ခန္ဓာကိုယ် ကျစ်လျစ်လှပချင်လို့ပဲဖြစ်ဖြစ်၊ ကိတ်ချင်လို့ပဲဖြစ်ဖြစ် လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ဝမ်းဗိုက်၊ တင်ပါး၊ ပေါင်၊ ခြေသလုံး စတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုပဲ အဓိကထား ဆော့ကစားကြပြီး လက်မောင်းနဲ့ နောက်ကျောနေရာတွေကိုတော့ လျစ်လျူရှုထားလေ့ရှိပါတယ်။ ကြာလာတော့ လက်မောင်းကြွက်သားတွေက လျော့တိလျော့ရဲနဲ့ တွဲကျပြီး ကြည့်မကောင်းဖြစ်လာတတ်ပါတယ်။

ဂျိုင်းပြတ်အင်္ကျီလေးတွေ၊ ဂါဝန်လေးတွေ ဝတ်တဲ့အခါ လက်မောင်းသားလေး ကျစ်ကျစ်ရစ်ရစ်လေးနဲ့ လှပချင်တယ်ဆိုရင် မိနစ် (၂၀) လောက်အချိန်ပေးပြီး အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းတွေကို မှန်မှန်ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၁)

အရင်ဦးဆုံး သွေးပူလေ့ကျင့်ခန်းအနေနဲ့ ၂ မိနစ်ခန့် ကြိုးခုန်ပေးရပါမယ်။ ကြိုးကိုင်တဲ့ လက်အနေအထားကလည်း ပုံပါအတိုင်း မှန်ကန်နေဖို့ လိုပါမယ်။

လေ့ကျင့်ခန်း (၂)

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်ထက် ပိုကျယ်အောင်ချဲထားပြီး အလေးတုံးနှစ်ဖက်ကို ထောင်မတ်အောင် ကိုင်ထားပါ။ ထို့နောက် လက်သီးထိုးတဲ့ပုံစံအတိုင်း ဘယ်လက်ကို ဘေးဘက်သို့ ဆန့်တန်းလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။ ညာလက်ကို ဘေးဘက်သို့ ဆန့်ထုတ်ပါ။ တစ်မိနစ်ပြည့်တဲ့အထိ ဘယ်ညာ တစ်လှည့်စီပြုလုပ်လိုက်ပါ။ စက္ကန့် ၃၀ အနားယူပြီး ၃ ကြော့ ပြန်လုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၃)

ပုံစံ (A) အတိုင်း အလေးတုံးကိုင်ပြီး အသင့်ပြင်ထားပါ။ ဒူးဆန့်တန်းပြီးနောက် လက်ကိုလည်း ဆန့်တန်းကာ ပုခုံးကြွလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။ ၄၅ စက္ကန့်ပြည့်တဲ့အထိ တစ်လှည့်စီပြုလုပ်ပါ။ ၃ ကြော့စီ ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်း တစ်ကြော့ ပြုလုပ်ပြီးတိုင်း စက္ကန့် ၃၀ အနားယူပါ။

လေ့ကျင့်ခန်း (၄)

အလေးတုံး (သို့) အလေးတန်းကို ပုံစံ (A) အတိုင်း ကိုင်ထားပါ။ ထို့နောက် အလေးတန်းကို အပေါ်ဆွဲမလိုက်ပါ။ ထိုကဲ့သို့ ဆွဲမနေချိန်မှာ လက်မောင်းနဲ့ ပုခုံးက တစ်တန်းတည်းဖြစ်နေရပါမယ်။ စက္ကန့် ၆၀ ပြည့်တဲ့အထိ ပြုလုပ်ပါ။ ၃ ကြော့ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၅)

လေ့ကျင့်ခန်းပြုလုပ်တဲ့ ဘောလုံးပေါ်မှာ လှဲလျောင်းနေပြီး အလေးတုံးနှစ်ဖက်ကို ဘေးဘက်မှာ ကားထားပါ။ ထို့နောက် အလေးတုံးကို အတွင်းဘက်သို့ ပြန်စုလိုက်ပါ။ စက္ကန့် ၆၀ ပြည့်အောင် ပြုလုပ်ပါ။ ၃ ကြော့ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၆)

ဒီလေ့ကျင့်ခန်းကတော့ ဒိုက်ထိုးလေ့ကျင့်ခန်း ဖြစ်ပါတယ်။ ပုံစံ (A) အတိုင်း အဆင်သင့်ပြင်ထားပါ။ ထို့နောက် တံတောင်ဆစ်ကွေးပြီး ခန္ဓာကိုယ်ကို ကြမ်းပြင်သို့ ချလိုက်ပါ။ ၄၅ စက္ကန့် ပြည့်အောင် ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၇)

ဒီလေ့ကျင့်ခန်းက နည်းနည်းတော့ ခက်ပါတယ်။ အရင်ဦးဆုံး မတ်မတ်ရပ်နေပါ။ ထို့နောက် ပုံစံ (A) အတိုင်း ညာဒူးကို ဘယ်ခြေအနောက်သို့ပို့ပြီး ကွေးချလိုက်ပါ (ထိုအချိန်မှာ ဘယ်ဒူးကလည်း အလိုအလျောက် ကွေးသွားပါလိမ့်မယ်)။ ထို့နောက် မတ်တပ်ပြန်ရပ်ပြီး ခါးထောက်ကာ ညာခြေကို အပြင်သို့ ဆန့်ထုတ်လိုက်ပါ။ တစ်ချိန်တည်းမှာပဲ ညာလက်ကလည်း ပုခုံးအမြှင့်ဆီရောက်အောင် ဆန့်ထုတ်လိုက်ပါ။ ထို့နောက် ဘက်ပြောင်းပြီး ဆက်လုပ်ပေးလိုက်ပါ။ ဘယ်ညာတစ်လှည့်စီကို စက္ကန့် ၃၀ ပြည့်အောင် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၈)

ပုံစံ (A) အတိုင်း အသင့် ပြင်ထားပါ။ ထို့နောက် ပုံစံ (B) အနေအထားပြောင်းကာ လက်ရော၊ ခြေထောက်ရော မြှောက်ထားလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် (၂၀) ခန့် တောင့်ထားပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။ စက္ကန့် ၃၀ အနားယူပါ။ ၃ ကြော့ ပြန်လုပ်ပါ။

လေ့ကျင့်ခန်း (၉)

လေ့ကျင့်ခန်း ပြုလုပ်တဲ့ ဘောလုံးပေါ်မှာ လှဲလျောင်းပြီးနောက် ခြေထောက်နဲ့ လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၂၀ ခန့် တောင့်ခံထားပါ။

ဒီလေ့ကျင့်ခန်းများ အားလုံးကို ၃ ကြော့စီပြုလုပ်ရမှာဖြစ်ပြီး တစ်ကြော့နဲ့တစ်ကြော့ကြား ၃၀ စက္ကန့် အနားယူပေးလို့ရပါတယ်။

Source: brightside.me