အားလုံးပဲ မင်္ဂလာပါ။ လူတိုင်းကတော့ ဖက်ရှင်ကျချင်တဲ့သူတွေချည်းပါပဲ။ ဖက်ရှင်ကျလှပချင်တော့ မိတ်ကပ်အမျိုးမျိုးပြင်ဆင်ခြယ်သကြမယ်။ အဝတ်အစားဖက်ရှင်လေးတွေ အမျိုးမျိုးဝယ်ဝတ်ကြနဲ့ ကိုယ်လုပ်တတ်သလောက်လေး ပြင်ဆင်ကြပါတယ်။
ဒါပေမဲ့ တစ်ခါတလေမှာ ကိုယ်ပြင်ဆင်လိုက်တာက ဖက်ရှင်မကျတော့ဘဲ ကြည့်ရဆိုးသွားပါတယ်။ ဒါ့ကြောင့် ကိုယ့်မှာရှိတဲ့ အဝတ်အစားလေးတွေနဲ့ ဖက်ရှင်ကျအောင် ဘယ်လိုဝတ်စားသင့်လဲဆိုတာကို အတူတူဖတ်ကြည့်လိုက်ရအောင်နော်။
အရောင်တလက်လက်တောက်နေတဲ့ အရာများ အလွန်အကျွံအသုံးပြုခြင်း
ဦးထုပ်တို့၊ ဘောင်းဘီတို့၊ အင်္ကျီတို့မှာ ဖန်စီတွေ၊ စီးကွင့်တွေ မထည့်ပါနဲ့။
နာမည်ကြီး တံဆိပ်အတုများ
နာမည်ကြီး တံဆိပ်တွေကို လိုက်လံတုပထားတဲ့ ပစ္စည်းတွေက အရည်အသွေးမကောင်းကြတဲ့အပြင် သင့်ဖက်ရှင်ကိုလည်း အရည်အသွေးကျသွားအောင် ပြုလုပ်ပါတယ်။ ဒါ့ကြောင့် ဈေးသက်သက်သာသာနဲ့ အရည်အသွေးကောင်းတဲ့ တံဆိပ်လေးတွေကိုပဲ ရွေးချယ်ဝယ်ယူပါ။
အဝတ်အစားနဲ့ မလိုက်တဲ့ အပွင့်အခက်များ
တကယ်လို့ ပန်းပွင့်ပါတဲ့ အင်္ကျီလေးတွေ၊ အဝတ်အစားတွေ ဝတ်ချင်တယ်ဆိုရင် ကော်နဲ့ ကပ်ထားတဲ့ ပန်းပွင့်တွေ မဟုတ်ဘဲ အဝတ်အစားပေါ်မှာ တစ်ခါတည်းပါပြီးသား ဒီဇိုင်းတွေပဲ ရွေးဝယ်ပါ။ ကော်နဲ့ကပ်ထားတဲ့ အပွင့်အခက်တွေက ကွာသွားတဲ့အခါ သင့်ကို ရှိုးပဲ့စေမှာပါ။
အဖြူရောင် ဖိနပ်ထက်စာရင် အသားရောင်ဖိနပ်၊ အညိုရောင်ဖိနပ်တွေကို ရွေးချယ်ပါ
အသားအရောင် (သို့မဟုတ်) အညိုရောင် ဖိနပ်တွေက ဘယ်အဝတ်အစားနဲ့ ဝတ်ဝတ် လိုက်ဖက်လို့ပါ။
ဇာအသေးထက်စာရင် ဇာအကြီးတွေကိုသာ ရွေးဝယ်ပါ
ဇာအပျော့စား၊ အသေးစားတွေက ၂ ကြိမ်၊ ၃ ကြိမ်လောက် လျှော်ပြီးသွားတာနဲ့ ပေါက်ပြဲကုန်လို့ပါ။
ဆွဲကြိုး၊ နားကပ်၊ လက်ကောက်စတဲ့ အသုံးအဆောင်ပစ္စည်းတွေကို အများကြီး မဝတ်ပါနဲ့။
သက်သောင့်သက်သာမရှိတဲ့ ဖိနပ်များကို ဝတ်ဆင်ခြင်း ရှောင်ကြဉ်ပါ။
ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ ကွက်တိကျအောင် ဝတ်ပါ
ကိုယ်က ပိန်ပါးတဲ့သူဆို ဆိုဒ်ပွပွကြီးတွေ ဝတ်တာမျိုး၊ ကိုယ်က ခန္ဓာကိုယ်ပြည့်ဖြိုးတဲ့သူဆို ကြပ်ထုတ်နေအောင် ဝတ်တာမျိုးတွေ ရှောင်ကြဉ်ပါ။
အတွင်းခံဖောက်ထွင်းမြင်ရတဲ့ အဝတ်အစား ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ
အထူးသဖြင့် မြန်မာ့ယဉ်ကျေးမှုနဲ့ဆို ဘယ်လိုမှ လက်သင့်မခံနိုင်တဲ့ ဖက်ရှင်တစ်ခုပါ။ ဥပမာ အင်္ကျီအဖြူရောင် ဝတ်တယ်ဆိုရင် အတွင်းခံအင်္ကျီကို ပန်းရောင်တို့ အမဲရောင်တို့ ဝတ်ဆင်မိသွားတာမျိုး မဖြစ်အောင် သတိထားသင့်တယ်နော်။
Source: Brightside.me