လူတိုင်းလူတိုင်းသည် နေ့စဉ်နှင့်အမျှ အလုပ်နှင့်လက်ပြတ်ရသည်ကိုမရှိလောက်အောင် အင်မတန်အလုပ်ရှုပ်နေကြပါတယ်။ အချိန်မပေးနိုင်သောကြောင့် လည်း ဈေးကွက်တွင်ရောင်းချနေသည့် အလှကုန်ပစ္စည်းများကိုမည်သို့မျှတွေးတောမနေဘဲငွေကုန်ကြေးကျခံ ဝယ်ယူအသုံးပြုနေကြခြင်းလည်း ဖြစ်ပါ တယ်။ တကယ်တမ်းမှာမိမိတို့အသုံးပြုနေသည့် ထိုအလှကုန်ပစ္စည်းများတွင် မိမိတို့အသားအရေ၊ ဆံကေသာ နှင့် ကျန်းမာရေးကို ဘေးထွက်ဆိုးကျိုးများ ရှိလာနိုင်သည့် ဓာတုအမျိုးအစားပေါင်းမြောက်မြားစွာပါဝင်နေပါတယ်။

ထို့ကြောင့် ငွေအကုန်အကျလည်းသက်သာကာ အိမ်ရှိပစ္စည်းများကိုအသုံးပြုကာ လွယ်တကူပြုလုပ်နိုင်သည့် နည်းလမ်းလေးအချို့ကို ဖော်ပြပေးလိုက် ရပါတယ်။

၁။ အဆီပြန်သောဆံပင်အတွက် သဘာ၀ Dry ခေါင်းလျှော်ရည်

တရက်ခြားတခါ ခေါင်းလျှော်ရခြင်းသို့မဟုတ် အဆီပြန်တတ်သောဦးရေပြားရှိခြင်း စသည့်အခြေအနေများ မိမိတွင် ဖြစ်ပေါ်နေပါက ခေါင်းလျှော်ရည်ကို မကြာခသုံးစွဲမည့်အစားယခုဖော်ပြမည့်နည်းလမ်းလေးကိုအသုံးပြုပေးနိုင်ပါတယ်။

သဘာဝပြောင်းမှုန့် ၂ ဇွန်းနှင့်တစ်ဝက်ကို လာဗင်ဒါ သို့မဟုတ် နှင်းဆီရည်ကဲ့သို့သောအဆီ ၃-၄ စက်ဖြင့် ပေါင်းစပ်ကာဦးရေပြားအပေါ်သို့ ညင်သာစွာလိမ်းပေးပါ။ ၅ မိနစ်ခန့်စောင့်ဆိုင်းပြီးနောက် ဘရက်ရှ်ဖြင့် ဖယ်ရှားပေးပါ။ ပြောင်းဖူးမှုန့်သည် ဦးရေပြားရှိ အဆီနှင့်အညစ်အကြေးအားလုံးကို စုပ်သွားပြီးဆံကေသာကိုသန့်ရှင်းလတ်ဆတ်နေစေမှာဖြစ်ပါတယ်။

၂။ သဘာဝဆားဝက်ခြံချွတ်ဆေး

မုန့်ဖုတ်ပေါင်ဒါသည် ပျက်စီးနေသောအသားအရေကိုသက်သာစေကာ ဆားဝက်ခြံနှင့် အတွင်းပိုင်းတွင်နစ်မြုပ်နေသည့်အညစ်အကြေးများကိုပါ ဖယ်ရှားပစ်နိုင်ပါတယ်။

မုန့်ဖုတ်ပေါင်ဒါတစ်ဇွန်းနှင့် ရေသန့်တို့ကိုပျစ်သည်ဆိုရုံလောက်မျှ ရောစပ်ကာ နှာခေါင်းပေါ်သို့လိမ်းပေးပြီး လုံးဝခြောက်သွားသည်အထိ ထားပေးပါ။ ၁၀-၁၅ မိနစ်ခန့်ထားပြီးနောက် ဆေးကြောသန့်စင်ပစ်နိုင်ပါတယ်။

၃။ သဘာဝသွားဖြူဆေး

မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သံပရာရည်လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ဖြင့် ပေါင်းစပ်ပြီးသွားပေါ်တွင်လိမ်းပေးပါ။ ၁-၂ မိနစ်ခန့်ထားပြီးနောက်ရေဖြင့်ဆေးပစ်ပါ။ နေ့စဉ်ပြုလုပ်ပေးပါကပိုမိုသန့်ရှင်းဖြူစင်သည့်သွားလေးများကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

၄။ သဘာဝအသားအရေတိုနာ

ရှားစောင်းလက်ပတ်အနှစ်သည် အသားအရေကိုရေဓာတ်ဖြည့်စွမ်းခြင်း၊ သန့်စင်ပေးခြင်း၊ စွမ်းအင်ဖြည့်တင်းပေးသည့် အကောင်းဆုံးသော သဘာဝပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်အနှစ်ကိုမျက်နှာနှင့်လည်ပင်းပေါ်သုတ်လိမ်းပြီး ၁၅ မိနစ်ခန့်လောက် ခြောက်သွားသည်အထိထားပေးပါ။ ထို့နောက် ရေနွေးနွေးဖြင့်မျက်နှာသစ်၍ ခြောက်သွားအောင် အသာအယာပုတ်ပေးပါ။

၅။ သဘာဝမိတ်ကပ်ဖျက်ဆေး

အုန်းဆီတစ်မျိုးရှိရုံဖြင့် မိတ်ကပ်ဖျက်ရန်အတွက် ပူစရာလိုတော့မည်မဟုတ်ပေ။ ထို့အပြင် အစိုဓာတ်ကိုပါပေးစွမ်းနိုင်ပြီး ဈေးကြီးပေးဝယ်ရသည့် မိတ်ကပ်ဖျက်ဆေးများကဲ့သို့ အသားအရေကိုခြောက်သွေ့နေစေမည်မဟုတ်ပေ။ မျက်နှာပေါ်တွင်ညင်သာစွာနှိပ်နယ်ပေးပြီးရေမဆေးချခင် ၁၀ မိနစ်ခန့်ထားပေးပါ။

၆။ မျက်တောင်နှင့် မျက်ခုံးမွေးသဘာဝအတိုင်းရှည်စေမည့်နည်းလမ်း

ဘေးထွက်ဆိုးကျိုးလည်းမရှိစေဘဲ သဘာဝအတိုင်းမျက်တောင်၊ မျက်ခုံးမွေးတို့ကိုရှည်စေနိုင်မည့် နည်းလမ်းရှိနေသရွေ့ အတုပစ္စည်းများကို အသုံးပြု နေစရာလိုတော့မည်မဟုတ်ပေ။ ကြက်ဆူဆီကိုမျက်တောင်၊ မျက်ခုံးမွှေးတို့အပေါ်တွင် မှန်မှန်လိမ်းခြယ်ပေးပါက ထူထဲရှည်လျားသည့်အသွင်ကို ရက်ပိုင်းအနည်းငယ်အတွင်းရရှိနိုင်မှာဖြစ်ပါတယ်။