မနက်ခင်းအချိန်က နေ့တစ်နေ့ရဲ့ အရေးအပါဆုံးအချိန်ပါပဲ။ မနက်ခင်းမှာ ပိုင်ဆိုင်တဲ့ Mood က တစ်နေ့တာလုံးအတွက် ဒီအတိုင်းပဲသွားမှာပါ။ မနက်တည်းက စိတ်မကြည်လင်ဘူး၊ အလောတကြီးလုပ်ရတယ်ဆိုရင် သင့်တစ်နေ့တာက အဆင်ပြေမှာမဟုတ်ပါဘူး။ သင့်မနက်ခင်းကို သင်ကိုယ်တိုင်ထိန်းချုပ်နိုင်ရပါမယ်။ ဒီတော့ မိန်းကလေးတိုင်း မနက်ပိုင်းမှာ ပြုလုပ်သင့်တဲ့အရာတွေကို ဖော်ပြပါရစေ။

၁။ မနက်စောစောထပါ

မနက်ပိုင်းစောစောနိုးတာက ကိုယ်လုပ်ချင်တာ လုပ်နိုင်ဖို့ အချိန်ပေးသလိုပါပဲ။ သင့်ကို ပိုလန်းဆန်းစေပြီး အလုပ်တွေလုပ်ဖို့ ပိုစိတ်အားထက်သန်စေပါတယ်။

၂။ နေ့တိုင်း တစ်ချိန်တည်းမှာ နိုးတတ်တဲ့အကျင့်လုပ်ပါ

နေ့တိုင်း တစ်ချိန်တည်းနိုးတက်ဖို့ အကျင့်လုပ်ပေးတာက မနက်စောစော မနိုးတတ်တဲ့ အကျင့်ဆိုးကိုပြင်ရာရောက်ပါတယ်။ အစပိုင်းမှာ ခက်ခဲပေမယ့် နောက်ပိုင်း ကျင့်သားရလာတဲ့အခါ သင့်ခန္ဓာကိုယ်အတွက် ဒါက ပိုလွယ်ကူလာပါလိမ့်မယ်။ ဒီအကျင့်ကို ဘယ်လိုမွေးမြူနိုင်သလဲဆိုတော့ စစချင်း Alarm အကူအညီယူပေးပါ။ Alarm မြည်တာနဲ့ ချက်ချင်းထပေးရပါမယ်။ ဒါကိုနေ့တိုင်းလုပ်ပေးရပါမယ်။

၃။ အိပ်ရာထဲမှာ လေ့ကျင့်ခန်းလုပ်ပါ


သင်က နိုးတာနဲ့ အိပ်ရာထဲက ချက်ချင်း မထနိုင်သူဆိုရင်တော့ အိပ်ရာပေါ်တင်ပဲ Yoga လေ့ကျင့်ခန်းပြုလုပ်နိုင်ပါတယ်။ အကြောလျျော့တာ စသဖြင့် ပြုလုပ်နိုင်ပါတယ်။

၄။ ရေနွေးနွေးလေး သောက်ပေးပါ

မနက်ပိုင်းမှာ ရေနွေးသောက်ပေးတာက အစာချေခြင်းဖြစ်စဉ်ကို ကောင်းမွန်စေပါတယ်။ အဆိပ်တွေကို ဖယ်ရှားပေးပြီး ဝိတ်ကျစေပါတယ်။ မနက်ပိုင်းလိုအပ်တဲ့ ရေဓာတ်ကိုလည်း ဖြည့်တင်းပေးပါတယ်။ သင့်တစ်ကိုယ်လုံးကို သန့်စင်ပေးရာရောက်ပါတယ်။

၅။ ပြတင်းပေါက်တွေကို ဖွင့်ပေးပါ

ပြတင်းပေါက်တွေကို ဖွင့်ပြီး လေကောင်းလေသန့် ရှူရှိုက်လိုက်တာက သင့်စိတ်ကို လန်းဆန်းစေပါတယ်။

၆။ သင့်တစ်နေ့တာကို လေ့ကျင့်ခန်းနဲ့ အစပြုပါ

မနက်ပိုင်းမှာ တစ်နာရီကျော်လောက် ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ ချွေးထွက်လေ ကယ်လိုရီလောင်ကျွမ်းလေပါပဲ။ တစ်နေ့လုံး သင်စိတ်ပျော်ရွှင်နေပါလိမ့်မယ်။

၇။ တရားခဏတဖြုတ်ထိုင်ပါ

တရားထိုင်တာက စိတ်တည်ငြိမ်စေပါတယ်။ ၁၀ မိနစ်လောက် တရားထိုင်ရုံနဲ့ သင့်အာရုံစူးစိုက်မှုအား ပိုကောင်းလာပါလိမ့်မယ်။

၈။ ဖုန်းသုံးတာကို လျျော့ပေးပါ

မနက်နိုးပြီး တစ်နာရီနီးပါးလောက် ဖုန်းမသုံးဘဲ နေပေးပါ။ ဖုန်း Noti, Social Media ပေါ်က သတင်းတွေက သင့်စိတ်ကို ရှုပ်ထွေးစေပါတယ်။

၉။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက်စာ စားပေးပါ

သင့်ရဲ့ တစ်နေ့တာ စတင်ခြင်း အစားအသောက်က အရသာရှိပြီး အာဟာရလည်းရှိသင့်ပါတယ်။ သင်က ကော်ဖီသောက်ရတာ နှစ်သက်တယ်ဆိုရင်လည်း ကော်ဖီတစ်ခွက်က သင့်တစ်နေ့တာကို လန်းဆန်းစေမှာပါ။

Source: HerBeauty.co

By MyStyle Myanmar