Kpop အဖွဲ့တိုင်းမှာ ပရိသတ်တွေသတိထားမိစေတဲ့ အမိုက်စားဆိုဟန်တွေနဲ့ Rappers အဖွဲ့ဝင်တွေ ပါဝင်ကြပါတယ်။ များသောအားဖြင့် သူတို့က Performance တိုင်းကိုပိုအသက်ဝင်အောင် လုပ်ပေးနိုင်တဲ့အပြင် တစ်ခါတစ်ရံမှာ ထင်မထားတဲ့ပုံစံတွေနဲ့လည်းဖျော်ဖြေတတ်ကြပါတယ်။ အခုပြောပြမယ့် Kpop Idols (၉) ယောက်ကတော့ အဖွဲ့ရဲ့ အဓိက Rappers နေရာကိုတာဝန်ယူထားပေမယ့် သီချင်းဆိုရာမှာ Vocalist တွေနည်းတူ ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်ကြတဲ့သူတွေပဲဖြစ်ပါတယ်။ Kpop ပရိသတ်တွေအနေနဲ့ အခုပြောပြမယ့် Idol တွေထဲမှာကိုယ် Bias ပါလာမလားကြည့်လိုက်ရအောင်နော်။

၁။ MONSTA X’s Joohoney

MONSTA X အဖွဲ့ရဲ့ Joohoney ဟာသူရဲ့Rap စွမ်းရည်တွေနဲ့ပရိသတ်တွေရဲ့စိတ်ကိုသိမ်းပိုက်နိုင်တဲ့သူ ဖြစ်ပါတယ်။ Joohoney ရဲ့ The King Of Mask Singer အစီအစဉ်မှာအသံပါဝါကောင်းကောင်းနဲ့ Vocalist တစ်ယောက်လိုဖျော်ဖြေနိုင်မှုက ပရိသတ်တော်တော်များများကို အံ့သြသွားစေခဲ့ပါတယ်။

၂။ (G)I-DLE’s Soyeon

Soyeon ကတော့ (G)I-DLE အဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး “Produce 101” ပြိုင်ပွဲပြိုင်စဉ်ကာလ ကတည်းက ဖျော်ဖြေမှုတိုင်းမှာတွေ့ရတဲ့ သူမရဲ့ Rap စွမ်းရည်နဲ့ Vocal အားကောင်းတဲ့သီဆိုနိုင်မှုတွေ ကြောင့်ပရိသတ်တွေရဲ့ချီးကျူးမှုကိုရရှိခဲ့သူပဲဖြစ်ပါတယ်။

၃။ Stray Kids’ Han

Stray Kids’ အဖွဲ့ရဲ့ Han ကတော့ စည်းချက်ကျပြီး အံ့သြစရာကောင်းလောက်အောင်မြန်တဲ့ Rap ရွတ် စွမ်းရည်တွေကြောင့် လူသိများတဲ့ Idol တစ်ယောက်ဖြစ်ပါတယ်။ Han ဟာ လတ်တလောမှာ သူ့ရဲ့“Kingdom: Lengendary War” အစီအစဉ်ကဖျော်ဖြေမှုတွေနဲ့အတူ Vocal နဲ့ Rap နှစ်မျိုးလုံးကို ပိုင်နိုင်တဲ့သူဖြစ်ကြောင်းပြသနိုင်ခဲ့ပါတယ်။

၄။ MAMAMOO’s Moonbyul

Kpop ပရိသတ်တော်တော်များများကတော့ MAMAMOO အဖွဲ့ရဲ့ အဖွဲ့ဝင်တိုင်းမှာ ထူးခြားပြည့်စုံတဲ့ အသံတွေရှိကြတယ်လို့သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် သူတို့အဖွဲ့ရဲ့ အဓိက Rapper ဖြစ်တဲ့ Moonbyul ဟာလည်း Rap အပိုင်းတွေအပြင် အချစ်သီချင်းချိုချိုအေးအေးလေးတွေနဲ့လည်းလိုက်ဖက်အောင် သီဆိုနိုင်တာကိုတွေ့ရမှာပါ။

၅။ BTOB’s MinHyuk

နောက်ထပ် Vocal အားကောင်းတဲ့အဖွဲ့ကတော့ BTOB ပဲဖြစ်ပါတယ်။ BTOB ရဲ့ Rapper တစ်ဦးဖြစ်တဲ့ MinHyuk ကလည်း ၂၀၁၄ ခုနှစ်ကတည်းက Cover သီချင်းတွေသီဆိုပြီး သူ့ရဲ့ Vocal ချိုချိုလေးကိုပရိသတ်တွေရှေ့ချပြနိုင်ခဲ့ပါတယ်။

၆။ Weekly’s Zoa

Zoa ကတော့ တက်သစ်စ Idol တစ်ယောက်ဖြစ်ပေမယ့် အရည်အချင်းတော်တော်များများပိုင်ဆိုင်ထားပြီး Main Vocalist တစ်ယောက်လိုသီဆိုနိုင်တဲ့ Weekly အဖွဲ့ရဲ့ Rapper မလေးဖြစ်ပါတယ်။

၇။ SEVENTEEN’s S.Coups

SEVENTEEN ရဲ့ခေါင်းဆောင်နဲ့ အဓိက Rapper နေရာကိုတာဝန်ယူထားတဲ့ S.Coups ရဲ့ Vocal စွမ်းရည်ကိုတော့ အဖွဲ့ရဲ့Vocalists တွေဖြစ်တဲ့ Jeonghan နဲ့ Joshua တို့နဲ့အတူသီဆိုထားတဲ့ “Ah! Love” ဆိုတဲ့သီချင်းမှုာတွေ့နိုင်ပါတယ်။

၈။ BLACKPINK’s Jennie

Jennie ကတော့ BLACKPINK အဖွဲ့ရဲ့ အဓိက Rapper အပြင် အဓိက Vocalist နေရာကိုပါတာဝန်ယူနိုင်တဲ့သူ ဖြစ်ပါတယ်။ သူမဟာ အဖွဲ့သီချင်းတွေနဲ့ တစ်ကိုယ်တော်သီချင်းတွေမှာ သီချင်းအေးနဲ့လိုက်ဖက်တဲ့ အသံချိုချိူလွင်လွင်အပြင် ပြတ်သားရှင်းလင်းတဲ့ Rap ရွတ်ဟန်တွေအထိ အလွယ်တကူပြောင်းလဲ သီဆိုနိုင်တဲ့သူဖြစ်ပါတယ်။

၉။ BTS’s J-Hope

နောက်ဆုံးတစ်ယောက်ကတော့ Kpop ပရိသတ်တိုင်းနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ BTS အဖွဲ့ရဲ့ အဆို၊ အက Talent မျိုးစုံကိုပိုင်ဆိုင်ထားတဲ့ အဖွဲ့ဝင် J-Hope ပဲဖြစ်ပါတယ်။ J-Hope မှာ Rapping အပြင် သီချင်းအေးအေးတွေနဲ့ လည်းလိုက်ဖက်တဲ့ အသံပါဝါမျိုးရှိတဲ့အတွက် BTS အဖွဲ့ဝင်အနေနဲ့ကော တစ်ကိုယ်တော် အနုပညာရှင် တစ်ယောက်အနေနဲ့ပါကောင်းကောင်းရပ်တည်နိုင်တဲ့အရည်အချင်းရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Source: Allkpop.com

By MyStyle Myanmar