ဝက်ခြံထွက်တယ်ဆိုတာက Cosmetics နဲ့ Skincare တွေ မှားသုံးမိတာကြောင့်လည်း ဖြစ်တတ်သလို၊ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ဖြစ်တတ်ပါတယ်။ နောက်တစ်မျိုးကတော့ သင်ကိုယ်တိုင်ပြုလုပ်မိနေတဲ့ အမှားတွေကြောင့် ဖြစ်တာမျိုးပါ။

ဒါကြောင့် ဝက်ခြံထွက်လာအောင် သင်ကိုယ်တိုင်သတိမထားမိလိုက်ပဲ နေ့စဉ်ပြုလုပ်မိနေတဲ့အမှားတွေက ဘာတွေလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။ ဒါမှလည်း နောက်ဆိုဆင်ခြင်လို့ရမှာပေါ့။

ခေါင်းအုံးစွပ်မလဲတာ

Source: www.firstcry.com

ခေါင်းအုံးစွပ်မှာက ကိုယ့်ခေါင်းကအဆီတွေ၊ မျက်နှာကအဆီတွေ အများဆုံးကပ်နေတဲ့အတွက် ခေါင်းအုံးစွပ်မသန့်ရင် ဝက်ခြံထွက်ပါတယ်။ ဒါကြောင့် ခေါင်းအုံးစွပ်ကို ၃ ရက် တစ်ခါ (သို့) ၅ ရက် တစ်ခါ လဲပေးပါ။

မိတ်ကပ်မဖျက်ပဲအိပ်တာ

Source:www.popxo.com

မိတ်ကပ်လိမ်းပြီးရင် Makeup Remover နဲ့မဖျက်ပဲအိပ်တာက ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံထွက်စေပါတယ်။ အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေလည်း ဖြစ်စေပါတယ်။

မျက်နှာခဏခဏသစ်တာ

Source:www.amazon.com

ဒီတိုင်းရေနဲ့သစ်တာတော့ ဘာမှမဖြစ်ပေမယ့် မျက်နှာသစ်ဆေးနဲ့သစ်ရင် မျက်နှာကို တစ်နေ့နှစ်ကြိမ်ပဲသစ်ပါ။ မျက်နှာသစ်ဆေးနဲ့ ခဏခဏသစ်ရင်လည်း ဝက်ခြံထွက်စေပါတယ်။

ဆီကြော်မုန့်တွေစားတာ

Source: www.splendidtable.org

ဆီကြော်မုန့်တွေ၊ အဆီအစိမ့်တွေ အရမ်းစားတာကလည်း ဝက်ခြံနဲ့ အဆီဖုတွေ ထွက်စေပါတယ်။

စိတ်ဖိစီးတာ

Source: www.talkspace.com

စိတ်ဖိစီးမှုများရင်လည်း ဝက်ခြံထွက်သလို ဝမ်းချုပ်ရင်လည်း ဝက်ခြံထွက်တတ်ပါတယ်။

Deep Cleansing မလုပ်တာ

Source:www.treehugger.com

မိတ်ကပ်တွေလိမ်းပြီး မျက်နှာသစ်ဆေးနဲ့ တန်းသစ်တာက မျက်နှာမှာရှိတဲ့ အညစ်အကြေးနဲ့ မိတ်ကပ်တွေ မပြောင်ပါဘူး။ ဝက်ခြံနဲ့အဆီဖုတွေ ဖြစ်စေပါတယ်။ ဒါကြောင့် Makeup Remover နဲ့ဖျက်ပြီးမှ မျက်နှာသစ်ဆေးသုံးပေးပါ။

Makeup Brush မသန့်တာ

Source: www.hqhair.com

သင်သုံးနေတဲ့ Makeup Brush တွေ Makeup Sponge တွေ မသန့်ရင်လည်း ဝက်ခြံထွက်စေပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ခါသန့်စင်ပေးပါ။

လက်မသန့်တာ

Source: www.usnews.com

မသန့်တဲ့လက်နဲ့ မျက်နှာကို ခဏခဏကိုင်တာ၊ ကလိတာ၊ လက်သည်းနဲ့ကုတ်ဖဲ့တာမျိုးတွေက ဝက်ခြံထွက်စေပါတယ်။ Sensitive Skin တွေဆို ချက်ချင်း ဝက်ခြံထွက်လာတတ်တယ်။

ဖုန်းမသန့်တာ

Source: www.presencacacheada.com

သင်ကိုင်နေတဲ့ဖုန်းရဲ့ Screen ကို မိတ်ကပ်ဖျက်ဆေးနဲ့ သုတ်သုတ်ပေးပါ။ ဖုန်းက ကိုယ့်မျက်နှာ၊ လက်နဲ့ ထိတွေ့နေရတာဆိုတော့ ဖုန်းမှာ အဆီတွေ၊ အညစ်ကြေးတွေ ကပ်နေပါတယ်။ ဖုန်းပြောတဲ့အခါ ပါးနဲ့ကပ်ပြောတော့ အဆီ၊ အညစ်အကြေးတွေကပ်ပြီး ဝက်ခြံထွက်စေတာပေါ့။