မင်္ဂလာပါ ပျိုမေတို့ရေ။ ဆံပင်ကိုဒီတိုင်းချထား၊ စည်းထားရတာ ရိုးလာပြီလို့ ခံစားရတဲ့သူတွေအတွက် ခေတ်ဆန်ပြီး ချစ်စရာကောင်းနေမယ့် ကလစ်လှလှလေးတွေပါတဲ့ Hairstyle Idea တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ Hair Accessories တွေဆိုတာ အမြင်ထင်းသလို မျက်နှာလေးပိုလင်းပြီး လူငယ်ဆန်စေတဲ့အပြင် တစ်ခု၊ နှစ်ခုလောက်ရှိထားရုံနဲ့ Hairstyle အမျိုးမျိုးပြင်ဆင်လို့ရတဲ့ ဖက်ရှင်ပစ္စည်းတွေပါ။

ဆံပင်မှာ ကလစ်လေးတစ်ခုကပ်ထားလိုက်တာနဲ့ ပုံစံလေးသပ်ရပ်သွားတတ်တာမို့ ထွေထွေထူးထူး ပုံမသွင်းချင်သူတွေ အတွက်လည်း အဆင်ပြေပါတယ်။ ဖော်ပြထားတဲ့ Hairstyle လေးတွေက ဆံပင်အတိုအရှည်မရွေး ပြင်ဆင်နိုင်တဲ့အပြင် လူငယ်ကောင်မလေးတွေနဲ့ လိုက်ဖက်စေမှာမို့ ပြင်ကြည့်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-
ညှပ်ကလစ်အသေးလေးတွေယှက်ပြီး ထိုးထားတဲ့ပုံစံ

နဖူးရှေ့က ညှပ်ကလစ်နှစ်ချောင်းထိုး ပုံစံလေး

နားရွက်နောက်နားမှာ ထိုးထားတဲ့ ညှပ်ကလစ်အသေးလေးနှစ်ခု

တစ်ဖက်တည်းထိုးထားတဲ့ ပုလဲကလစ်အရှည်

ချစ်စရာကောင်းတဲ့ရောင်စုံကလစ်လေးတွေ

ကိုယ့်ရဲ့ Outfit နဲ့လိုက်ဖက်တဲ့ ကလစ်လေးတွေ

လိပ်ပြာကလစ်လေးတွေနဲ့ ပြင်ဆင်ထားတဲ့ Hairstyle တွေ

ဆယ်ကျော်သက်ကောင်မလေးတွေနဲ့လိုက်မယ့် ကြယ်ကလစ် ပုံစံလေး
ဆံပင်စည်းထားတဲ့အချိန် ပန်လို့လှတဲ့ ဖဲပြားကလစ်လေးတွေ
By MyStyle Myanmar






