အဆီကျချင်ရင် မနက်ပိုင်းပြေးပါလို့ ပြောကြတာများပါတယ်။ ဒီလို ပြေးတာထက်ပိုပြီး အဆီကျအောင်လုပ်ပေးနိုင်မယ့် လေ့ကျင့်ခန်း ၉ မျိုး ရှိပါတယ်။ အဆီတွေမြန်မြန်ကျချင်တယ်ဆိုရင်တော့ ပြေးမယ့်အစား ဒီလေ့ကျင့်ခန်းတွေကို လုပ်ကြည့်သင့်ပါတယ်။

ကြိုးခုန်ခြင်း

ကြိုးခုန်တာကတော့ မခက်ပါဘူး။ ငယ်ငယ်တုန်းကလည်း ဆော့နေကျကစားနည်းတစ်ခုပါပဲ။ တစ်နေ့ကို နာရီဝက် (သို့) တစ်နာရီလောက် ကြိုးခုန်ပေးနိုင်ရင် အရမ်းကောင်းပါတယ်။ ကြိုးခုန်ပေးခြင်းက ၃၇၁ ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။

ရေကူးခြင်း

လေ့ကျင့်ခန်းလုပ်ရမှာလည်းပျင်းတယ်၊ ပြေးရတာလည်း မကြိုက်ဘူး ဒါပေမယ့် ရေကူးတတ်တယ်ဆိုရင် ရေသာကူးနေပါ။ ရေကူးတာက ၄၀၉ ကယ်လိုရီတောင် လောင်ကျွမ်းစေပါတယ်။ ရေကူးတာက ဝိတ်ကျ၊ အဆီကျရုံတင်မဟုတ်ပဲ stress တွေလည်း လျော့ကျစေပါတယ်။

Rock-climbing

ကျောက်ဆောင်တွေကို ကုတ်ဖက်ပြီးတက်တဲ့ Rock-climbing exercise ကလည်း ၄၀၉ ကယ်လိုရီတောင် လောင်ကျွမ်းစေပါတယ်။ ဒါ့အပြင် mental health လည်း ပိုကောင်းလာစေပါတယ်။

စက်ဘီးစီးခြင်း

စက်ဘီးအမြန်စီးတာက ပြေးတာထက်ပိုပြီး အများကြီးအကျိုးရှိစေပါတယ်။ စက်ဘီးစီးရင် ၆၁၄ ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။ အနည်းဆုံး ၁ နာရီတော့ စီးပေးရပါမယ်။

Step aerobics

ကခုန်ရတာဝါသနာပါရင် mid-tempo music လေးနဲ့ step aerobics ဆော့ကြည့်ပါ။ သူက ၃၇၂ ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။ စိတ်ဖိစီးမှုတွေလျော့ကျပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။

Elliptical workout

Elliptical machine နဲ့ elliptical workout လုပ်ပေးခြင်းက ၃၃၅ ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။ သိပ်ပြီး အမောမခံနိုင်တဲ့သူတွေအတွက်တော့ ဒီလေ့ကျင့်ခန်းက အဆင်ပြေမှာပါ။

Burpees

တစ်ဆင့်ချင်းစီ ခုန်ပြီးထရတဲ့ burpees exercise ကိုလုပ်မယ်ဆိုရင်တော့ ၃၁၆ ကယ်လိုရီ လောင်ကျွမ်းပါမယ်။ သူက တစ်မိနစ်ကို ၁၀ ကယ်လိုရီ လောင်ကျွမ်းတာပါ။

Handball

Sports တွေထဲမှာမှ handball ကစားနည်းက ၄၄၆ ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။

ကလေးနဲ့ကစားခြင်း

လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်တဲ့သူတွေနဲ့ ကလေးအမေတွေဆိုရင် ကလေးနဲ့ တစ်နာရီလောက် ကစားပေးရုံနဲ့ ၃၇၂ ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။ ထိုင်ပြီးဆော့တာမျိုး၊ ငြိမ်ငြိမ်လေးဆော့နေတာမျိုးဆိုရင်တော့ မရပါဘူး။

source:www.brightside.me