ကျွန်ုပ်တို့ နေ့စဉ်ထပ်ခါ ထပ်ခါ လုပ်တဲ့အရာတွေက တစ်ချိန်ချိန် ကျွန်ုပ်တို့ကို ရုပ်လုံးပေါ်လာစေမယ့်အရာပါ။ သင့်နေ့စဉ်ဘဝမှာ သင်ဘာတွေလုပ်နေလဲ။ သင်လုပ်နေတဲ့အရာတွေက သင်ဖြစ်လာမယ့်အရာတွေပါ။ ဒီတော့ သင့်ရဲ့ နေ့စဉ်အလေ့အကျင့်နဲ့ စိတ်နေစိတ်ထားကိုလည်း ကောင်းမွန်အောင်ထားသင့်ပါတယ်။ သင့်ဘဝအောင်မြင်လာစေမယ့် အလေ့အကျင့်ကောင်းတွေကတော့-

၁။ ကိုယ့်ကိုကိုယ်ယုံကြည်ပါ

သင်ဖြစ်ချင်တာအတွက် တစိုက်မတ်မတ်ကြိုးစားနေသရွေ့ သင်လိုချင်တဲ့ပန်းတိုင်ကို တစ်နေ့ရောက်မှာပါ။ သင့်အိပ်မက်တွေနောက်လိုက်ပါ။ အလုပ်ကြိုးစားပါ။ တစ်နေ့ဖြစ်လာပါလိမ့်မယ်။ ငါလုပ်နိုင်တယ်လို့ ကိုယ့်ကိုကိုယ်ယုံကြည်ပါ။

၂။ စိတ်အားထက်သန်စွာလုပ်ပါ

သင်လုပ်တဲ့ အသေးအမွှားကိစ္စလေးတွေကိုတောင် စိတ်နှစ်ပြီးလုပ်ပါ။ သင်လုပ်နေတဲ့အရာကို ချစ်တဲ့စိတ်နဲ့လုပ်ပါ။ ကိုယ်လုပ်နေတဲ့အရာကို မချစ်ရင်၊ စိတ်အားထက်သန်မှုမရှိရင်တော့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်မှာမဟုတ်ပါဘူး။


၃။ အလုပ်ကြိုးစားပါ

အောင်မြင်ဖို့အတွက်ကတော့ ကြိုးစားရပါမယ်။ ကိုယ်ဖြစ်ချင်တဲ့အရာအတွက် အချိန်တစ်ခုကတော့အမြဲရင်းပေးရပါမယ်။ ဘယ်အလုပ်မှ လွယ်လွယ်နဲ့ အောင်မြင်တယ်ရယ်လို့မရှိပါဘူး။ အရှုံးမပေးပါနဲ့။ ဘာမှမလုပ်တာထက်စာရင် ဒီအချိန်မှာ တစ်ခုခုလုပ်နေတဲ့ သင့်အတွက် အောင်မြင်မှုဆိုတာ ရောက်လာမှာပါ။

၄။ ပန်းတိုင်သတ်မှတ်ပါ


ရက်သတ်မှတ်မှုမရှိတဲ့ ပန်းတိုင်က အိပ်မက်မက်နေတဲ့အဆင့်ပဲ ရှိပါတယ်တဲ့။ ရေရှည်ပန်းတိုင်မဟုတ်ရင်တောင် တစ်ပတ်စာ တစ်ရက်စာ ပန်းတိုင်တွေသတ်မှတ်သင့်ပါတယ်။ ဒီတစ်ရက်အတွင်း လုပ်ရမယ်လို့ သတ်မှတ်ထားတဲ့အရာတွေကို ပြီးအောင်လုပ်ပါ။

၅။ ဦးစားပေးတတ်ဖို့ သင်ယူပါ


အဓိကနဲ့ သာမညကို ခွဲခြားတတ်အောင်ကြိုးစားပါ။ သင့်အတွက် ဘယ်အလုပ်က ပိုအရေးကြီးလဲ ခွဲခြားသိတတ်ပါစေ။ အလုပ်လုပ်တဲ့အခါ အခက်ခဲဆုံးကနေ စလုပ်ပါ။

၆။ စွန့်စားပါ

ကိုယ်လိုချင်တဲ့အရာအတွက်စွန့်စားသင့်ရင် စွန့်စားပေးပါ။ ကိုယ့်ကိုကိုယ် တွန်းအားပေးပါ။


၇။ ဇွဲရှိပါ

လူအများစုက လွယ်လွယ်လေးနဲ့ အရှုံးပေးတတ်ကြပါတယ်။ ဒီအထဲ သင်မပါ ပါစေနဲ့။ ကျရှုံးတဲ့အရသာကို ခံစားပါ။ အောင်မြင်သူတိုင်းက ကျရှုံးဖူးသူတွေချည်းပါပဲ။


၈။ သင်ယူပါ

ပညာရပ်အသစ်တွေကို အမြဲသင်ယူနေပါ။ အမြဲစူးစမ်းချင်စိတ်ရှိပါစေ။

၉။ အာရုံစိုက်ပါ


သင်လုပ်နေတဲ့အရာကို အမြဲအာရုံစိုက်ပြီး လုပ်ပါ။ Social Media လွှမ်းမိုးနေတဲ့ကာလမှာ အာရုံမစိုက်မိစေဖို့ နှောင့်ယှက်နေတဲ့အရာတွေ အများအပြားရှိပါတယ်။ သင့်ပန်းတိုင်ဆီသွားရာလမ်းကြောင်းထဲကို ဘယ်အနှောင့်အယှက်မှ အဝင်မခံပါနဲ့။

ကြိုးစားပါ။ သင်က နဂိုတည်းက တော်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar