ဆောင်းရာသီမှာ Vaseline ကိုတော့ ဆောင်ထားသင့်ပါတယ်။ ပုံမှန်အချိန်မှာတောင် Vaseline က အရမ်းအသုံးဝင်တာ၊ ဆောင်းရာသီမှာဆို ပိုတောင်အသုံးဝင်ပါသေးတယ်။ ဒါကြောင့် ဆောင်းရာသီအတွက် Vaseline ရဲ့ ဘက်စုံအသုံးဝင်ပုံ ၈ မျိုးနဲ့ ဘယ်လိုနေရာတွေအတွက် သုံးလို့ရမလဲဆိုတာကိုပါ ပြောပြပေးလိုက်ပါတယ်။

နှုတ်ခမ်းခြောက်တာအတွက်

နှုတ်ခမ်းခြောက်တာအတွက် Vaseline ကို လိမ်းပေးရင် သက်သာတယ်ဆိုတာတော့ လူတိုင်းသိမှာပါ။ ဆောင်းရာသီမှာ နှုတ်ခမ်းသားခြောက်သွေ့တာ၊ ကွဲတာမျိုးတွေမဖြစ်အောင် ညတိုင်းသာလိမ်းအိပ်ပါ။

Matte Lipstick မဖြစ်အောင်

Matte Lipstick တွေကို ဆောင်းရာသီမှာဆိုးရင် နှုတ်ခမ်းက တင်းပြီးခြောက်ကပ်နေတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် Vaseline ကိုအရင်လိမ်းပါ။ ပြီးမှ အပေါ်ကနေ Matte Lipstick ထပ်ဆိုးလိုက်ပါ။ ဒါဆိုရင်တော့ အရမ်းခြောက်ကပ်နေတာမျိုး မဖြစ်တော့ပါဘူး။

နှာခေါင်းပွန်းတာအတွက်

ဆောင်းရာသီမှာ နှာစေးကြတာ များပါတယ်။ နှာစေးရင် နှပ်ညှစ်တာကြောင့် နှာခေါင်းထိပ်လေးတွေ ပွန်းပြီး စပ်တာမျိုး၊ အသားဖတ်လန်တာမျိုးလေးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် ဖြစ်တဲ့နေရာမှာ Vaseline ကို လိမ်းပေးပါ။ ခဏလေးနဲ့သက်သာပြီး ပျောက်သွားပါလိမ့်မယ်။

လက်သည်းနီပုလင်းခြောက်တာအတွက်

ဆောင်းတွင်းမှာ အရမ်းအေးတဲ့အခါ လက်သည်းနီပုလင်း ဘေးပတ်ပတ်လည်မှာ ခြောက်ပြီးကပ်နေတာမျိုးတွေ ဖြစ်နေပါလိမ့်မယ်။ ဒီလိုဖြစ်နေရင်တော့ Vaseline ကို ဂွမ်းတံလေးနဲ့ယူပြီးသာ သုတ်လိုက်ပါ။

ဆံပင်အဖျားကျွတ်စပ်ပြီးနှစ်ခွဖြစ်တာအတွက်

ဆောင်းတွင်းမှာ ဆံပင်တွေက တစ်ချောင်းနဲ့တစ်ချောင်းကပ်ပြီး ကျွတ်စပ်တာမျိုး၊ အဖျားနှစ်ခွဖြစ်တာမျိုးတွေ အရမ်းဖြစ်ပါတယ်။ Vaseline ကို ဆံပင်အဖျားမှာ လိမ်းပေးမယ်ဆိုရင်တော့ ဒီလိုဖြစ်တာတွေ သက်သာသွားပါလိမ့်မယ်။

ခြေထောက်အနံ့ဆိုးအတွက်

ဆောင်းတွင်းမှာ ခြေအိတ်ဝတ်ရင် ခြေဆီနံ့နံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တချို့ဆိုရင် ဆောင်းတွင်းမှာ ဒီတိုင်းနေလည်း ခြေဆီထွက်ပြီး ခြောထောက်အနံ့နံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို ခြေထောက်အနံ့ဆိုးနံနေရင် ညအိပ်ယာဝင်တိုင်း Vaseline ကို ခြေချောင်းကြားတွေနဲ့ ခြေဖနောင့်မှာသာ ပွတ်လိမ်းပေးပါ။ သက်သာသွားပါလိမ့်မယ်။

အသားခြောက်တာအတွက်

အထူးသဖြင့် ဆောင်းတွင်းရောက်ရင် အေးလာတဲ့အခါ တံတောင်ဆစ်နဲ့ ခြေမျက်စိတွေမှာ အသားခြောက်ပြီး ကြမ်းတာမျိုးတွေ ဖြစ်ပါတယ်။ Vaseline ကို တံတောင်ဆစ်နဲ့ ခြေမျက်စိမှာသာ နေ့တိုင်း ပွတ်လိမ်းပေးမယ်ဆိုရင်တော့ ခြောက်သွေ့ကြမ်းတမ်းနေတာတွေ ပျောက်သွားပါလိမ့်မယ်။

ခြေဖနောင့်ကွဲတာအတွက်

ခြေဖနောင့်ကွဲတာက ဆောင်းတွင်းမှာပိုပြီး အဖြစ်များပါတယ်။ ခြေဖနောင့်ကွဲရင်လိမ်းဖို့ ထုတ်ထားတဲ့ Cream တွေကို တကူးတကမဝယ်ချင်ရင် ညတိုင်း Vaseline သာလိမ်းအိပ်ပါ။ သက်သာသွားပါလိမ့်မယ်။