ငယ်ရွယ်မှုကို လိုလားနှစ်သက်တဲ့ပျိုမေလေးတွေအနေနဲ့ အသားအရေကိုလည်း သေချာဂရုတစိုက်နဲ့ ထိန်းသိမ်းသင့်သလို အစားအသောက်ပိုင်းမှာလည်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအသောက်များကိုသာ စားသုံးသင့်ပါတယ်။

ဒါတင်မကသေးပါဘူး။ ဖက်ရှင်စတိုင်လ်ပိုင်းဆိုင်ရာမှာလည်း ငယ်ရွယ်တဲ့ဖက်ရှင်မျိုးဖြစ်အောင် သေချာရွေးချယ် ဝတ်ဆင်သင့်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ဆယ်နှစ်လောက် ငယ်ရွယ်ချင်တဲ့ပျိုမေလေးတို့အနေနဲ့ ရှောင်ရန် ဆောင်ရန် ဖက်ရှင်စတိုင်လ်များကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

ဂျင်းဘောင်းဘီ ရွေးချယ်တဲ့အခါ

ဂျင်းအပွတွေထက် Skinny Jeans တွေက သင့်ရဲ့ခန္ဓာကိုယ်အချိုးအစားကို ပိုမိုပေါ်လွင်စေပြီး အရွယ်တင်နုပျိုစေပါတယ်။

ကိုယ်ခန္ဓာ မြှုပ်သွားစေမယ့် အဝတ်အစားမျိုးကို ရှောင်ကြဉ်ပါ

ခပ်ပွပွအင်္ကျီတွေက ဝမ်းဗိုက်က အဆီပိုတွေကို ဖုံးပေးထားနိုင်ပေမယ့် ခန္ဓာကိုယ်ကောက်ကြောင်း ပျောက်သွားသည်အထိ ပွယောင်းလွန်းသောအဝတ်အစားမျိုးကိုတော့ မဝတ်ဆင်သင့်ပါဘူး။

အင်္ကျီကို စကပ်ထဲ မြှုပ်ဝတ်ပါ

ထိုကဲ့သို့ ဝတ်ဆင်ခြင်းက သင့်ကို ပိုမိုငယ်ရွယ်စေပြီး ခန္ဓာကိုယ်အလှပိုမိုပေါ်လွင်စေပါတယ်။

နေကာမျက်မှန်ဝတ်တဲ့အခါ

မိမိမျက်နှာကျနဲ့ လိုက်ဖက်တဲ့ နေကာမျက်မှန်ကို သေချာရွေးချယ်သင့်ပြီး မျက်ဝန်းတဝိုက်ရှိ အရေးအကြောင်းများကို ဖုံးကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်ကိုသာ ရွေးချယ်ဝယ်ယူပါ။

လက်ဝတ်လက်စား ဝတ်ဆင်တဲ့အခါ

ရိုးရှင်းပြီး သေးမျှင်သော လက်ဝတ်လက်စားများက ပိုမိုငယ်ရွယ်တဲ့ပုံပေါက်အောင် ကူညီပေးနိုင်ပါတယ်။

အမဲရောင်ကို တတ်နိုင်သမျှရှောင်ကြဉ်ပါ

အသက်ကြီးသွားသည်နှင့်တပြိုင်နက် အသားအရေက ဖျော့တော့သွားပါတယ်။ ထိုအချိန်မှာ အမဲရောင်အဝတ်အစားကိုသာ တွင်တွင်ဝတ်ဆင်မယ်ဆိုရင် သင့်ကိုအရေးအကြောင်းကို ပိုမိုပေါ်လွင်အောင် ပြုလုပ်ရာရောက်ပါတယ်။

ဒါ့ကြောင့် အမဲရောင်အဝတ်အစားများထက် အရောင်ဖျော့အဝတ်အစားများကိုသာ ရွေးချယ်ဝတ်ဆင်ပါ။

မိမိရင်သားအရွယ်အစားနှင့် ကိုက်ညီသော ဘရာဇီယာကိုသာ ရွေးချယ်ပါ

ဆိုဒ်မမှန်တဲ့ အတွင်းခံက သင့်ကို သက်သောင့်သက်သာမဖြစ်စေတဲ့အပြင် အသက် ၁၀ နှစ်လောက် ပိုကြီးစေပါတယ်။ ဒါ့ကြောင့် ရင်သား တင်းတင်းရင်းရင်းလေးနဲ့ လှပချင်တယ်ဆိုရင် မှန်ကန်သော ဘရာဆိုဒ်ကို ရွေးချယ်ရပါမယ်။

ဗွီပုံသဏ္ဍာန် အင်္ကျီအဝတ်အစားကို ရွေးချယ်ပါ

ဗွီပုံသဏ္ဍာန် အင်္ကျီအဝတ်အစားက သင့်ကို ပိုမိုငယ်ရွယ်စေပြီး ပိုမိုဆွဲဆောင်မှုရှိစေပါတယ်။

ပန်းပွင့်အကြီးကြီး အဆင်မျိုးကို ရှောင်ကြဉ်ပါ

အပွင့်ကြီးလေ ပိုပြီးအသက်ကြီးပုံပေါက်လေပါပဲ။ ဒါကြောင့် ပြောင်အဝတ်အစားမျိုးကိုသာ ရွေးချယ်ပါ (သို့) အပွင့်အဆင်သေးသော အဝတ်အစားများကို ရွေးချယ်ပါ။

ဒီလောက်ဆိုရင်တော့ ပျိုမေလေးတို့လည်း ဆယ်နှစ်လောက် ငယ်ရွယ်နုပျိုစေမယ့် လျှို့ဝှက်ချက်များကို သိရှိသွားလောက်ပြီပေါ့နော်။

Source: Brightside.me