တချို့ကောင်မလေးတွေကြည့်လိုက်ရင် ခေါင်းကနေ ခြေဖျားထိ ကျော့ရှင်းပြီးလှနေတာမျိုး မြင်ဖူးမှာပါ။ ဒီလိုမျိုး ခေါင်းကနေ ခြေဖျားအထိ ယုံကြည်မှုရှိရှိလှနေဖို့နဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အလှမျိုးပိုင်ဆိုင်နိုင်ဖို့ဆို အခုပြောပြမယ့်အချက်တွေကို သေချာဂရုစိုက်ဖို့ လိုပါတယ်။

1. Essential Oils လိမ်းပါ

အသားအရေက လိုအပ်တဲ့ အာဟာရတွေကို ရစေတဲ့ Essential Oils နည်းနည်းကို မျက်နှာနဲ့ ခန္ဓာကိုယ်ကို ပုံမှန်လိမ်းပေးရင် အသားအရေကို နူးညံ့ချောမွေ့စေပြီး တောက်ပစေပါတယ်။

2. ပုံမှန် Exfoliate လုပ်ပါ

ဆဲလ်သေတွေကို ဖယ်ရှားပစ်ဖို့ ခြေလက်နဲ့ ခန္ဓာကိုယ်အတွက် Body Scrub နဲ့ မျက်နှာအတွက် နူးညံ့တဲ့ Exfoliant ကိုသုံးပြီး တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပုံမှန် Exfoliate လုပ်ပေးပါ။

3. Radiance ကိုစားပါ


သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အခွံမာသီးများနဲ့ အစေ့အဆန်များ ၊ Omega-3 fatty acids ကြွယ်ဝတဲ့ ငါးနဲ့ ရေဓာတ်ဖြည့်ပေးတဲ့ သခွားသီး ၊ ဖရဲသီး စတာတွေကို များများစားပေးပါ။

4.လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ချိန်မှာ ချွေးထွက်တာက ချွေးပေါက်တွေကို ရှင်းစေပြီး ဝက်ခြံဖြစ်နိုင်ခြေကို လျှော့ချပေးတာကြောင့် သင့်အသားအရေကို ကျန်းမာတောက်ပစေပါတယ်။ လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ ယောဂသင်တန်း ဒါမှမဟုတ် အကသင်တန်းပဲဖြစ်ဖြစ် တခုခုကို လုပ်ရိုးလုပ်စဉ် ပုံမှန်အစိတ်အပိုင်း တစ်ခုဖြစ်အောင် လုပ်ပါ။

5. နေရောင်ခြည်ကို ကာကွယ်ပါ

နေရောင်ခြည်က သင့်အသားအရေကို ပျက်စီးစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေတာမလို့ တိမ်ထူတဲ့နေ့တွေမှာတောင် သင့်အရေပြားရဲ့ ထိတွေ့တဲ့နေရာအားလုံးမှာ SPF အနည်းဆုံး 30 ရှိတဲ့
Sunscreen ကို အမြဲလိမ်းပါ။

6. Antioxidant-Rich Serums သုံးပေးပါ

ဗီတာမင် C၊ ဗီတာမင် E နဲ့ ferulic acid ကဲ့သို့သော ပါဝင်ပစ္စည်းတွေပါတဲ့ Antioxidant-Rich Serums တွေက အိုမင်းရင့်ရော်ခြင်းလက္ခဏာများကို လျှော့ချပေးပြီး အသားအရေကို တောက်ပစေပါတယ်။ မနက်ပိုင်းမှာ Sunscreen မလိမ်းခင် Antioxidant-Rich Serums ကိုလိမ်းပေးတာက အသားအရေကို နေရောင်နဲ့ လေထုညစ်ညမ်းမှုကို ခုခံကာကွယ်ပေးနိုင်ပါတယ်။ ပုံမှန်လိမ်းပေးရင် နုပျိုတောက်ပတဲ့ အသားအရေကို ရရှိစေနိုင်ပါတယ်။

7.Shimmer Lotion ထည့်လိမ်းပါ

အသားအရေကို ချက်ခြင်း တောက်ပလာဖို့အတွက်ဆို Lotion လိမ်းတဲ့အခါ Shimmer Lotion ကို ထည့်ပြီး အထူးသဖြင့် ပခုံး၊ ညှပ်ရိုးနဲ့ ခြေထောက်တို့လိုနေရာတွေကို အဓိကထား လိမ်းကြည့်ပါ။ ပုံမှန် Moisturizer နဲ့ Shimmer Body Lotion ရောလိမ်းရင်လည်း ရပါတယ်။

8. Hyaluronic Acid နဲ့ ရေဓာတ်ဖြည့်ပါ

အရေပြားရေဓာတ်ကို ထိန်းသိမ်းပေးနိုင်ဖို့ Hyaluronic Acid ပါတဲ့ Serum or Moisturizerကို Daily Skincare Routine မှာ မဖြစ်မနေ ထည့်သုံးပေးပါ။ Hyaluronic Acid က ရေဓာတ်ကို အကြာကြီးထိန်းပေးနိုင်ပြီး အသားအရေကို နုပျိုစေပါတယ်။