ဆံပင်ပါးရင် အတိပဲညှပ်ရမယ်ဆိုတဲ့အတွေးတွေကို ဖျောက်ပစ်လိုက်ပါတော့။ ကိုယ်နဲ့လိုက်မယ့် ဆံပင်ပုံစံတွေက အများကြီးရှိပါသေးတယ်။ ဒါကြောင့် ဆံပင်စတိုင်လ်လေးပြောင်းချင်နေတဲ့ ဆံပင်ပါးတဲ့ မိန်းကလေးတွေအတွက် အရမ်းလှတဲ့ ဆံပင်စတိုင်လ် ၉ မျိုးကို မျှဝေပေးလိုက်ပါတယ်။
အခုအရမ်းခေတ်စားနေတဲ့ wolf cut က ဆံပင်ပါးတဲ့သူတွေနဲ့ဆို ပုံမကျပါဘူး။ ဒါပေမယ့် ဆံပင်ရှည်တယ်ဆိုရင်တော့ ဒီလို wolf cut လေး ညှပ်လို့ရပါတယ်။ အိမ်မှာ ဖြောင့်စက်နဲ့ပဲဖြစ်ဖြစ်၊ လိပ်စက်နဲ့ပဲဖြစ်ဖြစ် ပုံသွင်းပေးပါ။ အရမ်းလှပါတယ်။
ဆံပင်ပါးတဲ့သူတွေက ဆံပင်အရှည်ကို ဖြောင့်စင်းနေတာမျိုးနဲ့ဆိုရင် ကပ်ကပ်ကြီးဖြစ်နေပြီး မလှပါဘူး။ ဒါကြောင့် weight ရှိတဲ့ပုံစံလေးဖြစ်နေအောင် အောက်နားလေးကိုပဲ ဒါမျိုးလေးကောက်ပေးပါ။ အရမ်းလိုက်ပြီး ဆံပင်ပါးတာလည်း သိပ်မသိသာတော့ပါဘူး။
ဆံပင်ပါးရင် ဒီလိုအကောက်လေးနဲ့ဆို အုံထူသလိုဖြစ်စေပါတယ်။ အထာကျတဲ့ပုံစံလေးနဲ့ အရမ်းလှပြီး မိမိုက်နေမယ့် ဆံပင်စတိုင်လ်မျိုးပါ။
ဆံပင်ကို ဒီလိုကောက်တာမျိုးကလည်း အုံထူသလိုဖြစ်သွားစေလို့ ဆံပင်ပါးတဲ့သူတွေနဲ့ အရမ်းလိုက်ပါတယ်။ ဆံပင်ကောက်ဖို့စဉ်းစားနေရင် ရွေးချယ်သင့်တဲ့ ဆံပင်စတိုင်လ်လေးပါပဲ။
ဆံပင်တိုတိုကပ်ကပ်လေးညှပ်ချင်ရင်တော့ ဆံပင်ပါးတဲ့သူတွေက ဒီဆံပင်စတိုင်လ်လေးကို ရွေးချယ်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဆံပင်ပါးလို့ မလိုက်ဘူးမထင်ပါနဲ့။ ဆူးလိပ်လေးတွေနဲ့သာ ပုံသွင်းပါ။
ဆံပင်ပါးတဲ့သူတွေက ဒီဆံပင်စတိုင်လ်လေးနဲ့ဆိုလည်း အရမ်းချစ်ဖို့ကောင်းပြီး လှပါတယ်။ ကိုယ်တိုင်ပုံသွင်းနိုင်ရင် ဒီလိုပုံလေးရကိုရပါတယ်။
ဆံပင်ပါးတဲ့သူတွေက ဒီလိုကောက်တာလေးတွေ၊ digital perm လေးတွေနဲ့ အရမ်းလိုက်ပါတယ်။ အုပ်အုပ်လေးနဲ့ ဆံပင်ထူသလို ဖြစ်သွားစေပါတယ်။
ဆံပင်ပါးပြီး ဖြောင့်စင်းနေရင် ဒီလိုပုံစံလေးညှပ်ကြည့်ပါ။ အရမ်းလှပြီး ချစ်ဖို့ကောင်းပါတယ်။
ဆံပင်တိုတိုလေးညှပ်မယ်ဆိုရင် ဆံပင်ပါးပြီးဖြောင့်ဆင်းနေတဲ့သူတွေက ဒီဆံပင်စတိုင်လ်လေးကို ရွေးချယ်သင့်ပါတယ်။ အရမ်းလှပြီး မိုက်နေမယ့်ပုံစံလေးပါ။
Photo source:www.pinterest.com