မိန်းကလေးတိုင်းအတွက် ဆံကေသာလှပမှုကလည်း အရေးပါတဲ့အရာတစ်ခုပါပဲ။ တကူးတက Treatment တွေသွားလုပ်ပြီး Care နေစရာမလိုပဲ ပုံမှန်အတိုင်းလေး အလွယ်တကူ ဂရုစိုက်ပေးလို့လည်း ရပါတယ်။ ဒါကြောင့် ဆံသားကျန်းမာပြီး လှပဖို့အတွက် ပုံမှန်ဂရုစိုက်ပေးသင့်တဲ့ Hair Care Tips 9 ခုကို မျှဝေပေးလိုက်ပါတယ်။

ပုံမှန်ခေါင်းလျှော်ပါ

ခဏခဏလည်း ခေါင်းလျှော်နေစရာမလိုသလို အကြာကြီးနေမှ ခေါင်းလျှော်တာမျိုးလည်း မလုပ်ရပါဘူး။ ခဏခဏလျှော်ရင်လည်း ဆံပင်ကျွတ်ပြီး ဆံသားဖွာတာတွေ ဖြစ်တတ်ပါတယ်။ မလျှော်တာကြာရင်လည်း ဆံသားပျက်စီးပါတယ်။ ပုံမှန် 5 ရက် တစ်ကြိမ်၊ 4 ရက် တစ်ကြိမ်လောက် လျှော်ပေးရင် ရပါပြီ။

Chemical Free Shampoo

အကောင်းဆုံးကတော့ Chemical Free ဖြစ်တဲ့ Shampoo တွေကို ရွေးသုံးပေးတာက ဆံသားကျန်းမာစေပါတယ်။ ဆံပင်ကျွတ်တာ၊ ဦးရေပြားယားယံတာ၊ ဦးရေပြား အဆီပြန်တာကိုလည်း ထိန်းပေးနိုင်ပါတယ်။ ပြီးရင် Conditioner ကောင်းကောင်းလေး သုံးပေးပါ။

ဆံပင်ကိုသဘာဝအတိုင်းအခြောက်ခံပါ

Dryer မှုတ်တာက ဆံသားပျက်စီး ခြောက်သွေ့စေတယ်၊ ဆံပင်ကျွတ်စေတယ်၊ ဖွာစေတယ်၊ နှစ်ခွဖြစ်စေပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ခေါင်းလျှော်ပြီးရင် Towel နဲ့ သေချာသုတ်ပြီး သဘာဝအတိုင်း အခြောက်ခံတာက အကောင်းဆုံးပါပဲ။

Hair Oil သုံးပါ

Hair Oil မသုံးရင် ကြည့်လိုက်တာနဲ့ ဆံသားတောက်ပြောင်နေတာမျိုး မရှိပဲ ဖွာပြီး ခြောက်နေမှာပါ။ ဆံပင်တွေငြိလွယ်ပြီး ကျွတ်တာမျိုးလည်း ဖြစ်စေပါတယ်။ ဒါကြောင့် Hair Oil ပုံမှန်သုံးပေးပါ။

ဘီးကြဲနဲ့ဖြီးပါ

ခေါင်းဖြီးတဲ့အခါမှာ ဘီးစိတ်လေးတွေနဲ့ မဖြီးပါနဲ့။ ဆံပင်ရှုပ်ပြီး ငြိတာ၊ ကျွတ်တာ၊ ဆံသားနာတာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ဘီးကြဲနဲ့ပဲဖြီးပါ။

ဆံပင်နှစ်ခွဖြစ်တာတွေကိုပုံမှန်ညှပ်ပါ

ဆံပင်နှစ်ခွဖြစ်နေတာတွေကို မညှပ်ရင် နှစ်ခွတွေ ပိုများလာပြီး အဖျားရှုးတာ၊ ဆံပင်အဖျားပျက်စီးတာတွေ ဖြစ်ပါမယ်။ ပြီးရင် ဆံပင်အရှည်လည်း နှေးလာမှာပါ။ ဒါကြောင့် ဆံပင်နှစ်ခွဖြစ်တာတွေကို ရှင်းထုတ်ဖို့ ဆံပင်အဖျားတွေကို 2 လ တစ်ကြိမ်စီ ညှပ်ပေးပါ။

ရေများများသောက်ပါ

Hydration ကလည်း ဆံသားကျန်းမာဖို့အတွက် အရေးပါတဲ့အရာတစ်ခုပါပဲ။ ဒါကြောင့် ရေကို အနည်းဆုံး တစ်နေ့ကို 3 လီတာ သောက်ပေးပါ။

Healthy ဖြစ်တာတွေစားပါ

အစားအသောက်ကလည်း ဆံသားအတွက် အရေးပါတဲ့အရာပါပဲ။ ကြက်ဥ၊ ဘယ်ရီသီး၊ ငါး၊ အခွံမာသီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ ကန်စွန်းဥ စတာတွေကို များများစားပေးတာက ဆံသားကျန်းမာစေပါတယ်။

ဦးထုတ်ဆောင်းပါ

နေပူထဲထွက်တဲ့အခါမှာ ဆံသားပျက်စီးတာမျိုးမဖြစ်အောင် ဦးထုပ်ဆောင်းပါ။ ဦးထုပ်မဆောင်းရင် ထီးဆောင်းပါ။ ရေကူးတဲ့အခါမှာလည်း ဆံပင်အုပ်တဲ့ဦးထုပ်လေးတွေ ဆောင်းပေးပါ။ နေရောင်ခြည်ဒဏ်ကြောင့် ဆံသားပျက်စီးစေသလို Chlorine ကြောင့်လည်း ဆံသားပျက်စီးစေနိုင်ပါတယ်။