ဆံပင်ရှည်တဲ့ကောင်မလေးတွေအတွက် ဒီနွေရာသီမှာ ဆံပင်ကိုအမျိုးမျိုးပြင်ဆင်ဖို့ ချစ်ဖို့ကောင်းပြီး ပြင်ဆင်ရလွယ်ကူတဲ့ Summer Hairstyle 9 မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဆံပင်ကို အမြဲတမ်းဖားလျားချထားတာထက် အမျိုးမျိုးပြင်ဆင်ရတာကို ကြိုက်တယ်ဆိုရင်တော့ ဒီ Hairstyle လေးတွေကို ပြင်ဆင်ကြည့်နော်။

Hairstyle 1

ဒီ Hairstyle ဆိုရင် ရိုးရိုးလေးပဲ ကျစ်ဆံမြီးကျစ်လိုက်တာဖြစ်ပေမယ့် ကလစ်အသေးလေးတွေကို ကျစ်ဆံမြီးကျစ်ထားတဲ့နေရာလေးတွေမှာ လိုက်တပ်တာက လူငယ်ဆန်ပြီး ပိုချစ်ဖို့ကောင်းသွားစေပါတယ်။ ကလစ်ရောင်စုံတပ်တာက နွေရာသီနဲ့လိုက်ဖက်တဲ့ Summer Hairstyle လေးပါပဲ။

Hairstyle 2

ဒီ Hairstyle လေးကလည်း ခုနကလို ရိုးရိုးကျစ်ဆံမြီးလေးကျစ်တာပါပဲ။ ထိပ်နားမှာ ဖဲပြားကလစ်လေးတပ်လိုက်တော့ Hairstyle တစ်မျိုးပြောင်းပြီး ချစ်ဖို့ကောင်းသွားစေပါတယ်။

Hairstyle 3

နွေရာသီမှာ ကျစ်ဆံမြီးနှစ်ဖက်ခွဲကျစ်တာလေးတွေက အပူဒဏ်သက်သာစေတဲ့ Hairstyle လေးပါ။ ဒီမှာဆိုရင် ထိပ်နားကစယူပြီးကျစ်ထားတာဖြစ်ပြီး အရှေ့ဆံပင်ကိုလည်း ကွေးကွေးလေးဖြစ်အောင် ဖြောင့်စက်နဲ့ပုံသွင်းထားတာလေးက အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒီလိုလေးလည်း Try ကြည့်နော်။

Hairstyle 4

အပူဒဏ်သက်သာပြီး ဂုတ်ရှင်းနေစေမယ့် Summer Hairstyle လေးပါ။ ကလစ်ကို အမျိုးမျိုးတပ်လို့လည်းရပါတယ်။ ချစ်ဖို့ကောင်းတဲ့ Hairstyle လေးပါပဲ။

Hairstyle 5

ဒီ Hairstyle လေးကျတော့ လူငယ်ကောင်မလေးတွေနဲ့ ပိုလိုက်ပါတယ်။ Cute Type လေးတွေ ဝတ်ဖြစ်တဲ့နေ့မှာ ပြင်ဆင်လို့အကောင်းဆုံးပါပဲ။

Hairstyle 6

ဆံပင်ကိုအမြင့်စုစည်းပြီးမှ ကျစ်ဆံမြီးကျစ်ထားတာဆိုတော့ မြင့်မြင့်လေးနဲ့ ပိုချစ်ဖို့ကောင်းပါတယ်။ နဖူးပြောင်နေတာမျိုးမဖြစ်အောင် ဆံပင်နည်းနည်းလေးတွေချပြီးတော့လည်း ဖြောင့်စက်နဲ့ပုံသွင်းထားပါတယ်။ ချစ်ဖို့ကောင်းတဲ့ ဒီ Summer Hairstyle လေးကတော့ မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပါတယ်။

Hairstyle 7

ဒီ Hairstyle ဆိုရင် ခုနက Hairstyle 6 နဲ့ တူပါတယ်။ သူက ဖဲကြိုးလေးကိုပါ ထည့်ကျစ်ထားတာဖြစ်လို့ အမြင်တစ်မျိုးပြောင်းသွားစေပါတယ်။ ဒီလိုလေးကလည်း နွေရာသီနဲ့လိုက်ဖက်တဲ့ Summer Hairstyle လေးပါပဲ။

Hairstyle 8

နှစ်ဖက်ခွဲကျစ်ထားတဲ့ ကျစ်ဆံမြီးကို မြင့်မြင့်လေးဖြစ်နေအောင် ဆံပင်ကိုအရင်စည်းပြီးမှ ကျစ်ထားတာပါ။ ပြီးရင် ဘီးကုတ်တပ်တာပဲဖြစ်ဖြစ်၊ ကလစ်တပ်တာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး ရှင်းရှင်းလေးဖြစ်နေလို့ အပူဒဏ်လည်း သက်သာစေပါတယ်။

Hairstyle 9

ကျစ်ဆံမြီးမကျစ်ချင်တဲ့အခါ ဆံပင်ကို ခေါင်းစည်းကြိုးအများကြီးနဲ့ ဒီလိုလေးလည်း စည်းလို့ရပါသေးတယ်။ လူငယ်ဆန်ပြီးချစ်ဖို့ကောင်းတဲ့ Summer Hairstyle လေးပါပဲ။