ဝက်ပုံလေးတွေကြိုက်တဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ အရမ်းချစ်ဖို့ကောင်းတဲ့ ဝက်ပုံလက်သည်းဒီဇိုင်း ၉ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လက်မမှာပဲ ဝက်ပုံလေးတွေ ပုံဖော်ထားပြီး တစ်ခြားလက်လေးတွေမှာက ဒီဇိုင်းမတူအောင် ပုံဖော်ထားတာဖြစ်လို့ ပိုလှပြီး ချစ်ဖို့ကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းကျတော့ အကြည်ပေါ်မှာ ပုံဖော်ထားတာဖြစ်လို့ တစ်မျိုးဆန်းပြီး ချစ်ဖို့ကောင်းတဲ့ ဝက်ပုံလက်သည်းဒီဇိုင်းလေးပါ။

ဒီပုံလေးဆိုလည်း အကြည်မှာပုံဖော်ထားတာဖြစ်လို့ ရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီဝက်လက်သည်းဒီဇိုင်းကျတော့ ပန်းရောင်မှာ အနီရောင်ကိုပါထည့်ပြီး ပုံဖော်ထားတာဖြစ်လို့ ပိုပေါ်လွင်ပြီး လက်လည်းပိုဖြူသလို ဖြစ်သွားစေပါတယ်။ ကျောက်ကပ်ထားတာလေးကြောင့် ဒီဇိုင်းတစ်မျိုးဆန်းသွားစေပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် ဝက်ကိုမှ တစ်ကောင်လုံးပုံလေးကို ပုံဖော်ထားတာဖြစ်လို့ ပိုပြီးချစ်ဖို့ကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လူကြိုက်များမှာပါ။ အရမ်းချစ်ဖို့ကောင်းတဲ့ ဝက်ပုံလက်သည်းဒီဇိုင်းဖြစ်ပြီး လက်သည်းအတို၊ အရှည် အကုန်လုံးနဲ့ကို လိုက်ဖက်ပါတယ်။

ဝက်မျက်နှာလေးကိုပဲ ကွက်ပြီးပုံဖော်ထားတာ လက်သည်းအပြည့်ကို ပုံဖော်ထားတာဖြစ်လို့ အမြင်တစ်မျိုးဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လက်သည်းအချွန်ထားတဲ့သူတွေနဲ့ အရမ်းလိုက်ဖက်တဲ့ ဝက်လက်သည်းဒီဇိုင်းလေးပါ။

ဒီဇိုင်းတစ်မျိုးဆန်းတဲ့ ဝက်လက်သည်းဒီဇိုင်းလေးပါ။ လက်မမှာပုံဖော်ထားတဲ့ ဝက်မြှီးလေးဆိုရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ ပန်းရောင်နဲ့ အနီကိုစပ်ပြီး ပုံဖော်ထားလို့ လက်ပိုပေါ်လွင်စေပါတယ်။

Photo source:www.pinterest.com