လူကြားထဲမှာ ဗောက်တွေ အင်္ကျီပေါ်ကျတာ ၊ ဉီးရေပြားယားတာတွေက တကယ် စိတ်အနှောက်အယှက်ဖြစ်ရတဲ့အရာတွေပါ။ ဒါကြောင့် ဒီလိုစိတ်ညစ်ရတဲ့ဗောက်တွေကို မီးဖိုချောင်မှာ ရှိပြီးသားပစ္စည်းတွေနဲ့ ဖြေရှင်းနိုင်မယ့် နည်းတချို့ကို ဝေမျှပေးလိုက်ပါတယ်။

1. Yogurt, Honey and Lemon Hair Pack

ဒိန်ချဉ် ခွက်တစ်ဝက်ကို သံပုရာရည် ၁ ဇွန်း ၊ ပျားရည် ၁ ဇွန်းနဲ့ရောပြီး သမအောင်မွှေပေးပါ။ ဦးရေပြားနဲ့ ဆံပင်ပေါ် လိမ်းပြီး နာရီဝက်လောက် ထားလိုက်ပါ။ ပြီးမှ Sulfate-free Shampoo နဲ့ လျှှော်ပေးပါ။ တစ်ပတ်လျှင် နှစ်ကြိမ် လျှော်ပေးပါ။

2. Green Tea and Peppermint Essential Oil Hair Pack

Green Tea တစ်ခွက်ကို ရှာလကာရည်အဖြူ ၁ ဇွန်း ၊ ငရုတ်ကောင်းမှုန့်နည်းနည်းထည့်ပြီး မွှေပေးပါ။ Shampoo နဲ့မလျှော်ခင် ရေစိုနေတဲ့ဆံပင်ပေါ်က်ို လောင်းပြီး ၅ မိနစ်လောက်ထားပြီး နှိပ်ပေးပါ။ ပြီးမှ Shampoo နဲ့ လျှှော်ပေးပါ။

3. Hibiscus and fenugreek hair pack

ပဲနံ့သာစေ့ ၁ ဇွန်းကို ညကတည်းက ရေစိမ်ထားပါ။ မနက်ကျ ရေစိမ်ထားတဲ့ ပဲနံ့သာစေ့ ၁ ဇွန်း၊ ခေါင်ရမ်းရွက် ၁၀ ရွက်ကို ဒိန်ချဉ် ခွက်တစ်ဝက်နဲ့ သမအောင်မွှေပေးပါ။ ဦးရေပြားအနှံ့ လိမ်းပြီး နာရီဝက်လောက်ထားလိုက်ပါ။ ပြီးမှ အပျော့စား Shampoo နဲ့ လျှှော်ပေးပါ။

4. Coconut oil therapy

အုန်းဆီ ၃ ဇွန်းလောက်ကို အပူပေးပြီး ဉီးရေပြားနဲ့ဆံပင်ကို လိမ်းပေးပါ။ ၁၅ မိနစ်လောက် နှိပ်ပြီးရင် နောက်ထပ် မိနစ် 30 လောက်ထားလိုက်ပါ။ ပြီးမှ အပျော့စား Shampoo နဲ့ လျှှော်ပေးပါ။

5. Avocado hair mask

ထောပတ်သီးမှည့်တစ်လုံးကို ပျားရည် ၂ ဇွန်း ၊ သံလွင်ဆီ ၂ ဇွန်းထည့်ပြီး ချေပေးပါ။ ဒါကို ဆံပင်နဲ့ ဦးရေပြားအနှံ့ လိမ်းပြီး ၄၅ မိနစ်လောက် ထားပေးပါ။ ပြီးမှ အပျော့စား Shampoo နဲ့ လျှှော်ပေးပါ။

6. Banana, honey and lemon hair pack

ငှက်ပျောသီးမှည့် ၂ လုံး ၊ သံပုရာရည် ၁ ဇွန်း ၊ ပျားရည် ၁ ဇွန်း ၊ သံလွင်ဆီ ၁ ဇွန်းထည့်ပြီး ချေပေးပါ။ ဒါကို ဦးရေပြားနဲ့ ဆံပင်ပေါ်မှာ လိမ်းပြီး နာရီဝက်လောက် ထားလိုက်ပါ။ ပြီးမှ အပျော့စား Shampoo နဲ့ လျှှော်ပေးပါ။

7. Fenugreek and lemon juice hair pack

ပဲနံ့သာစေ့ ၄ ဇွန်းကို ညကတည်းက ရေစိမ်ထားပါ။ မနက်ကျ ရေစိမ်ထားတဲ့ ပဲနံ့သာစေ့ ၄ ဇွန်းကို သံပုရာရည် ၁ ဇွန်းထည့်ပြီး သမအောင်မွှေပြီး ဦးရေပြားနဲ့ ဆံပင်ကို လိမ်းပေးပါ။ နာရီဝက်လောက် ထားပြီးမှ အပျော့စား Shampoo နဲ့ လျှှော်ပေးပါ။

8. Egg and yogurt hair pack

ပုံမှနဆံပင်ဆို ကြက်ဥ ၁ လုံး ၊ အဆီပြန်တဲ့ဆံပင်ဆို ကြက်ဥအကာ ၂ လုံး သို့မဟုတ် ခြောက်တဲ့ဆံပင်ဆို ကြက်ဥအနှစ် ၂ လုံးကို သံပုရာရည် ၁ ဇွန်း ၊ ဒိန်ချဉ် ၁ ခွက် ၊ သံလွင်ဆီ ၂ ဇွန်းထည့်ပြီး သမအောင်မွှေပေးပါ။ ဦးရေပြားနဲ့ ဆံပင်ပေါ်မှာ လိမ်းပြီး န မိနစ် 20လောက် ထားလိုက်ပါ။ ပြီးမှ အပျော့စား Shampoo နဲ့ လျှှော်ပေးပါ။