များသောအားဖြင့် ဘဲဥပုံ မျက်နှာကျ Oval Shaped ရှိတဲ့ ပျိုမေတို့က ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နဲ့ ဆံပင်စတိုင်အများစုက လိုက်ဖက်နေလို့ပါ။ အခုဖော်ပြမယ့် ဆံပင်စတိုင်တွေကတော့ Oval Shape မျက်နှာကျတွေကို ပိုလှသွားစေမယ့်အပြင် ထိန်းသိမ်းရလွယ်တဲ့ ဆံပင်စတိုင်တွေ ဖြစ်ပါတယ်။ ဒီတော့ ကြည်ု့လိုက်ရအောင်နော်-

၁။ Chin Bob

မေးရိုးကို ပိုပေါ်စေပြီး သင့်မျက်နှာကို ပိုသွယ်စေမယ့် မေးစေ့ကျော် ဆံပင်တိုအတိက ထူးခြားပြီး လှပါတယ်။

၂။ Bardot Lob

ဂုတ်ထောက် ဆံပင်စတိုင်ကိုမှ ဘေးဘက် ဝဲဝဲလေး ဖြစ်သွားတဲ့ ဆံပင်စတိုင်ကလည်း Oval Shaped တွေနဲ့ လိုက်ဖက်ပါတယ်။

၃။ Face Framing

သင်က Bang Fan မဟုတ်ခဲ့ရင်တော့ ဒီလို မျက်နှာနဲ့ ကွက်တိ ဆံပင်အရှည် စတ်ိုင်က အဆင်ပြေပါလိမ့်မယ်။

၄။ Layered Shoulder Cut

သင်က ထူးခြားတဲ့ ဆံပင်စတိုင်ကို လိုချင်တယ်ဆိုရင်တော့ ဒီလို အကောက်စတိုင်နဲ့ အလွှာမညီတဲ့စတိုင်က အမိုက်ဆုံး ဖြစ်နေမှာပါ။

၅။ Super Pixie

ဆံပင်အတိုက လူတိုင်းနဲ့ မလိုက်ပေမယ့် Oval Face Shape နဲ့တော့ လိုက်လေ့ရှိပါတယ်။

၆။ ကလေးဆန်ဆန် ဆံမြိတ်လေးနဲ့

သင့်ဘဝမှာ တစ်ခါလောက်တော့ Bang ညှပ်ကြည့်သင့်ပါတယ်။ Oval Shape ပိုင်ရှင်တွေ အပါအဝင်ပေါ့။

၇။ မညီမညာ ဂုတ်ဝဲစတိုင်

ဒီဆံပင်စတိုင်က သင့်ကို တည်ငြိမ်ပြီး ရင့်ကျက်တဲ့ ပုံစံပေါ်စေပါလိမ့်မယ်။

၈။ Modern Shag

Oval Shape မျက်နှာကျကိုမှ နဂို ဆံပင်အကောက် ပိုင်ဆိုင်တဲ့ ပျိုမေတွေ ထားကြည့်သင့်တဲ့ ဆံပင်စတိုင်ပါ။

၉။ ဘေးကွဲ

ဒီစတိုင်က သင့်မျက်နှာကျ ကို ပိုမြင်ရစေပါတယ်။ Oval Shape တွေက မျက်နှာ မကျဉ်းမကျယ်တွေမို့လို့ ဒီစတိုင်နဲ့ လိုက်ဖက်လေ့ရှိပါတယ်။

Source: southernliving

By MyStyle Myanmar