အချစ်ရေးကိစ္စတွေက တစ်ခါတလေ ရှုပ်ထွေးပွေလီတတ်ပါတယ်။ သူက ကိုယ့်ကို တကယ်ချစ်ရဲ့လား အဖြေရှာရတာလည်း အလုပ်တစ်ခုပါပဲ။ သူက ကိုယ့်အပေါ် တကယ်ချစ်မချစ်ကိုတော့ ကိုယ် ကိုယ်တိုင်ပဲ သိမှာပါ။ ကိုယ်မျှော်လင့်သလောက် သူ့ဘက်က မပါလာလို့လည်း သင်က ဒီအကြောင်းအရာကို လာဖတ်တာပါ။ ဘယ်လို အချစ်ရေးပဲဖြစ်ဖြစ် ရည်းစားထားတယ်ဆိုရင်တော့ ကိုယ်က ဒီလူ့ဘဝအတွက် အရေးပါတဲ့သူမှန်း သိပြီးမှ ထားတာ ကောင်းပါတယ်။ မဟုတ်ရင် သင့်အချိန်တွေ သူ့အတွက် ပေးရတာ မတန်ပါဘူး။ ဒီတော့ သင်က သူ့ဘဝမှာ အရေးပါ မပါ ပေတံတစ်ခုနဲ့ တိုင်းတာနိုင်ဖို့ အချက်ပြချက်တွေကို ကြည့်လိုက်ရအောင်နော်-

၁။ သင်က သူ့ရဲ့ ဦးစားပေးမဟုတ်ဘူး

သူ့ရဲ့ လုပ်ရမယ့် အရာတွေထဲမှာ သင်က အမြဲ နောက်ဆုံးဖြစ်နေတတ်ပါတယ်။ သူ့ရဲ့ ဦးစားပေးစာရင်းထဲမှာ သင်မပါတာကို သင့်စိတ်ထဲက အလိုလို သိနေတတ်ပါတယ်။ သင်က ဒီအရာကို သိပြီး ခဏခဏ သက်ပြင်းချရတတ်ပါတယ်။

၂။ Quality Time မရှိဘူး

Quality Time ဆိုတာကတော့ သင်တို့ နှစ်ဦးရဲ့ တစ်နေ့တာ၊ အတွေ့အကြုံတွေကို အချင်းချင်း ရင်ဖွင့်တာ၊ အတူတူ ရယ်မောတာ၊ တိုင်ပင်ဆွေးနွေးတာ၊ နှစ်ယောက်အတူတူ ထူးခြားတဲ့ နေရာတစ်ခုမှာ အချိန်ဖြုန်းတာ စတာတွေ ပါဝင်ပါတယ်။ သင်တို့ နှစ်ဦးမှာ ဒီလို အချိန်တွေ မရှိသေးရင်တော့ သင်က စဉ်းစားသင့်နေပါပြီ။

၃။ သင်နဲ့ အဆက်အသွယ်သေချာမလုပ်ဘူး

သင်ကသာ သင့်တစ်နေ့တာတွေကို သူ့ဆီမှာ ပြောရတာ။ သူ့အတွက်ကတော့ ဒီလိုမဟုတ်ပါဘူး။ သူ့အကြောင်းတွေကို သိပ်ပြောပြလေ့မရှိဘဲ သူ့ခံစားချက်တွေကို မြိုသိပ်ထားတတ်ပါတယ်။ သင့်အပေါ် တကယ်ဦးစားပေးတဲ့သူဆိုရင် သူ့အကြောင်းကို ပြောပြဖို့တော့ လက်မတွန့်နေသင့်ပါဘူး။

၄။ သင်ကပဲ အမြဲစရတယ်

အချစ်ရေးဆိုတာ စုံတွဲကကွက်တစ်ခုလိုပါပဲ။ တစ်ချိန်မှာ တစ်ယောက်က ဦးဆောင်ပြီး နောက်တစ်ချိန်မှာ ကျန်တဲ့ တစ်ယောက်က တစ်လှည့်ဦးဆောင်ရပါတယ်။ သင်တို့ နှစ်ယောက်မှာတော့ သင်ကပဲ အမြဲ ဖုန်းခေါ်ရပါတယ်။ သင်ကပဲ စကားစပြောရပါတယ်။ သူ့ဘက်ကတော့ တိတ်နေတယ်ဆိုရင် သင်က ဦးစားပေးမဟုတ်သေးပါဘူး။

၅။ လူကြားထဲ အမြင်မခံဘူး

သင်နဲ့ အပြင်သွားရင်တောင် သူက လက်ကိုင်ဖို့ တွန့်တတ်ပါတယ်။ လူမြင်ကွင်းထဲလည်း သင့်ကို သိပ်ထုတ်မပြချင်ပါဘူး။ ဒါဆိုရင်တော့ ဒါက အကြီးစား Red Flag ပါပဲ။

၆။ သင့်ကို မလေးစားဘူး

သူက သင့်အပေါ် သိပ်ပြီး လေးစားမှု မရှိပါဘူး။ သင့်အတွက် သိပ်မတွေးပေးတတ်ပါဘူး။

၇။ သူက အမျိုးမျိုး ပြောင်းလဲနေတယ်

သင့်အပေါ် တကယ်စစ်မှန်တဲ့ သူက ဘယ်တော့မှ စိတ်ရှုပ်ထွေးစရာ စဉ်းစားစရာတွေ မပေးတတ်ပါဘူး။ အမြဲ တစ်သားတည်း၊ ပုံစံတစ်မျိုးတည်း ဖြစ်နေမှာပါ။ ဒါပေမဲ့ သူကတော့ သင့်အပေါ် ခဏနေ ကောင်းလိုက်၊ ခဏနေ တစ်မျိုးပြောင်းလိုက်ဖြစ်နေရင် သင်က သူ့ဦးစားပေး မဟုတ်သေးပါဘူး။

၈။ သင့်ဘဝကိုသူက စိတ်မဝင်စားဘူး

သင်နဲ့ တွေ့ရင် သင့်အကြောင်း သိပ်မမေးပါဘူး။ သင့်ဘဝမှာ ဘာတွေ ဖြစ်နေလဲ သူ့ခေါင်းထဲ သိပ်မထည့်ပါဘူး။

၉။ သင့်အပေါ် ပံ့ပိုးမှု မရှိဘူး

သင်လိုအပ်တဲ့အချိန် သူက သင့်အနားမရှိပါဘူး။ သင့်ပြဿနာတွေကို သင့်ဘာသင်ပဲ ဖြေရှင်းရတတ်ပါတယ်။ သူလိုချင်တဲ့ အချိန်မှ သင့်ဆီ လာတတ်ပါတယ်။

ဒီအချက်တွေနဲ့ တော်တော်များများ ကိုက်နေပြီဆိုရင်တော့ သင့်အနေနဲ့ သူနဲ့ ရှေ့ဆက် သင့်မသင့် ပြန်တွေးသင့်နေပါပြီ။ ဒီကမ္ဘာမှာ ဒီတစ်ယောက်ပဲ သင့်အတွက် ရှိတာ မဟုတ်ပါဘူး။ ရေကန်ထဲမှာ သင်ကြိုက်မယ့် ငါးလှလှလေးတွေ အများကြီး ရှိသေးတယ်ဆိုတာကို မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar