သင်က သင်နဲ့ နေသားမကျတဲ့ ပတ်ဝန်းကျင်မှာဆိုရင် နေရတာ ကျဉ်းကျပ်သလိုလို၊ အနေခက်သလိုလို ဖြစ်တယ်ဆိုရင်တော့ သင်က အရှက်အကြောက်ကြီးသူလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် သင်က လူများတဲ့နေရာတွေကို သိပ်သွားချင်လေ့မရှိပါဘူး။ သင်က ရှက်တတ်သူဆိုရင် တစ်ခါတလေ အခွင့်အရေးတွေက သင့်ကို ကျော်သွားတတ်တာကြောင့် သင့်ကိုယ်သင် အားမရ ဖြစ်နေနိုင်ပါတယ်။ ဒီထဲမှာတော့ ကိုယ့်ရဲ့ ရှက်တဲ့စိတ်ကို ပယ်ဖျောက်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြထားပါတယ်။

၁။ သင့်ကို ရှက်ကြောက်စေတဲ့ အရာက ဘာလဲဆိုတာ လိုက်ရှာပါ

သင်က တစ်ယောက်တည်း နေတဲ့အချိန်ဆိုရင် ရှက်တတ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အပြင်ရောက်တဲ့အချိန်၊ သူစိမ်းနဲ့ စကားပြောရတဲ့ အချိန်ဆိုရင် သင်က မူမမှန်တော့ပါဘူး။ ဒီတော့ ဘယ်လိုအချိန်၊ ဘယ်လို အခြေအနေတွေက သင့်ကို ပိုရှက်စိတ် ဖြစ်စေလဲ စဉ်းစားသင့်ပါတယ်။

၂။ မကြာခဏ ပြုံးပါ

ရှက်တဲ့စိတ် မပြေရင်တောင် စိတ်ချမ်းသာနေဖို့ သင်က ပိုပြုံးသင့်ပါတယ်။ တစ်ခါတလေ သူစိမ်းတွေကိုတောင် ပြုံးပြနိုင်ပါတယ်။ သင်က ပြုံးနေသရွေ့ ဘယ်သူမှ သင့်အမှားတွေ၊ အားနည်းချက်တွေကို သိပ်မကြည့်ဖြစ်တော့ပါဘူး။

၃။ ဝါသနာ အသစ်တစ်ခုရှာပါ

ဝါသနာထဲကမှ လူအများနဲ့ ဆက်စပ်ရတဲ့၊ တွေ့ဆုံရတဲ့ ဝါသနာတစ်ခုကို ပြုစု ပျိုးထောင်ပေးသင့်ပါတယ်။ ဒီလို ဝါသနာရှာတာက သင်နဲ့ ဝါသနာတူတဲ့ သူတွေကို တစ်နေရာတည်းမှာ တွေ့နိုင်သလို နဂိုထက်လည်း အပေါင်းအသင်း ဆံ့လာပါလိမ့်မယ်။

၄။ သင့်ကိုယ်သင်နဲ့ တခြားသူကို မနှိုင်းယှဉ်ပါနဲ့

သင်က သူများနဲ့ သင့်ကိုယ်သင် နှိုင်းယှဉ်လေ သင့်ဘာသင် အားငယ်လေပါပဲ။ ဒါကြောင့် လူအများနဲ့ နှိုင်းယှဉ်ကာ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်နေတာထက် ကိုယ်က ထူးခြားတဲ့ လူတစ်ဦးဖြစ်ကြောင်း တွေးပေးသင့်ပါတယ်။

၅။ သင် အားနည်းတဲ့နေရာတွေကို ပိုဖိလုပ်ပါ

သင်ရှက်တတ်တဲ့ နေရာတွေ၊ အခြေအနေတွေကို တွေ့ရင် ဒီအရာတွေကို ပိုဖိလုပ်သင့်ပါတယ်။ သင် အားနည်းတဲ့ အလုပ်တစ်ခုခု ရှိရင် ဒီနေရာမှာ လိုတဲ့ဟာကို ဖြည့်စည်းကာ ပိုကြိုးစားသင့်ပါတယ်။ သင်က တဖြည်းဖြည်း လေ့ကျင့်ရင်း ပိုတော်လာရင် အရှက်အကြောက် နည်းလာပါလိမ့်မယ်။

၆။ သင့်ရဲ့ အားသာချက်တွေကို ရှာဖွေပါ

သင့်အားနည်းချက်တွေကို သိထားကာ ပိုကြိုးစားတာက ကောင်းသလို သင့်အားသာချက်တွေကိုပါ သိထားသင့်ပါတယ်။ ဒီလို သိထားမယ်ဆိုရင် သင့်ကိုယ်သင် တန်ဖိုးထားတတ်လာပါလိမ့်မယ်။ ကိုယ် မတော်တဲ့နေရာတွေမှာပဲ အာရုံမစိုက်ဘဲ ကိုယ်တော်တဲ့နေရာတွေအတွက်လည်း အာရုံစိုက်ပေးသင့်ပါတယ်။

၇။ ချဉ်းကပ်လွယ်သူ ဖြစ်ပါစေ

သင့်ရဲ့ ကိုယ်နေဟန်ထားကို အသုံးပြုကာ ခင်ဖို့ကောင်းတဲ့ သူတစ်ဦးအဖြစ် အသင့်ရှိနေသင့်ပါတယ်။ သင့်ကိုယ်သင် ရှက်တတ်တဲ့သူဆိုပြီး လူတွေ သိအောင် ကြေညာနေစရာ မလိုပါဘူး။ ပြုံးကာ မျက်လုံးချင်ဆိုင် ပြောသင့်ပြီး ကိုယ်နေဟန်ထားကို မှန်ကန်စွာ ထားသင့်ပါတယ်။

၈။ စိုးရိမ်မှုကို လျှော့ချပါ

စိုးရိမ်ကြောင့်ကြမှု များလေလေ သင့်ကိုယ်သင် ပိုရှက်တတ်လေပါပဲ။ ဒါကြောင့် ကိုယ့်မှာ ရှိတဲ့ စိုးရိမ်မှုတွေကို လျော့ပါးအောင် ကြိုးစားသင့်ပါတယ်။

၉။ သင့်ကိုယ်သင် ယုံကြည်ပါ

ဘယ်အရာမဆို သင်လုပ်နိုင်တယ်ဆိုပြီး ယုံကြည်မှု ရှိသင့်ပါတယ်။ ဒါ့အပြင် သင့်ကိုယ်သင် မလုပ်တတ် မကိုင်တတ်၊ တစ်ခုခုဆို ရှက်နေတယ်ဆိုပြီး အမြဲ ဂုဏ်မဖော်ဘဲ ကိုယ်လုပ်နိုင်တယ်ဆိုတဲ့ စိတ်ကို ပိုမွေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar