လူငယ်ကောင်မလေးတွေအတွက် ပြင်ဆင်ရတာလွယ်ကူပြီး ချစ်ဖို့လည်းကောင်းတဲ့ Hairstyle 9 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဆံပင်ကို အမြဲတမ်းချထားလိုက်၊ စုစည်းလိုက်မလုပ်ပဲ ဒီလိုလွယ်ကူတာလေးတွေလည်း အမျိုးမျိုး ပြင်ဆင်ကြည့်ပါ။ ပိုပြီးလှသွားတာပေါ့။

ဆံပင်ချထားရင် ထိပ်နားနှစ်ဖက်ကို ဒီလိုကျစ်ဆံမြီးသေးသေးလေး ကျစ်ကြည့်ပါ။ ချစ်ဖို့ကောင်းပြီး မိန်းကလေးဆန်ပါတယ်။

ဆံပင်နှစ်ဖက်ကို ဒီလိုနည်းနည်းအမြင့်လေး စည်းတာမျိုးကျတော့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ ဒါကြောင့် လူငယ်ကောင်မလေးတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။

ကျစ်ဆံမြီးနှစ်ဖက်ကို ဒီလိုလျော့လျော့လေးကျစ်တာလည်း ချစ်ဖို့ကောင်းတာပါပဲ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို ပြင်ဆင်ရတာလည်း လွယ်ကူပါတယ်။

ကျစ်ဆံမြီးနှစ်ဖက်ကို နောက်တစ်မျိုးမတူအောင် တင်းတင်းလေးကျစ်လို့လည်း ရပါသေးတယ်။ ဒါလည်း ချစ်ဖို့ကောင်းတဲ့ Hairstyle လေးပါပဲ။

ဆံပင်နှစ်ဖက်ခွဲပြီး ကျစ်ဆံမြီးကို ဒီလိုတစ်ဝက်ပဲကျစ်တာမျိုးကလည်း မိန်းကလေးဆန်ဆန်နဲ့ ချစ်ဖို့ကောင်းတဲ့ Hairstyle လေးပါ။

ဆံထုံးကို အမြင့်မထုံးပဲ ဒီလိုထုံးတာလေးကတော့ လူငယ်ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းနေစေမယ့် Hairstyle လေးပါ။ စကပ်အတိုလေးတွေ၊ ဘောင်းဘီတိုလေးတွေနဲ့ဆို ပိုလိုက်ဖက်ပါတယ်။

တစ်ဝက်စည်းတဲ့အခါမှာ ကပိုကယိုလေးနဲ့ လှနေအောင် ဒီလိုလေးစည်းပြီး ကလစ်နဲ့ညှပ်ပါ။ ကလစ်လှလှလေးတွေ တပ်ပြီး တစ်ဝက်စည်းတာက ခေတ်စားနေတာကြောင့် Try ကြည့်သင့်တဲ့ Hairstyle ပါပဲ။

ဆံပင်စည်းရတာတွေမကြိုက်ရင် ဆံပင်ချပြီး ကလစ်အသေးလေးနဲ့ ဒီလိုတပ်တာမျိုးလေးကလည်း ချစ်ဖို့ကောင်းတာပါပဲ။ အဝတ်အစား ဖက်ရှင်အားလုံးနဲ့လည်း လိုက်ဖက်တဲ့ Hairstyle လေးပါ။