ခရီးသွား ရာသီ ရောက်တဲ့အချိန် သင်က ကမ်းခြေသွားဖို့ စဉ်းစားထားရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ခရီးသွားပြီဆိုရင် ပစ္စည်းတွေ အဆင်သင့် ဖြစ်အောင် ကြိုစီစဉ်ခြင်းကို Organized ဖြစ်တဲ့ ပျိုမေတို့ဆီမှာ တွေ့ရလေ့ရှိပါတယ်။ Organized Lady တစ်ယောက်အနေနဲ့ ဒီပစ္စည်းတွေကို မမေ့သင့်ပါဘူး။

၁။ Sunscreen

Sunscreen ကတော့ Beach သွားရင် မမေ့သင့်တဲ့ အရေးအကြီးဆုံး ပစ္စည်းပါပဲ။ သင့်ခန္ဓာကိုယ်အတွက် Sunscreen တစ်မျိုး ထည့်ပြီး မျက်နှာအတွက် တစ်မျိုး ထည့်သင့်ပါတယ်။ Moisturizer ပါတဲ့ Sunscreen က မျက်နှာအတွက် သင့်တော်ပါတယ်။

၂။ Lip Balm

နေရောင်ခြည် ဒဏ်နဲ့ သဲဒဏ်၊ ဆားဒဏ် စတာတွေကို ကာကွယ်ဖို့ Lip Balm ကို လိုအပ်ပါတယ်။ မဟုတ်ရင် နှုတ်ခမ်းခြောက်နိုင်ပါတယ်။

၃။ နေဒဏ်ကာကွယ်တဲ့ မျက်မှန် လှလှလေး

နေကာမျက်မှန်က သင့်ကို စတိုင်ကျစေတဲ့အပြင် မျက်လုံးအောက် အသားအရေကို နေလောင်ဒဏ်ကနေပါ ကာကွယ်ပေးနိုင်ပါတယ်။

၄။ ဦးထုပ်

ဆံပင်နဲ့ မျက်နှာကို ကာပေးဖို့ ထပ်လိုတာက စတိုင်ကျတဲ့ ဦးထုပ်တစ်လုံးပါ။

၅။ Hair Care

ဆံပင်က ဆားငန်ရေထိရင် ပိုပျက်စီးနိုင်ပါတယ်။ ဆံပင်ကို စည်းထားဖို့ ခေါင်းစည်းကြိုး၊ သုံးနေကျ ခေါင်းလျှော်ရည်၊ ဘီးကျဲစတာတွေကို ယူသွားသင့်ပါတယ်။

၆။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ထည့်သွားပါ

အသင့်စား အစားအသောက်တွေက သင့်ကို ဗိုက်ပူစေပြီး ငိုက်မြည်းစေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးတွေကတော့ ဘယ်အချိန်စားစား သင့်အတွက် အကျိုးရှိပါတယ်။

၇။ Flip Flop ဖိနပ်

ကမ်းခြေမှာ လမ်းလျှောက်ဖို့ Flip Flop ဖိနပ်ကို လိုအပ်ပါတယ်။

၈။ Beach Playlist

ဒါကတော့ သင့်အိတ်ရဲ့ ဖုန်းထဲမှာ ထည့်သွားရမယ့် အရာပါ​။ ခရီးသွားတဲ့ အချိန် လိုက်ဖက်တဲ့ သီချင်းတွေက သင့်ကို ပိုပျော်ရွှင်စေပါလိမ့်မယ်။

၉။ မျက်နှာသုတ်ပဝါ

ရေကူးပြီး တက်လာရင် အမြန်ချုံဖို့ မျက်နှာသုတ်ပဝါ ကို မဖြစ်မနေ လိုအပ်ပါတယ်။ ကမ်းခြေမှာ ထိုင်ရင်း ဓာတ်ပုံရိုက်နိုင်ဖို့ အခင်း ပဝါ အကြီးကြီးပါ ယူသွားနိုင်ပါတယ်။

Photo Source: Pinterest

by MyStyle Myanmar