ရာသီလာချိန် မမှန်တာမျိုးက သိပ်ပြီး စိုးရိမ်စရာတော့မရှိပါဘူး။ ဒါပေမယ့် ပုံမှန်မဟုတ်ပဲ ခဏခဏဖြစ်နေတာမျိုး၊ ရာသီလုံးဝမလာတဲ့လတွေပါ ရှိလာတာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။

ဒါ့အပြင် ပုံမှန်ရာသီလာချင်တယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေစားပြီး ကိုယ်လက်လှုပ်ရှားမှုကို အာရုံစိုက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ နေထိုင်မှုပုံစံကို ပြောင်းလဲတာမျိုးတွေ လုပ်သင့်ပါတယ်။

ဒီ Yoga ကျင့်စဉ်တွေကတော့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပြီး မျိုးပွားအင်္ဂါများကိုလည်း သွေးလည်ပတ်မှုကို ပိုကောင်းလာအောင်၊ ဟော်မုန်းမညီမျှမှုကို ထိန်းညှိပေးနိုင်အောင်၊ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်အောင် ကူညီပေးပါတယ်။

ဒါ့အပြင် ရာသီပုံမှန်ဖြစ်အောင်ကူညီပေးပြီး ကိုက်ခဲခြင်း၊ စိတ်ခံစားချက်မတည်ငြိမ်ခြင်းတို့ကိုလည်း လျော့ကျစေပါတယ်။

1. Titliasana (Butterfly pose)

Butterfly pose က ပေါင်အတွင်းပိုင်း၊ တင်ပါးနဲ့ ပေါင်ခြံတွေကို ဖြေးဖြေးချင်းစီ ဆန့်ထုတ်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး မျိုးပွားအင်္ဂါများကို လှုံ့ဆော်ပေးပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း ကျောကိုမတ်မတ်ထားပြီးထိုင်ပါ။

ဒူးကိုကွေးပြီး ခြေဖဝါးတွေကို တင်ပါးဆုံရိုးနဲ့ နီးကပ်အောင်စုစည်းပါ။ ခြေထောက်ကို လက်နဲ့ကိုင်ထားပါ။ ပြီးရင် အသက်ကိုခပ်ပြင်းပြင်းရှူသွင်းလိုက် ရှူထုတ်လိုက် လုပ်ပေးပါ။ 1 မိနစ်မှ 2 မိနစ်အထိ လုပ်ပေးပါ။

2. Goumukh asana (Cow face pose)

Cow face pose က တင်ပါး၊ ပေါင်နဲ့ ရင်ဘတ်တို့ကို ဆန့်ထုတ်ပေးပြီး သွေးလည်ပတ်မှု ကောင်းမွန်စေတဲ့အတွက် ရာသီပုံမှန်လာဖို့လည်း အထောက်အကူပြုပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်းလုပ်ပြီး အသက်ရှူသွင်းရှူထုတ်ကို ခပ်ပြင်းပြင်းလေးလုပ်ပေးပါ။

1 မိနစ်ပြည့်အောင်လုပ်ပြီးရင် ခြေထောက်နဲ့လက်ကို ဘယ်ညာပုံစံပြောင်းပြီး အဲ့အတိုင်း 1 မိနစ် ထပ်လုပ်ပေးပါ။

3. Setubandhasana (Bridge pose)

Bridge pose က နောက်ကျောကြွက်သားများကို သန်မာစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ ဝမ်းဗိုက်အင်္ဂါများကို လှုံ့ဆော်ပေးပြီး ဟော်မုန်းကိုလည်း Balance ညီစေဖို့ ကူညီပေးပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း 1 မိနစ်နေပေးပြီး အသက်ရှူသွင်းရှူထုတ်ကို ပုံမှန်လုပ်ပေးနေရင် ရပါပြီ။

4. Garudasana (Eagle pose)

Eagle pose က တင်ပါး၊ ပေါင်၊ ပခုံးနဲ့အပေါ်ပိုင်းကို ဆန့်ထားစဉ်မှာ ဟန်ချက်ညီစေပြီး အာရုံစူးစိုက်မှုကို မြှင့်တင်ပေးပါတယ်။ သွေးလည်ပတ်မှုကောင်းမွန်စေပြီး Relax ဖြစ်စေပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် 30 မှ 1 မိနစ်အထိ ကိုယ်အဆင်ပြေသလောက် နေပေးရုံပါပဲ။

5. Malasana (Squat pose)

Squat pose ကတော့ တင်ပါးနဲ့ အောက်ပိုင်းကို ဆန့်ထုတ်ပေးပြီး ညောင်းညာကိုက်ခဲမှုတွေကို ပြေလျော့စေပါတယ်။ တင်ပါးဆုံတွင်း သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးတဲ့အတွက် ရာသီလည်းပုံမှန်လာစေပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း 1 မိနစ်၊ 2 မိနစ်လောက် နေပေးရင် ရပါပြီ။

6. Viparita karani (Legs up the wall pose)

ဒီ Yoga ကျင့်စဉ်ကတော့ စိတ်ဖိစီးမှုကိုလျှော့ချပေးပြီး တင်ပါးဆုံတွင်း သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုများရင်လည်း ရာသီပုံမှန်မဖြစ်တာမျိုးက ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ပုံမှာလုပ်ပြထားတဲ့အတိုင်း 5 မိနစ်ကနေ 10 မိနစ်အထိ နေပေးပါ။ အဲ့လိုနေတဲ့အချိန်မှာ အသက်ရှူတာကိုပဲ Focus ထားပြီး လုပ်နေပေးပါ။

7. Vakrasana (Seated twisting pose)

Seated twisting pose က ဝမ်းဗိုက်အင်္ဂါများကို Massage လုပ်ပေးသလိုဖြစ်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေသလို ကျောရိုးပျော့ပြောင်းမှုကို မြှင့်တင်ပေးပြီး အလုံးစုံသောကျန်းမာရေးနဲ့ ဟော်မုန်းကို Balance ညီအောင် ကူညီပေးပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် 30 မှ 1 မိနစ်အထိ နေပေးနိုင်ပါတယ်။ ဘယ်ညာတစ်လှည့်စီ လုပ်ပေးပါ။

8. Supta baddha konasana (Reclining butterfly pose)

Reclining butterfly pose က စိတ်နဲ့ ကိုယ်ကို ပြေလျော့စေပြီး ဝမ်းဗိုက်အင်္ဂါတွေနဲ့ ဟော်မုန်းကို Balance ညီအောင် ကူညီပေးပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း 5 မိနစ်၊ 10 မိနစ်လောက်နေပေးပြီး အသက်ရှူသွင်းရှူထုတ် လုပ်နေတဲ့ဆီကိုပဲ Focus ထားပေးပါ။