ခါးနာနေတဲ့သူတွေအတွက် အိမ်မှာအလွယ်တကူလုပ်လို့ရအောင် ခါးနာတာသက်သာစေမယ့် Yoga Stretches 8 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ နေ့တိုင်းသာ အချိန်နည်းနည်းပေးပြီးလုပ်သွားရင် ခါးနာတာ သက်သာလာမှာပါ။

Child’s Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း နေပေးရမှာပါ။ တင်ပါးနဲ့ဖနောင့်နဲ့ ထိနေရပါမယ်။ နဖူးက ကြမ်းပြင်နဲ့ထိနေရပါမယ်။ အဲ့အတိုင်း ၁ မိနစ် အနည်းဆုံးနေပေးပါ။ အညောင်းအညာပြေပြီး ခါးနာတာ သက်သာစေပါတယ်။

Cat Cow Pose

ပုံမှာလုပ်ပြထားတဲ့ Cat Cow Pose အနေအထား 2 မျိုးအတိုင်းလုပ်ပြီးမှ 1 ကြိမ်လို့သတ်မှတ်ရပါမယ်။ စုစုပေါင်း 10 ကြိမ်လုပ်ပေးရင် ရပါပြီ။

Downward Dog

 

ပုံမှာလုပ်ပြထားတဲ့အတိုင်းလုပ်တဲ့အခါမှာ ခြေထောက်၊ လက်၊ ခါး အားလုံးကို ဖြောင့်တန်းနေအောင် ဆန့်ထားရပါမယ်။ အဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာ အသက်ကို ရှူသွင်းရှူထုတ် ဖြေးဖြေးချင်းစီ လုပ်ပေးပါ။ စက္ကန့် ၃၀ မှ ၁ မိနစ်အထိ ကိုယ်အဆင်ပြေသလောက် နေနိုင်ပါတယ်။

Ragdoll

ဒီ Yoga Stretch လုပ်ဖို့က နည်းနည်းခက်ပေမယ့် ကိုယ်လုပ်နိုင်သလောက်ကို အရှေ့ကိုကုန်းပြီး ပုံထဲမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးပါ။ 5 ကြိမ် အသက်ကို ရှူသွင်းရှူထုတ်လုပ်ပြီးရင် ပုံမှန်အတိုင်းပြန်နေပါ။ ပြီးရင် ပြန်လုပ်ပါ။ 3 ကြိမ်လောက်လုပ်ပေးရင် ရပါပြီ။

Modified Side Plank

ပုံမှာလုပ်ပြထားတဲ့အတိုင်း ကြမ်းပြင်နဲ့ထိမယ့် ခြေထောက်တစ်ဖက်ကိုကွေး၊ လက်တစ်ဖက်ကိုကွေးပြီး ထောက်ထားပါ။ နောက်ခြေထောက်တစ်ဖက်ကိုက ဆန့်ထားပြီး နောက်လက်တစ်ဖက်ကိုက အပေါ်မြှောက်ထားပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 5 ကြိမ်၊ 10 ကြိမ် လုပ်ပေးရပါမယ်။

Locust

လက်နဲ့ခြေထောက်ကို ဆန့်ထုတ်ပြီး ပုံထဲကအတိုင်း မြှောက်ထားရမှာပါ။ ခါးနာတာသက်သာစေတဲ့အပြင် ညောင်းညာကိုက်ခဲတာတွေလည်း သက်သာစေတဲ့ Yoga Stretch ဖြစ်ပါတယ်။ အဲ့အတိုင်းနေပြီး အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်းရှူထုတ် 5 ကြိမ်လုပ်ပါ။ ပြီးရင် ပုံမှန်အတိုင်း ပြန်နေပါ။ ပြီးရင် ထပ်လုပ်ပါ။ 3 ကြိမ်လုပ်ပေးပါ။

Windshield Wiper Twist

ပထမပုံထဲကအတိုင်းအရင်နေပါ။ ပြီးရင် ဒုတိယပုံထဲကအတိုင်း ပြောင်းနေပါ။ အဲ့အတိုင်း ဘယ်လှည့်လိုက်၊ အရှေ့ပြန်လှည့်လိုက်၊ ညာလှည့်လိုက် အရှေ့ပြန်လှည့်လိုက်နဲ့ 1 မိနစ်လုပ်ပေးရင် ရပါပြီ။

Knees to Chest

ပုံမှာလုပ်ပြထားတဲ့အတိုင်းနေပြီး အသက်ကို ဖြေးဖြေးချင်းစီ ရှူသွင်းရှူထုတ် လုပ်ပေးပါ။ အဲ့အတိုင်း 1 မိနစ်လောက် နေပေးရပါမယ်။