အားလုံးပဲ မင်္ဂလာပါနော်။ အိမ်မှာနေတာကြာလာလို့ ငြီးငွေ့လာတဲ့သူတွေ ပျင်းလာတဲ့သူတွေရှိလား။ သင်က အိမ်မှာနေရတာ ပျင်းလာပြီဆိုရင်တော့ ဒီအချက်တွေကို ဖြည့်လုပ်ကြည့်ပါနော်။ အိမ်မှာနေရတာက ပျော်ဖို့ကောင်းလာပါလိမ့်မယ်။

၁။ အဝတ်ဗီရိုကို ပြန်ရှင်းပါ


ကိုယ့်အဝတ်တွေ ရှုပ်နေတယ်လို့ယူဆရင် ပြန်ရှင်းပါ။ မဝတ်တော့တဲ့အကျင်္ ီတွေကိုလည်း လိုတဲ့နေရာတွေ ပေးပြီး အမြဲဝတ်နေကျ အကျင်္ ီ၊ အပြင်သွားတဲ့အခါ ဝတ်တဲ့အကျင်္ ီစသဖြင့် Organize လုပ်ပါ။

၂။ ဘာသာစကားအသစ်သင်ယူပါ


အလုပ်တွေများနေလို့ လုပ်ချင်တာတွေ မလုပ်နိုင်ဖြစ်တတ်ပါတယ်။ ဒီအချိန် သင်က အလုပ်အားတယ်ဆိုရင်တော့ ဘာသာစကားအသစ်သင်ယူပါ။ အင်္ဂလိပ်စာ ပြန်လုပ်လို့ရပါတယ်။ တခြား ကိုယ်လေ့လာချင်တာတွေကိုလည်း လေ့လာနိုင်ပါတယ်။

၃။ အနာဂတ်မှာ သွားမယ့်ခရီးတစ်ခုကို ကြိုစီစဉ်ပါ


ကိုယ်သွားချင်တဲ့နေရာတွေအကုန်လုံးကို ချရေးပါ။ ဒီနေရာတွေအတွက် ကြိုစဉ်းစားပြီး ပိုက်ဆံစုပါ။ ကြိုစီစဉ်ပါ။

၄။ ပဟေဠိတွေဖြေပါ


သင်ယူရတာတွေ၊ စာဖတ်တာတွေမလုပ်ချင်ဘူးဆိုရင်တော့ ဦးနှောက်ကို အလုပ်ပေးရတဲ့ ပဟေဠိတွေ ဖြေပေးပါ။ ပဟေဠိတွေဖြေရှင်းရတာက သင့်အတွက် အချိန်ကုန်လို့ ကုန်မှန်းမသိဘဲ နောက်ဆုံး ဖြေရှင်းနိုင်တဲ့အခါ ပျော်ဖို့ကောင်းပါတယ်။

၅။ အကသင်ပါ


Tik Tok ထဲက အကဗီဒီယိုတွေအတိုင်း လိုက်ကကြည့်ပါ။ ဒီလိုလုပ်ပေးတာက သင့်အတွက် လှုပ်ရှားမှုဖြစ်စေသလို ပျော်ဖို့လည်းကောင်းပါတယ်။

၆။ လိုင်းပေါ်က လေ့ကျင့်ခန်းတွေအတိုင်း လိုက်လုပ်ပါ


YouTube ပေါ်က လေ့ကျင့်ခန်းတွေကို လိုက်လုပ်ကြည့်ပါ။ Gym မသွားရတဲ့အချိန်မှာတောင် အိမ်မှာ လေ့ကျင့်ခန်းလုပ်လို့ရပါသေးတယ်။

၇။ တူရိယာတစ်ခုသင်ယူပါ


သင််က ဂစ်တာဝယ်ထားပြီး မလေ့ကျင့်ဖြစ်ဘူးဆိုရင် ဂစ်တာသင်လို့ရပါတယ်။ YouTube ပေါ်မှာလည်း အခမဲ့ကြည့်ရှုနိုင်တဲ့ Video များစွာရှိပါတယ်။

၈။ စိတ်ငြိမ်အောင် လေ့ကျင့်ပါ


အိမ်မှာနေလို့ အနားယူရတယ်ဆိုပြီး စိတ်မဖိစီးဘူးလို့ မထင်လိုက်ပါနဲ့။ သတင်းတွေ၊ စိတ်ပူစရာတွေကြောင့် စိတ်ဖိစီးမှုများစွာဖြစ်နိုင်ပါတယ်။ ဒါကြောင့် တရားထိုင်ပါ။ ယောဂလေ့ကျင့်ခန်းလညး် ပြုလုပ်နိုင်ပါတယ်။

သင်ကော အိမ်မှာ နေတဲ့အချိန်အတွင်း ဘာတွေလုပ်ဖြစ်လဲ ပြောခဲ့ပါဦး။

Source: Herbeauty.co

By MyStyle Myanmar