နှစ်တစ်နှစ်ရဲ့ အစ၊ ဒါမှမဟုတ် လတစ်လရဲ့ အစမှာ လူအများစုဟာ ရည်မှန်းချက်တွေ ထားလေ့ရှိပါတယ်။ ဒီလို ထားကာ ဒီအရာကို တစ်လအတွင်း၊ တစ်နှစ်အတွင်း တကယ်ဖြစ်အောင် ကြိုးစားတတ်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ မိန်းကလေးတိုင်းလိုလို အလှအပနဲ့ ပတ်သက်ပြီး ထားသင့်တဲ့ ရည်မှန်းချက် (၉) ခု ကို ဖော်ပြပါရစေ။
၁။ အိပ်စက်ခြင်း
“Get your Beauty Sleep” ဆိုတဲ့ စကားကို သင်ကြားဖူးမှာပါ။ သင့်အနေနဲ့ အိပ်စက်ခြင်းကို ဦးစားပေးဖို့ မမေ့သင့်ပါဘူး။ အနည်းဆုံး ၇ နာရီကနေ ၈ နာရီ သတ်မှတ်ကာ အိပ်စက်ဖို့ ရည်မှန်းချက် ထားသင့်ပါတယ်။
၂။ မျှတတဲ့ Diet ပုံစံ
အသားအရေ လှဖို့၊ ခန္ဓာကိုယ် လှပဖို့ အာဟာရ မျှတမှုရှိတဲ့ အစားအသောက်ပုံစံကို အစပျိုးသင့်ပါတယ်။ အစာအုပ်စု ငါးစုကို မျှတအောင် စားပေးသင့်ပါတယ်။ ခန္ဓာကိုယ်ထဲ ထည့်လိုက်တဲ့အစားအသောက်က အပြင် အသားအရေကို ထင်ဟပ်ပါတယ်။
၃။ အလှအပ ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ပါ
အလှအပ ရည်ရွယ်ချက် နောက်တစ်ခုကတော့ သင့် Makeup Product တွေကို သန့်ရှင်းရေးလုပ်တာပါ။ မသုံးဖြစ်ဘဲ ဒီအတိုင်းထားတဲ့ ဖောင်ဒေးရှင်းတွေ၊ နှုတ်ခမ်းနီတွေ၊ မျက်တောင်ကော့ဆေးတွေကို လွှင့်ပစ်ကာ အသစ်ဝယ်သင့်ပါတယ်။
၄။ သင့်ပုံစံကို Update လုပ်ပါ
နောက်ထပ်ထားသင့်တဲ့ ရည်မှန်းချက် တစ်ခုကတော့ သင့်ပုံစံကို ပြောင်းလဲဖို့ပါ။ ဒီနှုတ်ခမ်းနီ အရောင်ကိုပဲ အမြဲ ဆိုးဖြစ်နေလား၊ ဒီဆံပင်ပုံစံကိုပဲ သင်ထားလေ့ရှိလား စသဖြင့် သင်အမြဲလုပ်ဖူးခဲ့တဲ့အရာကနေတဆင့် မလုပ်ဖူးတဲ့ ပုံစံတွေ ပြောင်းလဲသင့်ပါတယ်။
၅။ အသားအရေ အာဟာရပြည့်ဖို့
အရည်အသွေးကောင်းတဲ့ Moisturizer ဝယ်တာ၊ မျက်လုံးအသားအရေအတွက် Eye cream ဝယ်တာတွေက ဈေးကြီးပေမယ့် ထားသင့်တဲ့ ရည်မှန်းချက် တစ်ခုပါ။
၆။ သင့်ကိုယ်သင် ပြုစုပါ
မျက်နှာကို Skincare လုပ်တာ၊ နှိပ်နယ်တာ၊ Body Scrub လုပ်တာ စတာတွေကို တစ်ပတ်တစ်ခါ လုပ်ဖို့ ရည်မှန်းချက် ထားသင့်ပါတယ်။
၇။ ရေမွှေးအသစ်ဝယ်ဖို့
ရေမွှေးအနံ့ကို ပြောင်းလဲတာကလည်း မိန်းကလေးတွေ ထားသင့်တဲ့ ရည်မှန်းချက် တစ်ခုပါ။ ရေမွှေးနံ့ အသစ်က သင့်ကို အမြင်နောက်တစ်မျိုး ပြောင်းလဲစေပြီး ခံစားမှု အသစ်ပေးနိုင်ပါတယ်။
၈။ အပြုံးလေး လှဖို့
အပြုံးလှဖို့ သွားကို သွားဆေးခန်းမှာ သန့်ရှင်းတာ၊ အရောင်တင်တာ၊ Floss လုပ်တာတွေကို ပုံမှန်လုပ်သင့်ပါတယ်။
၉။ အတွင်းစိတ် အလှ
အပြင်ပုံပန်းသဏ္ဍာန်လှဖို့ ရည်မှန်းချက် ထားသင့်သလို အတွင်းစိတ်လှဖို့လည်း ကြိုးစားသင့်ပါတယ်။ ကြင်နာ စာနာတတ်ခြင်း၊ တစ်စုံတစ်ယောက်ကို ပြုံးပြခြင်း၊ မိတ်ဆွေဟောင်းတွေကို ပြန်လည် ဆက်သွယ်ခြင်း စတာတွေကို အတွင်းစိတ်လှဖို့ ပြုလုပ်သင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar