လက်သည်းပုံဖော်ရတာကို ဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာ ဒီဇိုင်းဆန်းပြီး အရမ်းချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်း ၉ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လက်သည်းပုံဖော်ရင် ဒီဇိုင်းရှုပ်ယှက်ခတ်နေတာမျိုး၊ အမြင်ရိုင်းတာမျိုးကို မကြိုက်တဲ့သူတွေအတွက်ဆိုလည်း ဒီလက်သည်းဒီဇိုင်းလေးတွေက ရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

အစိမ်းရောင်ကြိုက်တဲ့သူဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်သင့်ပါတယ်။ ရိုးရှင်းပြီး အရမ်းကိုချစ်ဖို့ကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ရှင်းရှင်းလေးနဲ့ ဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။ အရောင်လေးတွေကအစ အရမ်းလှပြီး ဘိုဆန်တာကြောင့် မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပါတယ်။

အရောင်ငြိမ်တာလေးတွေ၊ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတာလေးတွေကို ကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းကိုသာ ပုံဖော်ကြည့်ပါ။ လူငယ်၊ လူကြီး အားလုံးနဲ့ လိုက်ဖက်တဲ့ လက်သည်းဒီဇိုင်းလေး ဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုလည်း လူကြီး၊ လူငယ်မရွေး လိုက်ဖက်ပါတယ်။ ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။ အရောင်ကလည်း အသားဆောင်တဲ့အရောင်လေး ဖြစ်ပါတယ်။

ဒီလက်သည်းနီအရောင်လေးကတော့ မိန်းကလေးတိုင်းကြိုက်ကြတဲ့ အရောင်လေးပါ။ ဒီအရောင်လေးကိုဆိုးမယ်လို့ ရွေးချယ်ထားရင်တော့ ဒီပုံစံလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်သင့်ပါတယ်။

မြင်နေကျပုံစံတွေထဲကနေကွဲထွက်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရောင်လေးတွေကလည်း ချစ်ဖို့ကောင်းတာကြောင့် လူငယ်ကောင်မလေးတွေ ပုံဖော်သင့်တဲ့ လက်သည်းဒီဇိုင်းလေးပါပဲ။

အပြာနဲ့ပန်းရောင်ကိုစပ်ပြီး ပုံဖော်ထားတာလေးက အရမ်းချစ်ဖို့ကောင်းပါတယ်။ ရိုးရှင်းတဲ့ပုံစံလေးတွေကြိုက်ရင် ပုံဖော်သင့်တဲ့ လက်သည်းဒီဇိုင်းပါပဲ။

တစ်ချောင်းကိုတစ်ရောင်ဆိုးပြီး ပုံဖော်ထားတာလေးက ဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေ သဘောကျမယ့်ပုံစံလေးဖြစ်မှာပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း ဒီဇိုင်းဆန်းပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ လူငယ်ပိုင်း၊ လူလတ်ပိုင်း ကောင်မလေးတွေနဲ့ ပိုပြီးလိုက်ဖက်မှာပါ။

photo source:www.pinterest.com