အားလုံးပဲမင်္ဂလာပါနော်။ ပျိုမေတို့အနေနဲ့ ကိုယ်စားသုံးတဲ့ အစားအစာတွေက ကိုယ့်ရဲ့ ခန္ဓာကိုယ်ကျန်းမာရေး တင်မကဘဲ အသားအရေကျန်းမာရေးကိုပါ သက်ရောက်မှုရှိတာကိုတော့ ကြားဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့် စိုပြေကျန်းမာတဲ့အသားအရေရဖို့ဆိုရင် မှန်ကန်တဲ့အစားအသောက်တွေကို ရွေးချယ်စားသောက်တတ်ဖို့က အရမ်းအရေးကြီးပါတယ်။ အခုဖော်ပြပေးမယ့်အစားအသောက်တွေကတော့ အသားအရေကျန်းမာရေးအတွက် အကောင်းဆုံးအထောက်အကူပြုနိုင်တဲ့အစားအစာတွေပဲဖြစ်ပါတယ်။

၁။ အဆီမပါတဲ့ဒိန်ချဉ်

အဆီမပါတဲ့ဒိန်ချဉ်နဲ့နို့ထွက်ပစ္စည်းတွေမှာ အသားအရေကိုသဘာဝအတိုင်း ကြည်လင်တောက်ပစေတဲ့ ဗီတာမင်အေဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

၂။ ဘယ်ရီသီးအမျိုးမျိုး

စတော်ဘယ်ရီ၊ ဘလူးဘယ်ရီအစရှိတဲ့ ဘယ်ရီသီးအမျိုးအစားတွေမှာ Antioxidant ဓာတ်တွေပါဝင်တဲ့အတွက် သင့်အသားအရေကို အရေးအကြောင်းကင်းပြီး အရွယ်တင်နုပျိုစေနိုင်ပါတယ်။

၃။ ဆယ်လ်မွန်ငါး

အစိုဓာတ်ပြည့်ဝတဲ့အသားအရေအတွက် အိုမီဂါ- 3 ဖက်တီးအက်စစ်တွေပါဝင်တဲ့ အစားအသောက်တွေလည်း စားသုံးဖို့လိုပါတယ်။ ဆယ်လ်မွန်ငါးဟာ အိုမီဂါ- 3 ဖက်တီးအက်စစ်ကြွယ်ဝစွာပါဝင်တဲ့ ပင်လယ်ငါးတစ်မျိုး ဖြစ်ပါတယ်။ တကယ်လို့သင်က ငါးမကြိုက်တဲ့သူဆိုရင်တော့ သစ်ကြားသီးနဲ့ Flax Seed စတာတွေကို စားသုံးနိုင်ပါတယ်။

၄။ လက်ဖက်စိမ်းရည်

လက်ဖက်စိမ်းရည်မှာ ရောင်ရမ်းခြင်းကိုကာကွယ်ပေးနိုင်တဲ့ Polyphenols ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ Polyphenols ဆိုတာကတော့ အိုမင်းရင့်ရော်မှုနဲ့ နေလောင်ဒဏ်တွေကိုကာကွယ်ပေးနိုင်တဲ့ Antioxidant ဓာတ်တစ်မျိုးဖြစ်ပါတယ်။

၅။ ရေ

ရေဓာတ်ပြည့်ဝဖို့ကတော့ အသားအရေအတွက် မရှိမဖြစ်အလိုအပ်ဆုံးပါပဲ။ ဒါကြောင့်ရေများများသောက်ပေးပါ။ တစ်နေ့ကို ရေ (၈) ခွက်အထိသောက်တာက သင့်အသားအရေစိုပြေဖို့ အထောက်အကူဖြစ်စေမှာပါ။

၆။ ထောပတ်သီး

ထောပတ်သီးမှာပါဝင်တဲ့ ဗီတာမင်ဘီ အမျိုးအစားပေါင်းစုံနဲ့ ရနံ့ဆီတွေက အသားအရေတင်းရင်းလှပစေပြီး အရေပြားနီမြန်းခြင်းနဲ့ရောင်ရမ်းခြင်းတွေကို ကုသပေးနိုင်ပါတယ်။

၇။ သရက်သီး

ဗီတာမင် အေကြွယ်ဝစွာပါဝင်တဲ့ သရက်သီးကလည်း အရေပြားပေါ်ကဆဲလ်သေတွေကို ဖယ်ရှားရာမှာ အထောက်အကူပြုတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ သရက်သီးမှာ ကယ်လိုရီပါဝင်မှုနည်းတာကြောင့် ဝိတ်ချတဲ့သူတွေအတွက် လည်း အဆင်ပြေစေပါတယ်။

၈။ ဒိန်ခဲအပျော့ (Cottage Cheese)

ဒိန်ခဲအပျော့တွေမှာ အသားအရေကို နုပျိုတောက်ပပြီး ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ Selenium လို့ခေါ်တဲ့ သတ္တုဓာတ်တစ်မျိုးပါဝင်ပါတယ်။

၉။ ဗာဒံစေ့

ဗာဒံစေ့မှာ အသားအရေအတွင်းပိုင်းအထိ အစိုဓာတ်ထိန်းပေးနိုင်တဲ့ ဗီတာမင် E ပါဝင်ပါတယ်။ ဗာဒံစေ့စားတာက မျက်နှာ အရေပြား တစ်ရှူးတွေကို နှစ်အတော်ကြာ မပျက်စီးအောင်ထိန်းထားနိုင်တာကြောင့် အိုမင်းရင့်ရော်မှုနဲ့ အသားအရေပျက်စီးမှုတွေ အလွယ်တကူမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

Photo Source: Pinterest