လူငယ်ကောင်မလေးတွေနဲ့လိုက်ဖက်မယ့် အလွယ်ကူဆုံးပို့စ်ပေးနည်း ၉ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရတာကို ဝါသနာပါရင်တော့ ဒီပို့စ်ပေးနည်းလေးတွေက အသုံးဝင်စေမှာပါ။ ဓာတ်ပုံရိုက်တဲ့အခါမှာ တစ်ကိုယ်လုံးပုံမရိုက်ပဲ ကိုယ်တစ်ပိုင်းပုံလေးတွေရိုက်တာက လူကောင်ပိုကြီးသလိုဖြစ်စေပါတယ်။ ပို့စ်ပေးရတာလည်း ပိုပြီးလွယ်ပါတယ်။

ဒီပို့စ်လေးဆိုရင် စတိုင်လ်ကျတဲ့ ဖက်ရှင်မျိုးတွေဝတ်ထားတာနဲ့ လိုက်ဖက်တဲ့ပို့စ်မျိုးပါ။ လုပ်ရတာလည်း အရမ်းလွယ်ပါတယ်။ မျက်နှာထားက main ပါပဲ။

ဆံပင်စည်းနေတဲ့ပုံစံမျိုးလေး ပို့စ်ပေးပြီးရိုက်တာက မိန်းကလေးတိုင်းနဲ့ အရမ်းလိုက်ပြီး ဆွဲဆောင်မှုရှိစေပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်တဲ့ပို့စ်မျိုးပါ။

ဂါဝန်လေးတွေဝတ်ပြီးရိုက်တဲ့အခါမှာတော့ လက်ကိုဒီလိုမျိုးလေးထားပြီး ပို့စ်ပေးကြည့်ပါ။ ရိုးရိုးလေးနဲ့ မိန်းကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေဆိုရင် Citymart တွေသွားတဲ့အခါမှာလည်း ဓာတ်ပုံရိုက်တတ်ကြပါတယ်။ ရိုက်မယ်ဆိုရင်လည်း Citymart မှာ ဒီလိုအရမ်းချစ်ဖို့ကောင်းတဲ့ ပို့စ်လေးကို ရိုက်ခဲ့ဖို့မမေ့ပါနဲ့။

ခရီးတွေသွားတဲ့အခါမှာ ပို့စ်သိပ်မပေးတတ်ရင် portrait ရိုက်ပြီး ဒီလိုလေးသာ ပို့စ်ပေးကြည့်ပါ။ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ဒါကတော့ လူငယ်ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ ပို့စ်ပေးနည်းဖြစ်ပြီး အလွယ်ကူဆုံး ပို့စ်ပေးနည်းပါပဲ။

အပေါ်ထပ်အင်္ကျီလေးဝတ်ထားတဲ့အခါမှာ မိန်းကလေးဆန်ဆန်နဲ့ ဆွဲဆောင်မှုရှိအောင် ဒီလိုမျိုးလေး ပို့စ်ပေးရိုက်ကြည့်ပါ။

အအေးဘူးလေးတွေ bubble tea ဘူးလေးတွေကိုင်ပြီးတော့လည်း ဒီလိုမျိုးလေး ပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

စကပ်လေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ပုံစံမျိုးဝတ်ထားရင် ဒီလိုလေး ခါးထောက်နေတဲ့ပုံစံမျိုး ပို့စ်ပေးကြည့်ပါ။ လုပ်ရတာလွယ်ပြီး ချစ်ဖို့လည်းကောင်းတဲ့ ပို့စ်ပါပဲ။

photo source:www.pinterest.com