တင်ထွက်ချင်တဲ့သူတွေနဲ့ တင်မရှိတဲ့ပျိုမေတို့အတွက် တင်ထွက်လာမယ့်အပြင် တင်ပါးကျစ်လစ်ပြီး ပိုလှလာစေမယ့် ယောဂကျင့်စဉ် ၈ မျိုးကို မျှဝေပေးလိုက်ပါတယ်။ နေ့တိုင်းဖြစ်ဖြစ်၊ တစ်ပတ် ၅ ရက်ဖြစ်ဖြစ် ပုံမှန်လုပ်ပေးသွားမယ်ဆိုရင်တော့ ၂ လ၊ ၃ လ လောက်နဲ့တင် သိသိသာသာပြောင်းလဲလာပါလိမ့်မယ်။

1. Yogi squats

ခြေချောင်းတွေကို အပြင်ဘက်ကိုလှည့်ပြီး ကားထားပါ။ ပထမပုံထဲက အနေအထားနဲ့ထိုင်ပြီး ဒုတိယပုံထဲကလို ပြောင်းလုပ်ပါ။ ၂ မျိုးလုံးလုပ်ပြီးမှ ၁ ကြိမ်ပြည့်တယ်လို့ သတ်မှတ်ပါ။ လုပ်ရမယ့်အကြိမ်အရေအတွက်က ၁၅ ကြိမ်ပါ။

2. Chair pose

မတ်တပ်ရပ်အနေအထားကနေ ပုံမှာပြထားတဲ့အတိုင်း ပြောင်းလုပ်ပေးပါ။ တစ်ဝက်ပဲထိုင်ပါ။ လက်နှစ်ဖက်ကိုလည်း အပေါ်ကိုဆန့်ထုတ်ထားပါ။ လုပ်ရမယ့်အကြိမ်အရေအတွက်က ၁၅ ကြိမ်ပါ။

3. Goddess pose

ပုံမှာပြထားတဲ့အနေအထားအတိုင်း ခြေထောက်နှစ်ဖက်ကိုကားပြီး တစ်ဝက်ထိုင်ပါ။ လက်ဖဝါးနှစ်ဖက်ကိုလည်း အရှေ့မှာစုထားပါ။ အဲ့လိုအနေအထားကနေ ဖြေးဖြေးချင်းစီ မတ်တပ်ရပ်ပါ။ ပြီးရင် ဖြည်းဖြည်းချင်းစီ ပြန်ထိုင်ပါ။ လုပ်ရမယ့်အကြိမ်အရေအတွက်က ၁၅ ကြိမ်ပါ။

4. One-legged bridge

လက်နှစ်ဖက်ကို လက်သီးဆုပ်ပြီး ကျောအောက်ဆန့်ထားပါ။ ခြေထောက်တစ်ဖက်ကို ဒူးထောင်ထားပြီး နောက်တစ်ဖက်ကိုတော့ ပထမပုံထဲကလို ဆန့်ထုတ်ပါ။ ပြီးရင် ဒုတိယပုံထဲကလို အပေါ်တည့်တည့်ကို ဆန့်တန်းလိုက်ပါ။ အဲ့အတိုင်း ဘယ် ၁၅ ကြိမ်၊ ညာ ၁၅ ကြိမ် ပြောင်းလုပ်ပေးပါ။

5. Locust pose

ပုံမှာပြထားတဲ့အနေအထားအတိုင်း ဝမ်းဗိုက်အပေါ်ပိုင်းနဲ့ ဒူးအောက်ပိုင်းကို ကြမ်းပြင်နဲ့မထိအောင် နည်းနည်းမြှောက်ထားရပါမယ်။ အဲ့အနေအထားအတိုင်း ၅ စက္ကန့်နေပြီး ခြေထောက်တွေပြန်ချပါ။ လုပ်ရမယ့်အကြိမ်အရေအတွက်က ၁၅ ကြိမ်ပါ။

6. Warrior III

ဒီယောဂကျင့်စဉ်က လွယ်မလိုလိုနဲ့ ခက်ပါတယ်။ ခါးနဲ့တင်ပါးကလည်း တပြေးထဲဖြစ်နေရပါမယ်။ ခါးကုန်းလို့မရပါဘူး။ လက်နှစ်ဖက်ကို ရှေ့ကိုဆန့်၊ ခြေထောက်တစ်ဖက်ကို နောက်ကို တန်းနေအောင် ဆန့်ထုတ်ရမှာပါ။ အဲ့အတိုင်း ဘယ် ၁၅ ကြိမ်၊ ညာ ၁၅ ကြိမ် ပြောင်းလုပ်ပေးပါ။

7. Side plank

ပထမပုံမှာပြထားတဲ့အနေအထားအတိုင်း စပြီးနေပေးပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို ဒုတိယပုံထဲကလို အပေါ်ကို မြှောက်ပါမယ်။ ပြီးရင် ပြန်စုပါ။ အဲ့အတိုင်း ဘယ် ၁၅ ကြိမ်၊ ညာ ၁၅ ကြိမ် ပြောင်းလုပ်ပေးပါ။

8. Standing big toe pose

ပထမပုံမှာပြထားတဲ့အတိုင်း မတ်မတ်ရပ်ပြီး ခြေထောက်တစ်ဖက် ရှေ့ကိုဆန့်ထုတ်ပါ။ ဆန့်ထုတ်ထားတဲ့ခြေထောက်ရဲ့ ခြေချောင်းထိပ်တွေကို လက်နဲ့ထိရပါမယ်။ ပြီးရင် ဒုတိယပုံထဲကလို ဘေးကိုကားပြီး အပေါ်နည်းနည်းမြှောက်ပါ။ အဲ့အတိုင်း ဘယ် ၁၅ ကြိမ်၊ ညာ ၁၅ ကြိမ် ပြောင်းလုပ်ပေးပါ။

ယောဂကျင့်တဲ့အခါမှာ အမြန်မလုပ်ပဲ အချိန်ပေးပြီး ဖြေးဖြေးချင်းစီလုပ်ပေးပါ။ ယောဂကျင့်စဉ်တစ်မျိုးကို ၁၅ ကြိမ်စီလုပ်ပေးရပါမယ်။ နောက်ပိုင်း ကိုယ်လုပ်နိုင်သွားတဲ့အခါကျရင်တော့ အကြိမ်ရေထပ်တိုးပြီး လုပ်နိုင်ပါတယ်။

Source: www.brightside.me