သင်က လက်ရှိသင့်ပုံစံကို ရိုးလွန်းတယ်၊ သိပ်မလှဘူးလို့ ထင်နေရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဘယ်လောက်ပဲ ကိုယ့်ပုံစံကို မကြိုက်ပါစေ ကိုယ့်ဖြစ်တည်မှုကို လက်ခံပြီး ဒီထက် ပိုကောင်းအောင် ပဲ လုပ်သင့်ပါတယ်။ တစ်ခါတလေ အပြောင်းအလဲ လုပ်ကြည့်မှ ပိုလှသွားတာကတော့ ငြင်းမရတဲ့ အချက် တစ်ချက်ပါ။

အခုနည်းလမ်းမှာတော့ ဆံပင်နဲ့ Accessories ကို ဦးစားပေး ပြောသွားပါမယ်။ သင်က သင့်ပုံစံကို ပြောင်းလဲချင်ရင် အောက်ပါ နည်းလမ်းတွေအတိုင်း ပြုလုပ်နိုင်ပါတယ်။

သင်က ဆံပင်ရှည်ဆိုရင်

ပုံစံ ပြောင်းချင်တဲ့ သူတစ်ဦးအနေနဲ့ လုပ်ရဲဖို့လည်း လိုပါတယ်။ သင်က ဆံပင်ရှည် ဆိုရင် ဆံပင်တို ညှပ်လိုက်သင့်ပါတယ်။ သင်က မျက်နှာ အများကြီး မကြီးရင် ဆံပင်တိုက အိုင်ဒီယာကောင်း ဖြစ်နိုင်ပါတယ်။ မျက်နှာ အရမ်းဝိုင်းရင်တော့ ဆံပင်တို မညှပ်ခင် ဆံပင်ညှပ်ဆရာနဲ့ အရင်တိုင်ပင် သင့်သလို Research လည်း လုပ်သင့်ပါတယ်။ မဟုတ်ရင် ပုံစံ ပြောင်းခြင်းက မလှတဲ့ ပြောင်းခြင်း ဖြစ်သွားနိုင်ပါတယ်။

ဆံပင်တို မလိုချင်ရင်

သင်က အပေါ်က အချက်လို ဆံပင်တိုနဲ့ မလိုက်နိုင်ဘူးထင်ရင် Layered Hairstyles ကို ညှပ်သင့်ပါတယ်။ Layered Hair က ပျိုမေတိုင်း လိုလိုနဲ့ လိုက်ဖက်ပါတယ်။

လုံးဝ ပြောင်းလဲချင်ရင်

သင်က မျက်နှာ ပုံစံကို ပြောင်းလဲချင်ရင် Bang ညှပ်ကြည့်သင့်ပါတယ်။ ဒါပေမဲ့ ဆံပင်တိုလိုပဲ Bang က မလိုက်တဲ့သူလည်း ရှိပါတယ်။ သင့်အနေနဲ့ Bang မညှပ်ခင် Bang အတု တပ်ကြည့်တာ၊ ဒါမှမဟုတ် သင့်မျက်နှာကျနဲ့ လိုက်ဖက်မလား အရင် စူးစမ်းလေ့လာသင့်ပါတယ်။

Bang မကြိုက်ရင်

Bang မကြိုက်တဲ့ ပျိုမေတို့အနေနဲ့ Curtain Bang ကလည်း အိုင်ဒီယာ ကောင်းပါ။

Trend ဖြစ်တာ လိုချင်ရင် Wolf-cut ကလည်း အိုင်ဒီယာကောင်းပါပဲ။

နောက် ဆံပင် ပြောင်းပြီးရင် သင် ဝတ်တဲ့ Accessories ကို ဖြည့်ရမယ့် အဆင့်ပါ။

ခြေချင်းဝတ်ကြိုးပါးပါးလေးတွေ ဝတ်ကြည့်ပါ

ခြေချင်းဝတ် ပါးပါးလေးတွေက သင့်ခြေလှမ်းတိုင်းကို ယုံကြည်မှု ရှိစေနိုင်ပါတယ်။ ဒါ့အပြင် ခြေချင်းဝတ်က ဘယ်ဖိနပ်ဝတ်ဝတ် လိုက်ဖက်ပြီး ခြေခုံညိုရင်လည်း ခြေချင်းဝတ်နဲ့ လှည့်စားရာ ရောက်ပါတယ်။

လက်ကောက်ကိုလည်း ကြိုးမျှင်မျှင်လေး ဝတ်သင့်ပါတယ်။ ဒီ Accessories တွေက ရိုးရိုးလေးနဲ့ ထင်ရှားတဲ့ ဖက်ရှင် Item တွေပါ။

လက်စွပ်သေးသေးလေးတွေကလည်း သင့်ကို ပိုလှလာစေမယ့် ဖက်ရှင် ပစ္စည်းတွေ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar