ကွန်ပြူတာနဲ့ဖုန်းအကြည့်များလို့ပဲဖြစ်ဖြစ်၊ တခြားသော အကြောင်းကြောင့်ပဲဖြစ်ဖြစ် ဇာတ်ကြောတက်ပြီး လည်ပင်းနာတာမျိုး ဖြစ်နေတဲ့သူတွေအတွက် ဇာတ်ကြောတက်ပြီး လည်ပင်းနာတာ သက်သာစေမယ့် အလွယ်ကူဆုံးသော လေ့ကျင့်ခန်း ၉ မျိုးကို မျှဝေပေးလိုက်ပါတယ်။

Neck Glide

ပုံမှာလုပ်ပြထားတဲ့ ပုံစံ ၃ မျိုးကို လုပ်ပေးရမှာပါ။ တစ်မျိုးကို ၅ စက္ကန့်စီ နေပေးပါ။ ၃ မျိုးလုံးလုပ်ပြီးမှ တစ်ကြိမ်လို့သတ်မှတ်ရပါမယ်။ စုစုပေါင်း ၁၀ ကြိမ် လုပ်ပေးပါ။

Neck Extension

ပုံမှာလုပ်ပြထားသလို ခေါင်းကိုအပေါ်မော့လိုက်၊ အောက်ငုံ့လိုက်နဲ့ ၁၀ ကြိမ်လုပ်ပေးရပါမယ်။

Neck Rotation

ခန္ဓာကိုယ်ကို တည့်တည့်နေပြီး ခေါင်းကိုပဲ ဘယ်လှည့်လိုက်၊ ညာလှည့်လိုက် လုပ်ပေးရမှာပါ။ ဒါလည်း ၁၀ ကြိမ်လုပ်ပေးရင် ရပါပြီ။

Lateral Extension

ပုံမှာလုပ်ပြထားတဲ့အနေအထား ၂ မျိုးကို လုပ်တဲ့အခါမှာလည်း တစ်မျိုးကို ၅ စက္ကန့်စီ နေပေးပါ။ ၂ မျိုးလုံးလုပ်ပြီးမှ ၁ ကြိမ်လို့သတ်မှတ်ရပါမယ်။ ဘယ်ဘက်ကိုခေါင်းစောင်းတာ ၁၀ ကြိမ်၊ ညာဘက်ကို ခေါင်းစောင်းတာ ၁၀ ကြိမ် လုပ်ပေးရမှာပါ။

Shoulder Shrugs

ခန္ဓာကိုယ်နဲ့ ပခုံးကို တည့်တည့်မတ်မတ်ထားပါ။ ပြီးရင် ပုံမှာလုပ်ပြထားတဲ့အတိုင်း ပခုံးကိုပင့်လိုက်၊ ပြန်ချလိုက် လုပ်ပေးပါ။ အနည်းဆုံး ၁၀ ကြိမ်လုပ်ပေးပါ။

Tilted Forward Flexion

ဒီလေ့ကျင့်ခန်းမှာလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်း အနေအထား ၂ မျိုးကို လုပ်ပေးပါ။ ခေါင်းကို ဘယ်ညာတစ်လှည့်စီစောင်းကာ တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ပေးပါ။

Deep Stretching

လက်နှစ်ဖက်ကို ခေါင်းနောက်မှာထားပြီး ခေါင်းကိုအောက်ငုံ့လိုက်၊ ဘယ်လက်နဲ့ ခေါင်းကိုဘယ်ဘက်စောင်းလိုက်၊ ပြီးရင် လက်နှစ်ဖက်ကို ခေါင်းနောက်မှာပြန်ထားပြီး ခေါင်းကိုအောက်ငုံ့လိုက်၊ ညာလက်နဲ့ ခေါင်းကိုညာဘက်စောင်းလိုက် လုပ်ပေးရမှာပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ပေးပါ။

Resistance Presses

လက်ကိုနဖူးမှာကပ်ထားပြီး ပုံမှာလုပ်ပြထားတဲ့ အနေအထား ၂ မျိုးကို လုပ်ပေးရမှာပါ။ ဒါလည်း ၁၀ ကြိမ်ဆို ရပါပြီ။

Towel Pull

နောက်ဆုံးလေ့ကျင့်ခန်းကတော့ Towel ကိုသုံးပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါလည်း အနည်းဆုံး ၁၀ ကြိမ်လုပ်ပေးရပါမယ်။