အပြင်မှာ ချစ်ရသူတွေနဲ့ ဒါမှမဟုတ် အိမ်မှာ တစ်ယောက်တည်း အေးအေးဆေးဆေး အားလပ်ရက်ကို ရုပ်ရှင်ကြည့်ရင်း ကုန်ဆုံးချင်တဲ့သူတွေအတွက် ဘယ်အချိန်ဘဲကြည့်ကြည့် မရိုးတဲ့ ခံစားချက်ကောင်းကိုပေးနိုင်တဲ့ Korean series တချို့ကို ဝေမျှပေးချင်ပါတယ်။

1. Goblin (2016)

ဇာတ်လမ်းဇာတ်ကွက် ၊ ကြည့်လို့ကောင်းရုပ်ရှင်ရိုက်ကွင်းနေရာတွေနဲ့ ကြည့်မဝဖြစ်စေတဲ့ ကနေဒါအလှတွေက သင့်ကိုဆွဲဆောင်နိုင်မှာအသေချာပါ။

2. Reply 1988 (2015)

အချစ်ကို ပုံစံအမျိုးမျိုးနဲ့ သရုပ်ဖော်ထားတဲ့ ဒီဇာတ်ကားဟာ မိသားစုကနေ ခင်မင်ရင်းနှီးမှုနဲ့ ဆက်ဆံရေးအထိ ပုံစံအမျိုးမျိုးနဲ့မလို့ သင့်နှလုံးသားကို ထိမိစေမှာ သေချာပါတယ်။

3. Weightlifting Fairy Kim Bok Joo (2016)

ဒီ K-drama က Hallyu ပရိသတ်များကြားမှာ ခုထိအကြိုက်တွေ့နေဆဲပါ။ ပေါ့ပေါ့ပါးပါးနဲ့ရိုက်ထားတဲ့ ဇာတ်လမ်းလေးမလို့ စိတ်ဖိစီးနေရင်တောင် ကြည့်နေတဲ့အချိန်မှာ မေ့နေမှာသေချာပါတယ်။

4. Hospital Playlist (2020)

တခြားဆရာဝန်ဇာတ်လမ်းတွေနဲ့မတူဘဲ ဆေးကျောင်းသားဘဝကတည်းက ပါမောက္ခဖြစ်တဲ့အထိ အခင်မပြတ်ရှိနေတဲ့ သူငယ်ချင်းငါးယောက်ကိုကြည့်ရင်း ရီနေရမှာပါ။ ဒီ K-drama ကိုကြည့်ရင်း သင့်သူငယ်ချင်းတွေကို သတိရနေမှာ သေချာပေါက်ပါ။

5. Record Of Youth (2020)

စိတ်အားထက်သန်တဲ့ ဇာတ်လမ်းတွဲမျိုးကြည့်ချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းမှာ ထူးချွန်ဖို့ အိပ်မက်ကြီးကြီးမားမားရှိကြတဲ့ လူငယ်တွေကို အဓိကရိုက်ထားတဲ့ ဒီဇာတ်လမ်းကို ကြည့်ကြည့်ပါ။ တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်းတောင် အပြီးကြည့်လို့ရပါတယ်။

6. When The Camellia Blooms (2019)

ဒီဇာတ်လမ်းကတော့ ခါးသီးပြီး စိတ်ပျက်စရာအခြေအနေတွေကို ပေါ့ပေါ့ပါးပါးနဲ့ ကိုင်တွယ်ဖြေရှင်းတာကို အဓိကရိုက်ထားတာပါ။

7. Crash Landing On You (2020)

ဒီဇာတ်လမ်းကို ပထမဆုံးကြည့်တာပဲဖြစ်ဖြစ် ပြန်ကြည့်တာပဲဖြစ်ဖြစ် ခံစားချက်က အတူတူပါပဲ။ အခုဆို သရုပ်ဆောင်တွေဟာ တကယ့်လက်တွေ့ဘဝမှာ စုံတွဲတွေဖြစ်လာပြီး အခု ကလေးလေးရဲ့ မိဘတွေဖြစ်နေပါပြီ။

8. My Love From The Star (2013)

ချောလွန်းတဲ့ ဂြိုလ်သား နဲ့ မင်းသမီး တို့ကြားက Chemistry ကို နှစ်ဆယ်စုနှစ်တစ်ခုကြာတာတောင် ဘယ်သူမှမေ့မယ်မထင်ပါဘူး။

9. While You Were Sleeping (2017)

ဒီဇာတ်လမ်းက ထုတ်လွှင့်ခဲ့တာ နှစ်တော်တော်ကြာခဲ့ပေမယ့် ခုထိနာမည်ကြီးဆဲပါ။ ဒီရှိုးမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကွက်တွေကို အပိုင်းတစ်ခုပြီးတစ်ခု ကြည့်ရှုရမှာဖြစ်သလို Jong Suk နဲ့ Suzy တို့ရဲ့ ပါဝါကလည်း ဒီ K-drama ကို မကြည့်မဖြစ်ကြည့်သင့်တဲ့ အကြောင်းရင်းတစ်ခုပါပဲ။