ပျိုမေတို့အားလုံးမင်္ဂလာပါ။ ခါးသေးသေးလေးတွေ ဗိုက်ချပ်ချပ်လေးတွေက ဘာဝတ်ဝတ် ကြည့်ကောင်းတာကို သင်သတိထားမိမှာပါ။ သင်က လက်ရှိဗိုက်ချပ်ဖို့ ကြိုးစားနေသူဆိုရင်တော့ ဒီအစားအသောက်တွေပါ တွဲဖက်စားသောက်ပေးသင့်ပါတယ်။ ဖော်ပြထားတဲ့ အစားအသောက်တွေ အားလုံးက ပရိုတင်းကြွယ်ဝပြီး အမျှင်ဓာတ်ပါဝင်မှုများပြားတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။

၁။ Chia Seeds

Chia Seeds တွေက အစာချေခြင်းဖြစ်စဉ်ကို မြန်ဆန်စေပြီး ဗိုက်ချပ်စေပါတယ်။ သင်စားတဲ့အစားအသောက်တွေထဲမှာ Chia Seed ကိုပါ ပါဝင်အောင် စားသုံးသင့်ပါတယ်။

၂။ ငရုတ်ပွသီး


ငရုတ်သီးက ဇီဝဖြစ်စဉ်ကို မြန်ဆန်စေတာကြောင့် ကယ်လိုရီလောင်ကျွမ်းစေပါတယ်။

၃။ ဘယ်ရီသီး


ဘယ်ရီသီးတွေက ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပြီး ကိုယ်ခံအားတက်စေပါတယ်။ အချိုမုန့်တွေ စားချင်တဲ့အချိန် ဘယ်ရီသီးကို အစားထိုး စားပေးနိုင်ပါတယ်။

၄။ ဟင်းနုနယ်ရွက်နဲ့ ကိုက်လန်ရွက်


ဟင်းနုနယ်ရွက်နဲ့ကိုက်လန်က ဗီတာမင် ကေ ကြွယ်ဝပြီး အယောင်အယမ်းကျစေပါတယ်။ ဗိုက်ချပ်စေပါတယ်။

၅။ ပဲနီလေး


ပဲနီလေးမှာ သံဓာတ်၊ အမျှင်ဓာတ်ပါဝင်ပါတယ်။ စွပ်ပြုတ်တစ်ခုခုမှာ ထည့်စားပေးသင့်ပါတယ်။

၆။ ကြက်ဥ


မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ပြီး ကြက်ဥစားပေးသင့်ပါတယ်။ ဒီလိုစားပေးတာက သင့်ခန္ဓာကိုယ်အတွက် အကျိုးဖြစ်စေပါတယ်။

၇။ ဒိန်ချဉ်


ဒိန်ချဉ်က ခန္ဓာကိုယ်အတွက် အသုံးဝင်တဲ့ ဘတ်တီးရီးယားတွေကို တိုးပွားစေပြီး ခါးသွယ်ဖို့ ကူညီပေးနိုင်ပါတယ်။

၈။ ခရမ်းချဉ်သီး


ခရမး်ချဉ်သီးမှာ အက်တီအောက်ဆီးဒင့်ကြွယ်ဝပြီး အမျှင်ဓာတ်ပါဝင်မှုများပါတယ်။ ခရမ်းချဉ်သီးစားပြီးနောက် ဗိုက်ပိုပြည့်နေသလို ခံစားရပြီး လွယ်လွယ်နဲ့ ဗိုက်မဆာတော့ပါဘူး။

၉။ မြေပဲ ထောပတ်


မြေပဲထောပတ်က အချိုကြိုက်တဲ့သင့်အတွက် အစားထိုး အစားအစာတစ်မျိုးဖြစ်နေမှာပါ။

အပေါ်မှာ ပြောထားတဲ့အစားအသောက်တွေအကုန်လုံးကို ညဘက်ဗိုက်ဆာတဲ့အချိန်လည်း စားနိုင်တာမို့ ကိုယ်ကြိုက်တဲ့အစားအသောက်ကို ဝယ်ထားပါလို့ တိုက်တွန်းပါရစေ။

Source: Allwomen’s talk

By MyStyle Myanmar