အားလုံးပဲ မင်္ဂလာပါ။ ငယ်ငယ်လေးတည်းက ပေါင်းလာတဲ့ သူငယ်ချင်းကို ကိုယ့်ဘက်က တစ်ဆင့်တိုးချင်ပေမယ့် သူငယ်ချင်းစည်းလေး ပျက်သွားမှာ စိုးရိမ်တာကြောင့် ရှေ့မတိုးရဲသူတွေရှိလား။ ဒါမှမဟုတ် ကိုယ်ချစ်ရသူက ကိုယ့်ကို Friend Zone ထဲမှာပဲ ချောင်ပိတ်ထားတာကြောင့် စိတ်ညစ်နေရသူတွေရှိလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ကိုယ်သဘောကျတဲ့သူတစ်ယောက် ကိုယ့်ကို သဘောကျလာစေဖို့ ကြိုးစားနိုင်တဲ့ အကောင်းဆုံးကာလက သူနဲ့ ရင်းနှီးခွင့်ရတဲ့ သူငယ်ချင်း ဘဝပါပဲ။ သူ့ဘက်က သဘောကျလာစေဖို့ နည်းလမ်းတွေကိုတော့ သိထားဖို့လိုပါတယ်။ ဘယ်လိုနည််းလမ်းတွေလဲဆိုတော့-

၁။ ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်

လူတိုင်း အလှကြိုက်ပါတယ်။ သင့်သူငယ်ချင်းက သင့်ဆီကို စိတ်ယိုင်ဖို့အတွက် သင့်ကိုယ်သင် အလှဆုံးဖြစ်အောင်ပြင်ဆင်သင့်ပါတယ်။ သင့်အသားအရေ၊ သင့်စတိုင်၊ သင့်ဆံပင်ပုံစံစတဲ့အရာတွေအကုန်လုံးကို အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပေးပါ။


၂။ ဆက်ဆံရေးပြေပြစ်ရမယ်

သင်က သူ့အချစ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ လူတွေနဲ့ ဘယ်လိုနေရင် အဆင်ပြေမလဲ.. ဘယ်လိုပေါင်းလိုက်ရင် သူကိုယ့်ကို ခင်လာမလဲ.. သူ့စိတ်က ဘယ်လိုမျိုးလဲ.. စတဲ့အရာတွေကိုအထာနပ်ဖို့လိုပါတယ်။

၃။ နားထောင်ကောင်းသူ

သင့်သူငယ်ချင်း(ချစ်ရသူ)က ရင်ဖွင့်တဲ့အချိန်တိုင်း နားထောင်ပေးလိုက်ပါ။ သူလိုအပ်တဲ့ အကြံဉာဏ်တွေကိုလည်း သင့်ဘက်က စဉ်းစားပေးပါ။


၄။ ပြဿနာတွေကို တိုင်ပင်ဆွေးနွေးပါ

သူ့ဘက်က သင့်ကို ပိုရင်းနှီးလာစေဖို့ သင့်ဘက်က စပြီး သင့်မှာရှိတဲ့ပြဿနာတွေကို သူနဲ့ ရင်ဖွင့်ပါ။ သူ့ဘက်ကလည်း အချိန်ကြာလာတဲ့အခါ သူ့ပြဿနာတွေကို သင့်ဆီမှာ တိုင်ပင််လာပါလိမ့်မယ်။

၅။ ကိုယ့်ပုံစံနဲ့ ကိုယ်နေပါ

သူ့ဘက်က ကိုယ့်ကိုချစ်လာစေဖို့ ကိုယ့်ပုံစံကို အတင်းပြောင်းဖို့ မလိုအပ်ပါဘူး။ ကိုယ့်ကိုကိုယ် ချစ်ပြီး ကိုယ့်ပုံစံအတိုင်းပဲ သူ့ကို ချဉ်းကပ်ပါ။

၆။ ဟာသပြောတတ်ပါစေ

သူသဘောကျအောင် ရယ်စရာလေးတွေ ပြောတတ်တာကလည်း သူသင့်ကို စိတ်ဝင်စားလာစေမယ့် လက်နက်တစ်ခုပါ။ ရယ်စရာမပြောတတ်ရင်တော့ အတင်းလုပ်ယူစရာမလိုပါဘူး။


၇။ ပျော်ပျော်နေပါ

သူက ကိုယ့်ကို စိတ်မဝင်စားလို့ ဆိုပြီး သင့်ဘက်က စိတ်ဓာတ်ကျစရာမလိုပါဘူး။ ဘယ်သူမှ စိတ်ညစ်နေတဲ့သူကို သဘောမကျကြပါဘူး။ ဘယ်လောက်ပဲကြေကွဲနေပါစေ သူ့ရှေ့မှာတော့ ပျော်ပျော်ရွှင်ရွှင်နေပေးပါ။

၈။ ကိုယ့်ကိုကိုယ် အရမ်းဖိအားမပေးပါနဲ့

သူ့ဘက်က ကိုယ့်ကို လုံးဝစိတ်မဝင်စားဘူးဆိုရင် သင့်ဘက်က တအား အတည်ကြီး မထားတာကောင်းပါတယ်။ ဒါပေမဲ့ သူငယ်ချင်းမကျ ရည်းစားမကျအမူအရာမျိုး မလုပ်မိဖို့တော့ သတိထားပေးပါနော်။ ကိုယ့်စိတ်ကိုယ်ဆုံးဖြတ်ပြီး သူငယ်ချင်းလိုနေမလား.. ချစ်သူလို နေချင်တာလား.. သေချာ စဉ်းစားပေးပါ။

Photo Source: Pinterest

By MyStyle Myanmar