လက်သည်းအရှည်ထားမှ လက်သည်းနီနဲ့ ကြည့်လို့ပိုလှတာမျိုးမဟုတ်ပါဘူး။ အချို့တွေက လက်သည်းပျော့တာကြောင့် ကျိုးပဲ့ဖို့လွယ်လို့ ဒါမှမဟုတ် လက်သည်းအရှည်ထားရတာ အလုပ်ရှုပ်လို့စတဲ့အကြောင်းရင်းတွေနဲ့ အတိုလေးတွေ ပိုထားတတ်ကြပါတယ်။ လက်သည်းအတိုလေးတွေက လက်သည်းနီ ဆိုးရလည်းလွယ်ပြီး အရှည်တွေလို ဆိုးဆေးလွယ်လွယ်နဲ့မပျယ်ဘဲ ပေါ့ပေါ့ပါးပါးလေး ထင်းထွက်နေစေပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ လက်သည်းခပ်တိုတိုလေးတွေနဲ့အရမ်းလိုက်တဲ့ ရောင်စုံလက်သည်းနီဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ လူငယ်ဆန်ပြီး မျက်စိအေးစေတဲ့ ကာလာနုနုဒီဇိုင်းလေးတွေ ပါဝင်တာကြောင့် ခေတ်နဲ့အညီ အရောင်စုံလှလှလေးတွေဆိုးချင်တဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။
၁။ Retro Chic

အတွဲအစပ်လိုက်ဖက်တဲ့ကာလာစုံ အနုအရင့်လေးတွေပေါင်းဆိုးတာကလည်း သင့်ကိုဆန်းသစ်တဲ့လက်သည်းနီ Look လေးရစေမှာပါ။
၂။ Bright And Smiley

အပြုံးမျက်နှာလေးတွေနဲ့ လက်သည်းနီဒီဇိုင်းကလည်း အရောင်နုနုတောက်တောက်လေးဖြစ်တာကြောင့် သင့်လက်သည်းလေးတွေကိုထင်းနေစေမှာပါ။
၃။ Simple Bouquet

ပန်းရောင်စုံလေးတွေနဲ့ပုံဖော်ထားတဲ့ ဒီလို ဒီဇိုင်းလေးတွေလည်းစမ်းကြည့်နိုင်ပါတယ်။
၄။ Ocean Waves

ပုံဖော်ရလွယ်ပြီး ပင်လယ်သွားတဲ့အချိန် ဆိုးဖို့အတွက်သင့်တော်တဲ့ အမြင်အေးစေတဲ့အပြာရောင် ဒီဇိုင်းလေးဖြစ်ပါတယ်။
၅။ Line Art

Highlight ဘောပင်နဲ့ဆွဲသလို တစ်ကြောင်းထဲ အရောင်ပြေးလေးတွေကလည်း တစ်မျိုးလေးဆန်းပြီး အမြင်ရှင်းစေမှာပါ။
၆။ Confetti

အသည်းပုံ၊ ကြယ်နဲ့ ဂြိုလ်ပုံလေးတွေကို အရောင်စုံရွှေမှုန်၊ ငွေမှုန်လေးတွေကျဲချထားသလို ခပ်သေးသေးတွေဆွဲပြီး ပေါင်းစပ်ထားတဲ့ပုံစံကလည်း ချစ်စရာအရမ်းကောင်းပါတယ်။
၇။ Cherries Jubilee

ချစ်စရာကောင်းတဲ့ ချယ်ရီသီးလေးတွေပါတဲ့ လက်သည်းဒီဇိုင်းလေးကလည်း လူငယ်မိန်းကလေးတွေနဲ့ လိုက်ဖက်စေမှာပါ။
၈။ Glitter And Glam

Gliter အလက်လေးတွေပါတာကြိုက်တဲ့သူတွေအနေနဲ့ တစ်ပြေးညီပုံစံတစ်မျိုးထဲဆိုးတာထက် Glitter နဲ့ခပ်ဆင်ဆင်အရောင်လေးတွေပါ စပ်ပြီးဆိုးတာမျိုးပြုလုပ်ပေးပါ။
၉။ Half-Moons

နောက်ထပ်ထူးခြားတဲ့ လက်သည်းဒီဇိုင်းလေးကတော့ ပုံဖော်ရလွယ်တဲ့ လက်သည်းဘေးဘက် လခြမ်းပုံစံလေးတွေပါပဲ။
Source: preview.ph, Pinterest