အမျိုးသမီးတွေဟာ သူတို့ ခန္ဓာကိုယ်ပေါ်က တစ်နေရာရာကို အမြဲ သဘောမကျဖြစ်လေ့ရှိပါတယ်။ ဒီထဲ အပါများတဲ့ အစိတ်အပိုင်းကတော့ ခါးဘေးအဆီ ဖြစ်မှာပါ။ ခါးအဆီရှိတဲ့အခါ ဘောင်းဘီဝတ်လိုက်တဲ့အချိန် ကောက်ကြောင်း မပေါ်တော့တာ ဖြစ်နိုင်ပါတယ်။ ဒီလိုတွေ ဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပါ ကျဆင်းနိုင်ပါတယ်။ ဒါပေမဲ့ ဒါအတွက် စိတ်ပူစရာ မလိုတော့ပါဘူး။

ဘာလို့လဲဆိုတော့ ခါးဘေးအဆီကို ဖုံးနိုင်မယ့် လှည့်ကွက်တွေ ရှိလို့ပါ။ ဒီတော့ ကြည့်လိုက်ရအောင်-

ပုံစံကျတဲ့ အဝတ်အစား

အသားအရမ်းကပ်တဲ့ အဝတ်အစားမျိုးကို ရှောင်သင့်ပါတယ်။ ဒီအစား သူ့ အချိုးအစား အလိုက် အစီအစဉ်တကျရှိတဲ့ အင်္ကျီအသားမျိုးကို ရွေးသင့်ပါတယ်။

ရင်ဘတ်နေရာ ဦးစားပေးတာ

Photo Source: Pinterest

ခါးနေရာကို သတိထားမိတာမျိုး မဖြစ်အောင် ရင်ဘတ်နေရာ အာရုံစိုက်မိအောင် ဝတ်သင့်ပါတယ်။ ရင်ဘတ်အကျပ်ဝတ်တာ၊ လည်ပင်း အဟိုက်ဝတ်တာတွေက ခါးအဆီကို မသိသာစေတော့ပါဘူး။

အင်္ကျီလတ်ပြတ်လေးတွေ ဝတ်ပါ

ခါးဘေးအဆီပျောက်သွားစေဖို့ အလွှာနဲ့ သွားတဲ့ ဖက်ရှင်ဝတ်ဆင်ပုံကို ဦးစားပေးသင့်ပါတယ်။ အလွှာပုံစံရဖို့ အင်္ကျီလက်ပြတ်က ကူညီပေးနိုင်ပါတယ်။

ခါးမြင့်ဘောင်းဘီ

ခါးအမြင့် High Raised Jeans တွေက သင့်ခါးအဆီကို ဖုံးပေးနိုင်ပါတယ်။ ဒီ Jeans တွေက Trend ဖြစ်နေတာမို့ သင် ဗိုက်အဆီဖုံးချင်လို့ ဝတ်တယ်ဆိုပြီး ဘယ်သူမှ မသိနိုင်ပါဘူး။

ဆွဲဆန့်လို့ ရတဲ့ အသား

အင်္ကျီအသား တောင့်တာထက် ခါးအဆီမမြင်ရဖို့ ဆွဲဆန့်ရ လွယ်ကူပြီး ပေါ့ပါးတဲ့ အင်္ကျီအသားမျိုး ကို ရွေးသင့်ပါတယ်။

အင်္ကျီအရှည်တွေ

သင်က ချက် ပြုတ်ဘောင်းဘီ ဝတ်ချင်ရင် အပေါ်အင်္ကျီကို ရှည်တာမျိုးပဲ ရွေးသင့်ပါတယ်။

ခါးစည်းအင်္ကျီ

ခါးနေရာ အစည်းပါတဲ့ အင်္ကျီတွေက သူ့နေရာနဲ့သူ ပုံစံကျတာမို့ ခါးအဆီကို မမြင်စေတော့ပါဘူး။

Cropped Jacket

အပြင်ထပ်တွေက အလွှာအနေနဲ့ပေါင်းပေးပြီး ခါးအဆီကို ဖုံးကွယ်ပေးဖို့ ကူညီပေးပါတယ်။ အထူးသဖြင့် Cropped Jacket တွေပါ။

Source: Allwomenstalk

by MyStyle Myanmar