ယနေ့ခေတ် ဖက်ရှင်ရေစီးကြောင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် တမူထူးခြားပြီး ဆန်းသစ်နေတဲ့ Trend အများစုဟာ ခေတ်ဟောင်းဖက်ရှင်တွေကို အသစ်တစ်ဖန်ပြန်လည်ဆန်းသစ်ထားကြတာ ဖြစ်ပါတယ်။

ဆယ်စုနှစ်တစ်စုစီမှာ Timeless ဖြစ်နေတဲ့ ဖက်ရှင် Trendတွေဟာ ယနေ့ခေတ်မှာတော့ “Old But Gold”အဖြစ် ပြန်လည်ဆန်းသစ်လာကြတာအသေချာပါပဲ။

ခေတ်ဟောင်း Trend အားလုံးထဲမှာမှ Timeless အဖြစ်ဆုံးနဲ့ ဖက်ရှင်အကျဆုံး ဆယ်စုနှစ် Trend တစ်ခုကို ပြပါဆိုရင်တော့ 80s ဖက်ရှင်တွေပဲဖြစ်ပါတယ်။

ဒါကြောင့် တမူထူးခြားပြီး ဖက်ရှင်ကျတဲ့သူတွေဖြစ်စေဖို့ သိထားသင့်တဲ့ 80s Trends တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Hairstyle

Hairstyle အနေနဲ့ပြောရမယ်ဆိုရင် အတိုထားခြင်းထက် ခပ်ရှည်ရှည်ကိုမှ မြင့်မြင့်စည်းပြီး ဖောင်းကြွအောင်လုပ်တာရယ် အရှည်ကိုမှ Volume အထူနဲ့ အုံကြီးကြီးဖြစ်အောင် ပြင်ဆင်တာတွေက ပိုပြီးရေပန်းစားခဲ့ပါတယ်။

ဆံပင်ကို အလယ်အလတ် အနေအထားကနေ အရှည်အတွင်းမှာ ခပ်ခွေခွေဆံသားဖြစ်အောင် ပုံသွင်းလေ့ရှိကြပါတယ်။ ဒီ Hairstyle ဟာ ကမ္ဘာကျော်အနုပညာရှင်တွေ ခုထက်ထိ လက်ကိုင်ထားကြတဲ့ စတိုင်တစ်ခုပဲဖြစ်ပါတယ်။

(၂) Sports Wear

အမျိုးသားတွေသာမက အမျိုးသမီးဖက်ရှင်တွေမှာပါ Jeans Pant တွေ Style Pant တွေအစား ပေါ့ပါးပြီး စတိုင်ကျလို့ အစားထိုး နေရာယူလာကြတာကတော့ Sweatpant နဲ့ Jogging Pant တွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် အားကစားဖက်ရှင်ဟာ လူငယ်ဆန်စေတဲ့ ဖက်ရှင်အနေနဲ့ တစ်ခေတ်ထလာတယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် ယနေ့ခေတ်မှ ပေါ်လာတာလားဆိုရင် မဟုတ်ပါဘူး။

အားကစားဖက်ရှင်တွေဟာ ပေါ့ပါးပြီးအထာကျကျ မိမိုက်နေစေတဲ့အတွက် 80s Trend ကတည်းက နေရာယူလာတာဖြစ်ပါတယ်။ Gym မသွားဖြစ်ရင်တောင် ခုပဲ Jogging Pant ရယ် Sneaker ရယ်နဲ့ ရှိုးထုတ်လိုက်တော့နော်။

(၃) ဂျင်းကာလာအဖျော့များ

Denim ရဲ့ ကာလာစိုစိုဂျင်းတွေထက် ယခုလက်ရှိချိန်ထိ ခေတ်စားနေတာကတော့ အရောင်ချွတ်ထားသလို ခပ်ဖျော့ဖျော့ဂျင်းတွေပဲဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့ အပြဲအခြစ်တွေပါတဲ့ ဂျင်းဘောင်းဘီစတိုင်တွေပဲဖြစ်ပါတယ်။ ပြဲရာခြစ်ရာနဲ့ ဂျင်းဘောင်းဘီတွေက ယခုချိန်မှ လူငယ်တွေကြား ခေတ်စားလာတာမဟုတ်တာ အသေချာပါပဲ။

(၄) အဆင်စုံနှိပ်ထားတဲ့ Shirt များ

ခပ်ပွပွနဲ့ ဟာဝိုင်အီ ရှပ်လိုမျိုး ရှပ်အကျီလက်တိုတွေဟာ 80s ကထဲက ခေတ်စားလာခဲ့တာဖြစ်ပါတယ်။ ဝတ်ရတာ သက်တောင့်သက်သာရှိစေတဲ့အပြင် လူငယ်ဆန်ဆန်မိမိုက်နေစေတာမို့ ဝယ်ထားဖို့ တွေဝေမနေပါနဲ့တော့။