သီချင်းတွေက ကိုယ့် စိတ်စွမ်းအင်ကို အမျိုးမျိုး ပြောင်းလဲစေပါတယ်။ မြူးကြွတဲ့ သီချင်းတွေက သင့်ကို ပျော်ရွှင်စေပြီး သီချင်းအေးအေးတွေက သင့်ကို ဆွေးမြေ့စေပါတယ်။ ကိုးရီးယား သီချင်းအများစုကတော့ မြူးကြွပြီး နားထောင်သူကို အားအင် ဖြစ်စေပါတယ်။ အခုဖော်ပြထားတဲ့ သီချင်းတွေကတော့ နားထောင်သူ မိန်းကလေးတိုင်းကို စိတ်ဓာတ်မြှင့်တင်ပေးပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလာစေမယ့် သီချင်းတွေ ဖြစ်ပါတယ်။

၁။ BOA “Woman”

BoA ရဲ့ Woman သီချင်းမှာတော့ မိန်းကလေး တစ်ဦးရဲ့ ဖြစ်တည်မှုကို ပြောပြထားပါတယ်။ မိန်းကလေးတိုင်းမှာ ယုံကြည်မှုနဲ့ စိတ်ခွန်အား ရှိကြောင်း ဆိုထားတဲ့ သီချင်းပါ။

၂။ 2NE1 – “I Am The Best”

ငါက အကောင်းဆုံး ဆိုတဲ့ အဓိပ္ပာယ်ကြောင့် ကိုယ့်ကိုကိုယ် တန်ဖိုးထားမှု မြင့်တက်လာစေပါလိမ့်မယ်။

၃။ Sunmi – “Gashina”

ဘယ်လောက်ပဲ အခက်အခဲ ကြုံရပါစေ ပြန်တောက်ပနိုင်ကြောင်း၊ ပြန်ပွင့်လန်းနိုင်ကြောင်း အမှန်တရားတွေကို Gashina သီချင်းကနေ ရရှိပါလိမ့်မယ်။

၄။ GLAM – “I Like That”

Glam ရဲ့ သီချင်းမှာတော့ မိန်းကလေး တစ်ယောက်ဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ကြောင်း ၊ တစ်ယောက်တည်း ပျော်ရွှင်နိုင်ကြောင်း ပြောပြထားပါတယ်။

၅။ I.O.I – “Dream Girls”

I.O.I ရဲ့ ဒီသီချင်းမှာတော့ ဘယ်တော့မှ အရှုံးမပေးဖို့နဲ့ အိပ်မက်ပန်းတိုင် မရောက်မချင်း ဘယ်တော့မှ မရပ်တန့်ဖို့ အားပေးထားပါတယ်။

၆။ Jessi – “Ssenunni”

Unnie Jessi ရဲ့ Ssenunni ကလည်း သင့်ကို ဘယ်အရာနဲ့ပဲ ဖြစ်ဖြစ် ထိုက်တန်ကြောင်း လမ်းပြပေးနိုင်ပါလိမ့်မယ်။

၇။ ITZY – “Dalla Dalla”

Dalla Dalla သီချင်းမှာတော့ သူတို့က ထူးခြားကြောင်း၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိကြောင်းနဲ့ ဘာအတွက်မှ ကိုယ့်ကိုကိုယ် မပြောင်းလဲနိုင်ကြောင်း သင့်ကို သဘောပေါက်စေမှာပါ။

၈။ IU – “Twenty-Three”

အမျိုးသမီးတွေဟာ အသက်ကြီးလာလေ အသစ်အသစ် တွေကို ရှာဖွေနိုင်လေဆိုပြီး ပြောပြထားတဲ့ IU ရဲ့ သီချင်း ကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

၉။ BLACKPINK’s Jennie – “Solo”

Jennie ရဲ့ Solo သီချင်းမှာတော့ မကောင်းတဲ့သူနဲ့ တွေ့ရမှာထက် တစ်ယောက်တည်း နေရတဲ့ ဘဝက ပိုကောင်းကြောင်း ခွန်အားပေးထားပါတယ်။

သင့်အနေနဲ့ကော ဘယ် Kpop သီချင်းက သင့်ကို ခွန်အားဖြစ်စေလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

Source: Soompi

By MyStyle Myanmar