဲ့ လိုက်ဖက်တဲ့ အရောင်တစ်မျိုးပါ။
Photo Source: Pinterest
By MyStyle Myanmar


