သင့်အချစ်ကို သင့်ကောင်လေးမြင်အောင် ဘယ်လို ပြမလဲ။ နည်းလမ်းတွေကို သိထားပြီလား။ တစ်ခါတလေ ချစ်တယ်လို့ ပြောနေရုံနဲ့တင် မလုံလောက်ပါဘူး။ သူ့ကို ချစ်ကြောင်း ကိုယ့်အမူအရာတွေနဲ့လည်း သက်သေပြရပါသေးတယ်။ ဒီတော့ ဘယ်လိုနည်းလမ်းတွေနဲ့ ချစ်ကြောင်းပြမလဲ။ သိချင်တယ်ဆိုရင်တော့ ဆက်ကြည့်လိုက်ပါနော်-

၁။ သူနဲ့ အပြင်မှာတွေ့ဖို့ ကိုယ်က အရင်စချိန်းပါ

အမြဲတမ်း သူ့ဘက်ကပဲ သင်နဲ့ တွေ့ဖို့ တောင်းဆိုရလေ့ရှိလား။ ဒါဆိုရင် သင့်ဘက်က စပြီး သူနဲ့ တွေ့ချင်တဲ့အကြောင်း စကားစပါ။ သူနဲ့ သွားချင်တဲ့ နေရာတစ်ခုကို ကြိုစဉ်းစားထားပါ။ သင့်ဘက်က စပြီး ဦးဆောင်ကြည့်ပါ။

၂။ သင်သူ့ကို ဂရုစိုက်ကြောင်းပြပါ

သူ့ရဲ့ လုပ်ဆောင်မှုတွေကို သင်တန်ဖိုးထားကြောင်း ဂုဏ်ယူကြောင်း်ပြပေးပါ။ သူလိုအပ်တဲ့အရာကို သင်က အလိုက်တသိဖြည့်ဆည်းပေးပါ။


၃။ သူ့ကိုပံ့ပိုးပေးပါ

ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် ကိုယ့်ချစ်သူရဲ့ ပါရမီဖြည့်ဖက်ပါပဲ။ ဒီတော့ သူအကူအညီလိုတဲ့အခါ သင့်ဘက်က အတက်နိုင်ဆုံး ပံ့ပိုးပေးပါ။ သူစိတ်ဓာတ်ကျလာတဲ့အချိန်တိုင်း သင့်ကို ရင်ဖွင့်လာအောင် ကြိုးစားပါ။

၄။ သူစိတ်ဝင်စားတာကို သင်ပါ လိုက်ပြီး စိတ်ဝင်စားမှုရှိပါ

သူဝါသနာပါတာတွေကို သင်ပါ လိုက်လုပ်ကြည့်ပါ။ ဒါက သင်သူ့ကို သိပ်ချစ်ကြောင်း ပြသနေတာပါ။

၅။ ကျေးဇူးတင်ကြောင်းပြောပါ

သင့်ဘဝထဲ သူရောက်လာလို့ သင်ဘယ်လောက်ထိ ပျော်ရွှင်ရကြောင်း၊ သင့်အနားမှာရှိပေးလို့ ကျေးဇူးတင်ကြောင်း သူသိအောင်ပြောပေးပါ။


၆။ သူအံ့သြအောင်လုပ်ပေးပါ

သူမသိအောင် ရုတ်တရက် လက်ဆောင်ဝယ်ပေးတာ၊ သူကြိုက်တဲ့ အရာတစ်ခုကို သူ့အတွက် ဝယ်ပေးတာစတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေကို ဖန်တီးပေးပါ။ ယောကျာ်းလေးကပဲ Surprise လုပ်ပေးလို့ရတာမဟုတ်ပါဘူး။ သင်ကပါ သူ့ကို Surprise ဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။

၇။ သူ့အတွက် ဟင်းချက်ပေးပါ

သူကြိုက်တဲ့ဟင်းတစ်မျိုးကို ချက်တတ်အောင်လေ့ကျင့်ကြည့်ပါ။ သူ့မွေးနေ့မှာဖြစ်ဖြစ် သင်က ချက်ပြုတ်ပေးပါ။ သင့်လက်ရာက သူ့အတွက် အမှတ်တရဖြစ်စေမှာပါ။


၈။ သူ့မိသားစု၊ သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင်နေပါ

သူ့အသိုင်းအဝိုင်းထဲမှာ အဆင်ပြေအောင် ကြိုးစားနေထိုင်တာကလည်း သင်သူ့ကို ချစ်ကြောင်း သက်သေပြတာပါပဲ။

၉။ သင့်ကိုယ်သင် ဂရုစိုက်ပါ


လူတစ်ယောက်ကို ချစ်ကြောင်းပြသဖို့ ပထမဆုံးအဆင့်က ကိုယ့်ကိုကိုယ် အရင်ချစ်တာပါ။ ကိုယ့်ရဲ့ အလုပ်အကိုင်၊ ကျန်းမာရေး အလှအပ စတာတွေကို ဂရုစိုက်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar