နိုဝင်ဘာလမွေးဖွားသူတွေအားလုံး Happy Birthday ပါနော်။ သင်က နိုဝင်ဘာလမွေးဖွားသူဆိုရင်တော့ သင့်မှာထူးခြားချက်၊ အားသာချက်တွေရှိပါတယ်။ ဒီအားသာချက်တွေကဘာတွေလဲဆိုတော့-

၁။ တစ်မူထူးခြားတယ်

နိုဝင်ဘာလ မွေးဖွားသူတွေရဲ့ စိတ်ကူးက တခြားသူနဲ့ မတူဘဲ ကွဲပြားနေတတ်ပါတယ်။ တခြားသူတွေနဲ့ မတူညီဘဲ ကွဲထွက်နေတတ်တာမို့ တစ်သီးတစ်သန့် ထူးခြားသူတွေဖြစ်ပါတယ်။

၂။ သစ္စာရှိတယ်

နိုဝင်ဘာ Born တွေက သူတို့မိသားစု၊ ချစ်သူ၊ သူငယ်ချင်းမိတ်ဆွေတွေအပေါ်မှာ အပြည့်အဝသစ္စာရှိသူတွေပါ။ သူတို့ကို အပြည့်အဝယုံကြည်ပေးနိုင်ပါတယ်။

၃။ ကြည့်ကောင်းကြတယ်

November Born တွေက ကြိုးစားစရာမလိုဘဲနဲ့ကို ဆွဲဆောင်မှုရှိနေတတ်ပါတယ်။

၄။ အလုပ်ကြိုးစားတယ်

နိုဝင်ဘာလမှာ မွေးဖွားသူတွေက အချိန်မဆွဲတတ်ကြဘဲ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးကြိုးစားကြသူတွေဖြစ်ပါတယ်။

၅။ တည်ငြိမ်ပြီးကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်တယ်

နိုဝင်ဘာလ မွေးသူတွေက ကိုယ့်ဒေါသကို အလွယ်တကူမချပြတတ်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းချုပ်နိုင်ကြပါတယ်။

၆။ ကိုယ်ပိုင် စည်းမျဉ်းဥပဒေတွေရှိတယ်

သူတို့တွေက ကိုယ့်ခံယူချက်၊ ကိုယ့်စည်းမျဉ်းဥပဒေတွေနဲ့ နေထိုင်ကြသူတွေဖြစ်ပါတယ်။

၇။ ကိုယ်ပိုင်နေရာရှိတယ်

နိုဝင်ဘာလမွေးဖွားသူတွေက သူတု့ိအကြောင်းကို တခြားသူဆီပြောလေ့မရှိပါဘူး။

၈။ လူတိုင်း အပေါ် မျှမျှတတဆက်ဆံတယ်

နိုဝင်ဘာ Born တွေက လူတစ်ယောက်ကို ပုံစံအမြင်နဲ့ မဆုံးဖြတ်တတ်ပါဘူး။ လူတိုင်းအပေါ် ခွဲခြားမှုမရှိဘဲ မျှမျှတတ ဆက်ဆံတတ်ပါတယ်။

၉။ ခေါင်းမာတယ်

သူတို့တွေက ခေါင်းမာကြပါတယ်။ ကိုယ်မှန်တယ်ထင်ရင် ဘူးတောင် ဖရုံမသီးတဲ့ သူမျိုးတွေပါ။

Photo Source: Pinterest

By MyStyle Myanmar