သင်စားတဲ့အရာက ဖြစ်လာမယ့် သင့်ခန္ဓာကိုယ်ပါပဲ။ သင်က ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို စားရင် သင့်ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကလည်း ကောင်းမှာမဟုတ်ပါဘူး။ အသားအရေစိုပြေပြီး အဆိပ်အတောက်ကင်းစင်ဖို့ လေ့ကျင့်ခန်းလုပ်ပေးရသလို အစားအသောက်နဲ့လည်း ထိန်းသိမ်းပေးရပါတယ်။ ဒီတော့ ပျိုမေတို့ သိထားဖို့ရာ ခန္ဓာကိုယ်အဆိပ်အတောက်ပြယ်စေမယ့် အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ဗိုင်းရပ်စ်တိုက်ထုတ်ပေးပြီး အက်တီအောက်ဆီးဒင့်ပါဝင်ပါတယ်။ ကြက်သွန်ဖြူစားပေးတာက အသည်းတွင်းမှ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အစာချေစနစ်အတွက်ကောင်းမွန်ပါတယ်။

၂။ Green Tea

Green Tea က အဆိပ်အတောက်ပြယ်စေတဲ့ Super Drink တစ်မျိုးပါ။ Green Tea က သက်လုံကောင်းစေပြီး ခုခံအားတက်စေပါတယ်။

၃။ ဂျင်း

ဂျင်းက ကြက်သွန်ဖြူလိုပဲ အသည်းအဆိပ်အတောက်သန့်စင်ပေးပါတယ်။ သင်က ဂျင်းကိုမကြိုက်ဘူးဆိုရင်တော့ ဟင်းလျာတွေမှာ ဟင်းခတ်အနေနဲ့ ထည့်စားနိုင်ပါတယ်။

၄။ ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းက စားရတာ နူးညံ့တဲ့အပြင် သင့်အသားအရေအတွက်လည်းကောင်းမွန်ပါတယ်။ အက်တီအောက်ဆီးဒင့်များစွာပါဝင်ပါတယ်။

၅။ ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်မှာ ကယ်လိုရီအနည်းငယ်သာပါဝင်ပြီး ဝိတ်ချနေသူတွေအတွက်သင့်တော်ပါတယ်။ အသုပ်တွေထဲမှာ ဂေါ်ဖီထုပ်ထည့်စားပေးပါ။

၆။ ရေ

ဒီနေရာမှာ ရေလည်းပါလာလို့ အံ့သြသွားပြီလား။ ရေများများသောက်ဖို့က လုံးဝမမေ့သင့်တဲ့ ကိစ္စမို့ အဆိပ်အတောက်ပြယ်စေမယ့် အစားအသောက်ထဲမှာ ထည့်ပေးထားတာဖြစ်ပါတယ်။ ရေသောက်ပေးတာက ဝိတ်ကျစေပါတယ်။ မနက်ပိုင်းမှာ ရေနွေးနွေးလေးနဲ့ သံပယိုရည်တစ်ခွက်သောက်ပေးတာက အသားအရေစိုပြေစေပါတယ်။

၇။ လတ်ဆတ်တဲ့သစ်သီး

သစ်သီးတွေမှာ အာဟာရများစွာပါဝင်ပြီး ခန္ဓာကိုယ်အဆိပ်အတောက်ပြယ်စေပါတယ်။ လတ်ဆတ်တဲ့အသီးဖြစ်ဖို့တော့ လိုပါမယ်။

၈။ ပဲနီလေး

ပဲနီလေးမှာ အမျှင်ဓာတ်များစွာပါဝင်ပြီး ကယ်လိုရီပါဝင်မှုနည်းပါတယ်။ သင်က သတ်သတ်လွတ်သမားဆိုရင် ပဲနီလေးက အသင့်တော်ဆုံးပါပဲ။ ပရိုတင်းဓာတ်ကြွယ်ဝပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

၉။ Whole Grains

Whole Grain( ပေါင်မုန့်ညို၊ ဆန်လုံးညို) တွေမှာ သတ္တုဓာတ်၊ ဗီတာမင်နဲ့ အက်တီအောက်ဆီးဒင့်များစွာပါဝင်ပါတယ်။ ခန္ဓာကိုယ်အတွက် အာဟာရများစွာပေးပြီး အဆိပ်အတောက်ပြယ်စေပါတယ်။