ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအသောက်စားခြင်းနဲ့ အားကစားပုံမှန်ပြုလုပ်ပေးခြင်းတို့က အရွယ်တင်နုပျိုမှုရဲ့ အဓိကသော့ချက်ပါပဲ။ နေ့စဉ်နေ့တိုင်းမှာ မသိလိုက်မိပါပဲ ပြုလုပ်မိတဲ့ အမှားတွေကြောင့်လည်း သင့်ကို လျင်မြန်စွာ အိုမင်းရင့်ရော်စေပါတယ်။

အခုဖော်ပြပေးမဲ့ အပြုအမူ ၉ မျိုးထဲက ဘယ်အမူအကျင့်ကို သင်ပြုလုပ်မိသလဲဆိုတာကို ဆက်ဖတ်ကြည့်ပြီး ဆက်မလုပ်ဖို့ အားပေးချင်ပါတယ်။

၁။ အိပ်တဲ့ အနေအထား

မှောက်လျက်အိပ်တဲ့အခါ ပုခုံးနဲ့ လည်ပင်းကြွက်သားတွေကို ဖိအားပေးမိသလိုဖြစ်ပြီး ဦးနှောက်ဆီသို့ သွေးပို့ဆောင်ခြင်းကို အနှောင့်အယှက်ပေးပါတော့တယ်။ မျက်ကွင်းညိုခြင်းနဲ့ မျက်နှာရောင်ရမ်းခြင်းကိုလည်း ဖြစ်စေပါတယ်။ ပက်လက် (သို့မဟုတ်) လေးတစောင်း အိပ်ကြည့်ပါ။

၂။ နေကာမျက်မှန်မသုံးခြင်း

မျက်လုံးနားက အရေပြားက အပါးလွှာဆုံးဖြစ်ပြီး တောက်ပတဲ့ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရတဲ့အခါ အရေးအကြောင်းတွေ ဖြစ်လာပါလိမ့်မယ်။ နေရာင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်းက ကျန်းမာတဲ့အသားအရည်ရဲ့ လျှို့ဝှက်ချက်ပဲဖြစ်ပါတယ်။

၃။ အစားအသောက်စားခြင်း

အစားအသောက်စားတဲ့အခါ တစ်ဖက်တည်းကပဲ ဝါးရင် မျက်နှာကြွက်သားတွေက တစ်ဖက်က အားနည်းသွားပြီး တစ်ဖက်နဲ့ တစ်ဖက် မညီဘဲနေပါလိမ့်မယ်။

၄။ ဖုန်းပြောခြင်း

ဖုန်းကို ပုခုံးနဲ့ နားရွက်ကြား ညှပ်ပြီးပြောတဲ့အခါ လည်ပင်းမှာ အရေးအကြောင်းဖြစ်ပေါ်ခြင်း၊ ပါးတစ်ဖက်ချိုင့်သွားခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အကြာကြီးဖုန်းပြောရမယ်ဆို နားကြပ်တပ်ပြောပါ (သို့မဟုတ်) Speaker ဖွင့်ပြောပါ။

၅။ ဖုန်းသုံးခြင်း

ဖုန်းသုံးတဲ့ အခါ ခေါင်းငိုက်စိုက်ပြီး သုံးခြင်းက မျက်လုံးရောင်ရမ်းခြင်းနဲ့ အရေးအကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။

၆။ မေးထောက်ခြင်း

မေးထောက်တဲ့အကျင့်ရှိတဲ့သူများအနေနဲ့ မျက်နှာအရေပြားနဲ့ ကြွက်သားများတင်းရင်းမှုကို လျော့ကျစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်ပေါ်စေတာကြောင့် မေးထောက်တတ်တဲ့ အကျင့်ကို ဖျောက်ဖျက်ပစ်လိုက်ကြရအောင်။

၇။ မျက်မှောင်ကြုတ်ခြင်း

မျက်မှောင်ကြုတ်ခြင်း၊ စိတ်ဆိုးစိတ်ကောက်တဲ့အခါ နှုတ်ခမ်းစူထားခြင်းတွေကလည်း အသားအရည်ကို ထိခိုက်စေပါတယ်။

၈။ ရေပူနဲ့ အကြာကြီး ရေချိုးခြင်း

ရေနွေးနဲ့ ရေချိုးခြင်းက သင့်ကို ပေါ့ပါးလန်းဆန်းသွားစေပေမဲ့ အရမ်းပူလွန်းနဲ့ ရေနဲ့ အချိန်ကြာကြာရေချိုးမယ်ဆိုရင် အရေပြားအပေါ်ယံလွှာကို ပျက်စီးခြောက်သွေ့သွားစေပါတယ်။

၉။ လေအေးပေးစက်အသုံးပြုခြင်း

လေအေးပေးစက်ဖွင့်ထားတဲ့အခါ လေထုထဲက အစိုဓာတ်ကို စုပ်ယူလိုက်ပြီး ဆိုးကျိုးအနေနဲ့ သင့်အသားအရည် ပျက်စီးကြမ်းတမ်းလာပြီး ခြောက်သွေ့လာပါလိမ့်မယ်။

Source: Brightside.me