အဖြူရောင်ဆိုတာတော့ ဘာနဲ့တွဲဝတ်ဝတ်လိုက်ဖက်တာပါပဲ။ အဖြူရောင်ဂျင်းဘောင်းဘီအရှည်ဆိုရင် မိန်းကလေးတိုင်းလည်း သဘောကျမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ပျိုမေတို့မှာ အဖြူရောင်ဂျင်းဘောင်းဘီတစ်ထည်ရှိရုံနဲ့ ဘယ်လိုအင်္ကျီတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်မလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ရှပ်အင်္ကျီ

ရှပ်အင်္ကျီဒီဇိုင်းမျိုးစုံ၊ ကာလာမျိုးစုံကို အဖြူရောင်ဂျင်းဘောင်းဘီနဲ့တွဲဝတ်လိုက်ရင် စတိုင်လ်ကျပြီး မိုက်ပါတယ်။

ဆွယ်တာ

ကြိုက်နှစ်သက်ရာဆွယ်တာဒီဇိုင်းလေးတွေကို အဖြူရောင်ဂျင်းဘောင်းဘီလေးနဲ့တွဲဝတ်လိုက်မယ်ဆိုရင်တော့ အရမ်းကိုလှနေမှာ သေချာပါတယ်။

Shoulder off

အတိုမဝတ်ချင်တဲ့သူတွေဆိုရင် Shoulder Off အင်္ကျီလေးတွေကို ဂျင်းဘောင်းဘီအဖြူနဲ့ တွဲဝတ်လိုက်ရုံပဲ။

လက်ပြတ်င်္ကျီ

နောက်ထပ်လက်ပြတ်အင်္ကျီလေးတွေ၊ ကြိုးတစ်လုံးအင်္ကျီလေးတွေကိုလည်း အဖြူရောင်ဂျင်းဘောင်းဘီနဲ့ တွဲဝတ်လို့ရပါသေးတယ်။

မိန်းကလေးဆန်တဲ့အင်္ကျီ

မိန်းကလေးဆန်တဲ့အင်္ကျီ ဘယ်လိုဒီဇိုင်းပဲဖြစ်ဖြစ်၊ ဘယ်လိုကာလာပဲဖြစ်ဖြစ် အဖြူရောင်ဂျင်းဘောင်းဘီနဲ့သာ တွဲဝတ်လိုက်ပါ။ အဝတ်အစားရွေးရတဲ့အချိန်လည်း သက်သာတာပေါ့။

ကုတ်အင်္ကျီ

ကုတ်အင်္ကျီလေးတွေဆိုလည်း အဖြူရောင်ဂျင်းဘောင်းဘီနဲ့ အရမ်းလိုက်ပါတယ်။ လုံးဝကိုသန့်ပြီး စမတ်ကျသွားစေတယ်။

တီရှပ်

အဝတ်အစားအတွက်အချိန်ကုန်မခံချင်ရင်တော့ အဖြူရောင်ဂျင်းဘောင်းဘီကို တီရှပ်နဲ့သာ တွဲဝတ်လိုက်ပါ။

Crop top

လူငယ်လေးတွေဆိုရင် အဖြူရောင်ဂျင်းဘောင်းဘီကို Crop Top လေးနဲ့ တွဲဝတ်နိုင်ပါတယ်။

Photo Source: www.pinterest.com