ဒေါသထွက်တာပဲဖြစ်ဖြစ်၊ စိတ်ညစ်စရာရှိရင်ပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်ရင် ဖြစ်နေတဲ့အရာတွေက ပိုဆိုးလာစေပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ကို အမြန်ဆုံးပြန်လည်ထိန်းချုပ်နိုင်အောင် 5 မိနစ်အတွင်းမှာ စိတ်တည်ငြိမ်အောင် လုပ်နိုင်မယ့် နည်းလမ်း 8 ခုကို မျှဝေပေးလိုက်ပါတယ်။

Fresh ဖြစ်တဲ့လေရှူပါ

အခန်းတွင်းမှာရှိတဲ့ အပူချိန်နှင့် လေဝင်လေထွက်က anxiety နဲ့ ဒေါသတွေကို ပိုတိုးစေပါတယ်။ ဒါကြောင့် လေကောင်းလေသန့်ရတဲ့နေရာမှာ fresh ဖြစ်တဲ့လေကို 5 မိနစ်လောက် ရှူရှိုက်ပြီး စိတ်ကို လျှော့ချလိုက်ရုံနဲ့ စိတ်တည်ငြိမ်လာစေမှာပါ။

ပီကေဝါးပါ

ပီကေဝါးစားခြင်းက စိုးရိမ်ပူပန်မှုကို လျှော့ချပေးနိုင်ပါတယ်။ ပီကေဝါးသူတွေက ပုံမှန်အားဖြင့် ပီကေမဝါးသူတွေထက် စိတ်ဖိစီးမှုနည်းတယ်လို့ သုတေသနပြုချက်တွေအရ သိရပါတယ်။

သီချင်းနားထောင်ပါ

နားကြပ်တပ်ပြီး ကိုယ်ကြိုက်တဲ့သီချင်းကို နားထောင်လိုက်ပါ။ သီချင်းနားထောင်ခြင်းက ခန္ဓာကိုယ်နဲ့စိတ်ကို အေးချမ်းစေပါတယ်။

ကခုန်ပါ

အကြိုက်ဆုံးသီချင်းကိုရွေးပြီးတော့ ကခုန်လိုက်ပါ။ ကခုန်ခြင်းက စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်မှုတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

ဟာသ Video တွေကြည့်ပါ။

ရယ်မောခြင်းက အကောင်းဆုံးဆေးပါပဲ။ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး စိတ်ခံစားချက်တွေကို မြှင့်တင်ပေးပါတယ်။ ဟာသ Video တွေကြည့်ပြီး စိတ်ကို relax လုပ်လိုက်ရင် စိတ်လည်းတည်ငြိမ်လာမှာပါ။

ချရေးပါ

စိတ်တိုရတဲ့ ဝမ်းနည်းရတဲ့ အကြောင်းအရင်းကို ပြောဖို့ အဆင်မပြေဘူး ပြောရင် ပိုစိတ်တိုရတယ်ဆိုရင် အဲ့အကြောင်းအရင်းတွေကို စာရွက်တစ်ခုမှာ ချရေးလိုက်ပါ။ စိတ်တည်ငြိမ်ပြီး ဒေါသတွေ ခံစားချက်တွေလည်း တည်ငြိမ်လာပါလိမ့်မယ်။

Stress Ball ညှစ်ပါ

ကိုယ့်မှာ stress တွေများတယ်၊ အလွယ်တကူ ဒေါသထွက်တတ်တယ်ဆိုရင် stress ball ညှစ်ပေးပါ။ စိတ်တည်ငြိမ်လာစေပါတယ်။

ရနံ့ကုထုံးကိုစမ်းကြည့်ပါ

ရနံ့ကုထုံးကလည်း stress တွေနဲ့ anxiety တွေကို လျော့ကျစေပြီး mood ပိုကောင်းလာစေတယ်၊ စိတ်တည်ငြိမ်လာစေပါတယ်။ အထူးသဖြင့် cedarwood, chamomile, ginger, lavender, lemon, tea tree essential oil တို့ပဲဖြစ်ပါတယ်။ အဲ့ထဲက essential oil တစ်ခုခုကို အုန်းဆီနဲ့ရောပြီး skin ပေါ်ကို နည်းနည်းတို့လိမ်းပေးရုံပါပဲ။