လူတိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအိမ်မက်တွေရှိကြမှာပါ။ ဖြစ်အောင်လုပ်တဲ့သူနဲ့ မလုပ်တဲ့သူပဲ ကွာသွားတာပါ။ မဖြစ်နိုင်ဘူးဆိုတာတော့ မရှိပါဘူး။ ဒါကြောင့် သင်စိတ်ကူးထားတဲ့ ရည်မှန်းချက်အိမ်မက်တွေ အမှန်တကယ်ဖြစ်လာချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို လုပ်ဆောင်ဖို့လိုပါတယ်။

သင့်အိမ်မက်ကဘာလဲ

သင်ဖြစ်ချင်တဲ့ ရည်မှန်းချက် သင့်အိမ်မက်က ဘာလဲဆိုတာကို တိတိကျကျသိအောင် အရင်လုပ်ပါ။

ဆုံးဖြတ်ချက်ချပါ

ကိုယ့်ရည်မှန်းချက်အိမ်မက်တွေ အမှန်တကယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုချပါ။

ယုံကြည်ပါ

ငါလုပ်နိုင်ပါ့မလားလို့မတွေးပဲ ငါလုပ်ကိုလုပ်နိုင်တယ်။ ကြိုးစားရင် ဘာမဆိုဖြစ်တယ်။ ငါ့ရည်မှန်းချက်အိမ်မက်တွေ ဖြစ်လာအောင် ငါလုပ်နိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အမြဲထားပါ။

ကြောက်စိတ်တွေဖယ်ထုတ်ပါ

ဒါလုပ်ရင် ဘာတွေဖြစ်လာမလဲ၊ ငါကျရှုံးသွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့ ကြောက်စိတ်တွေ Negative ဆန်တဲ့အတွေးတွေကို ဖယ်ထုတ်ပစ်ပါ။

တက်တက်ကြွကြွနေပါ

ကိုယ်ဖြစ်ချင်တာကို ခေါင်းထဲရိုက်သွင်းထားပြီး အမြဲတက်တက်ကြွကြွနဲ့ ကြိုးစားလုပ်ကိုင်ပါ။ မပျင်းပါနဲ့။ ထိုင်းမှိုင်းပြီးတွေဝေမနေပါနဲ့။

အောင်မြင်နေတဲ့သူတွေကိုအတုယူပါ

အောင်မြင်နေတဲ့သူတွေရဲ့ လုပ်ဆောင်ချက်တွေ၊ သူတို့ပြောထားတဲ့စကားတွေကို မှတ်သားပါ။ သူတို့လုပ်တဲ့လမ်းစဉ်တွေကို အတူယူပြီး လေ့လာပါ။

အရှုံးမပေးပါနဲ့

ဘာပဲဖြစ်နေပါစေ အရှုံမပေးပဲ ဆက်လုပ်ပါ။ တစ်ဝက်တစ်ပြတ်နဲ့ အရှုံးပေးလိုက်ရင် ဘယ်တော့ဖြစ်လာမှာ မဟုတ်ဘူး။ မှားတာတွေကို သင်ခန်းစာယူပြီး လဲကျတိုင်းပြန်ထပါ။ ခွန်အားတွေမွေးပါ။

အလွယ်လမ်းမလိုက်ပါနဲ့

မကောင်းတဲ့အကျင့်တွေနဲ့ မကောင်းတဲ့လမ်းစဉ်လိုက်ပြီး အောင်မြင်အောင်မလုပ်ပါနဲ့။ ဖြေးဖြေးနဲ့ မှန်မှန်ကန်ကန်ပဲ လုပ်ဆောင်ပါ။ အလွယ်လမ်းလိုက်ရင် တစ်ဝက်တစ်ပြတ်ဖြစ်တတ်ပါတယ်။

စိတ်ကောင်းထားပါ။

ဘာကိုပဲလုပ်လုပ် စိတ်ကောင်းရှိဖို့က အရမ်းအရေးကြီးပါတယ်။ တချိန်လုံး သူများကို မကောင်းမြင်စိတ်နဲ့ပဲ ကြည့်နေရင်၊ သူများအပေါ် မကောင်းမြင်စိတ်ထားရင် ကိုယ့်အတွက်လည်း ပူလောင်တယ်။ ကိုယ်လုပ်ရမယ့်အလုပ်တွေလည်း ကြန့်ကြာတယ်။ အဆင်မပြေဘူး။ ဒါကြောင့် လူတိုင်းကို အကောင်းမြင်စိတ်ထားပါ။ စေတနာထားပါ။

Photo Source: www.freepik.com